Tuesday, September 15, 2015

အရူးအတွေး - ၂


ကဲ မြိုးမြိုးမြက်မြက်ကလေး ပွဲတွေ့ပြီးပြီဆိုတော့ကာ ထပ်မံ၍ စဉ်းစားခန်းဝင်လိုက်အုံးမယ် ... ဟိုတစ်နေ့က ဘုရင်အဖြစ် စဉ်းစားခန်းဝင်တာ အနှောင့်အယှက်များတယ် ဒီတော့ ခုတစ်ခါ တစ်မျိုးပြောင်းကြည့်ရတာပေါ့ ......။

ထုံးစံအတိုင်း ပက်လက်နိုင်ငံခြားသားခုံမှာကျောဆန့်ရင်း ထန်းရည်လေးငုံ လိုက်အုံးမှ .....

အမယ်မယ် ...
ဘယ်သူများလည်းမှတ်တယ် ရွာရိုးလျှောက်လို့ မြောက်ကြွကြွနဲ့ ရွာမြောက်ပိုင်းက မင်းဒင်ပါလား ....
ဆိုစမ်း ဘာကိစ္စ .....

သယ် ..... ရာရာစစ ..
ငါလို လူကြီးကိုများ မင်းဒင်လေးဘာလေးနဲ့ ဂါရဝတရားထားရကောင်းမှန်း မသိလေသလား....
ဒီမှာ ဝမ်းဖိုတိ ...
ငါက အရင်မင်းဒင်မဟုတ်တော့ဘူးကွ ဒီရွာရဲ့ လူကြီးကွ လူကြီး မင်းသေချာမှတ်ထား ...
 ဝါးတားတားလုပ်မယ်တော့ မစဉ်းစားနဲ့မောင် ....

ဟားးး ဟားးး ဟားးး မင်းဒင် .. မင်းဒင် ...
မနေ့တစ်နေ့ကမှ လူကြီးဖြစ်တဲ့မင်းက အာဏာတွေ ပါဝါတွေပြလို့ပါလား။
ဒီမယ် ဟျောင် ....
ဒါ ဒီမိုကရေစီခေတ်ကွ ... ဒီမိုကရေစီခေတ် ....
မှတ်ထား မင်းလိုကောင်မျိုးကို ဝမ်းပါဆင့် နဲ့တင်တောက်ချလို့ရတယ်။

ဟင်းးး ဟင်းးး ဟင်းးးးးးး
မင်းက လေ့လာပါ လေ့လာပါဆိုတော့ မိတုတ်ပဲလိုက်ကြည့်နေတယ်၊
 ခေါင်းသုံးပါလို့ပြောတော့ ဂျွန်းထိုးတယ်၊ ထမင်းဘာနဲ့စားမှာလဲမေးတော့ ပါးစပ်နဲ့လာပြောနေတယ်...
ဒီမှာ ပြည်သူ့ဆန္ဒနဲ့ အရွေးခံထားရတာကွ .....
ဒီရွာမှာ ငါ့ကျေးဇူးနဲ့မကင်းတဲ့သူ လက်ညှိုးထိုးမလွဲဘူးဆိုတာ မင်းမေ့နေပြီထင်တယ်......

ဟေ အဟေးး ဟေးးး
ကျွတ်....ကျွတ်...ကျွတ်.... မင်းဘာမှမသိသေးရှာပါလား ....
ဂျာနယ်လေးဘာလေးဖတ်အုံးမောင် .....
နှင်းဆီအငြိမ့်လေးဘာလေးကြည့်ကွ ...
အဲ့ထဲမှာ နေတိုးပြောထားတာ ငါလဲသေချာမမှတ်မိဘူးမောင် ...
ဘာတဲ့......
 ခုတစ်မျိုး တော်ကြာတစ်မျိုးဆိုလားဘာလား ..လား ... လား... လား.....ဂလင် ...လင်...ဂလင်...လင်..လင်..

ကတောက်စ် ......
လာပြန်ပြီဒီ ဖုန်းက ....
အဟီးးးး
အသုံးပြတ်လို့ မျှော်နေတာလို့ပြောမလိုပါ။
ဒီတစ်ခါ အဆီအနှစ်ပါးပါးလေး ပါမယ်ပြောတော့ မျှော်မိတာပေါ့ဗျာ ........
ကဲအတွေးတစ်ခန်းရပ် နားအုံးမယ်ဗျို့ ....

Author; S.Ht
Cartoon Credit; Cartoonist A Ka

Monday, September 14, 2015

အခြေအနေနှင့် အထွေထွေအတွက် အသုံးများသည့် စကားပြောများ (၂)



- ငါ့အကူအညီလိုရင်ပြောပါ။ - If you need my help, please let me know.
- ထွက်ခါနီးရင် ခေါ်လိုက်မယ်။ - I'll call you when I leave.
- နောက်မှ ပြန်လာခဲ့မယ်။ - I'll come back later.
- ပေးလိုက်မယ်။ - I'll pay.
- ယူမယ်။ - I'll take it.
- ငါက မြန်မာတစ်ယောက်ပါ။ - I'm a Myanmar.
- အခန်းသန့်ရှင်းနေတယ်။ - I'm cleaning my room.
- ချမ်းတယ်။ - I'm cold.
- မင်းကိုလာကြိုမယ်။ - I'm coming to pick you up.
- ခွင့်သွားမယ်။ - I'm going to leave.
- ကောင်းပါတယ်။ မင်းကော? - I'm good, and you?
- ပျော်တယ်။ - I'm happy.
- ဆာတယ်။ - I'm hungry.
- အိမ်ထောင်ရှိတယ်။ - I'm married.
- အလုပ်မရှုပ်ဘူး။ - I'm not busy.
- အိမ်ထောင်မရှိဘူး။ - I'm not married.
- အဆင်သင့်မဖြစ်သေးဘူး။ - I'm not ready yet.
- မသေချာဘူး။ - I'm not sure.
- တောင်းပန်ပါတယ်။ ရောင်းကုန်သွားပါပြီ။
- I'm sorry, we're sold out.
- ရေဆာတယ်။ - I'm thirsty.
- အရမ်းအလုပ်များတယ်။ အခု အချိန်မရှိဘူး။
- I'm very busy. I don't have time now.
- မစ်စတာ စမစ်က အမေရိကန်လား?
- Is Mr.Smith an American?
- တက်ဆက်က လှပတဲ့ နေရာလို့ကြားဖူးတယ်။
- I've heard Texas is a beautiful place.
- အရင်က တခါမှ မမြင်ဖူးဘူး။ - I've never seen that before.
- စစ်ကြည့်ပါရစေ။ - Let me check.
- စဉ်းစားကြည့်ပါရစေ။ - Let me think about it.
- သွားကြည့်ရအောင်။ - Let's go have a look.
- အင်္ဂလိပ်စာ လေ့လာရအောင်။ - Let's practice English.
- ကျေးဇူးပြု၍ မစ္စမစ်နဲ့ စကားပြောလို့ရနိုင်မလား?
- May I speak to Mrs. Smith please?
- သူမက ယဉ်တယ်။ - She's pretty.
- တောင်းပန်ပါတယ်။ မင်းကို အနှောင့်အယှက်ဖြစ်စေတယ်။
- Sorry to bother you.
- ရပ်လိုက်! - Stop!
- အခွင့်အရေိးကို ရယူပါ။ - Take a chance.
- အပြင်ဘက်ကိုယူသွားပါ။ - Take it outside.
- ငါ့ကိုပြောပါ။ - Tell me.
- မစ္စကို ကျေးဇူးတင်ပါတယ်။ - Thank you miss.
- ဆာ ကိုကျေးဇူးတင်ပါတယ်။ - Thank you sir.
- အရမ်းကိုကျေးဇူးတင်ပါတယ်။ - Thank you very much.
- အားလုံးအတွက် ကျေးဇူးတင်ပါတယ်။
- Thanks for everything.
- မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။
- Thanks for your help.
- အဲဒါကြည့်ရတာ အရမ်းကောင်းတယ်။
- That looks great.
- အဲဒါ အနံ့ဆိုးတယ်။ - That smells bad.
- အဲဒါ အဆင်ပြေပါတယ်။ - That's alright.
- အဲဒါ အဆင်ပြေပါတယ်။ - That's fine.
- အဲဒါပဲ။ - That's it.
- အဲဒါ မမျှတဘူး။ - That's not fair.
- အဲဒါမမှန်ဘူး။ - That's not right.
- အဲဒါမှန်တယ်။ - That's right.
- အဲဒါ အရမ်းဆိုးတယ်။ - That's too bad.
- ခဏပါ။ - Just a moment.
- သူတို့ အခုပဲ ပြန်လာမယ်။ - They'll be right back.
- သူတို့အတူတူပဲ။ - They're the same.
- သူတို့အရမ်းအလုပ်ရှုပ်နေတယ်။ - They're very busy.
- ဒါ အလုပ်မလုပ်ဘူး။ - This doesn't work.
- ဒါအရမ်းခက်တယ်။ - This is very difficult.
- ဒါအရမ်းအရေးကြီးတယ်။ - This is very important.
- ကြိုးစားကြည့်။ - Try it.
- အရမ်းကောင်းတယ်၊ ကျေးဇူးပဲ။ - Very good, thanks.
- ငါတို့ အရမ်းကြိုက်တယ်။ - We like it very much.
- မင်း ကျေးဇူးပြုပြီး သတင်းယူထားပေးမလား?
- Would you take a message please?
- ဟုတ်ကဲ့၊ တကယ်။ - Yes, really.
- မင်းကချောတယ်။ - You're beautiful.
- မင်းက အရမ်းကောင်းတယ်။ - You're very nice.
- မင်းက အရမ်းထက်မြက်တယ်။ - You're very smart.

Credit: KHT(http://www.khtnetpc.webs.com)

အခြေအနေနှင့် အထွေထွေအတွက် အသုံးများသည့် စကားပြောများ (၁)



- ဘယ်လိုလဲ? - How are you?
- အလုပ်ဘယ်လိုလဲ? - How's work going?
- မြန်မြန်! - Hurry!
- စားပြီးပြီ။ - I ate already.
- ဆာသလား? - Are you hungry?
- အိမ်ထောင်ရှိသလား? - Are you married?
- အဆင်ပြေသလား? - Are you okay?
- အဆင်သင့်ဖြစ်ပြီလား? - Are you ready?
- နေမကောင်းဘူးလား? - Are you sick?
- သေချာသလား? - Are you sure?
- တစ်ယောက်ယောက်ကို စောင့်နေတာလား?
- Are you waiting for someone?
- အသံထွက်မှန်သလား? - Am I pronouncing it correctly?
- အေမီက ဂျွန်ရဲ့ မိန်းကလေးသူငယ်ချင်း။
- Amy is John's girlfriend.
- မင်းရော? - And you?
- တခြားရှိသေးလား? - Anything else?
- ကပွဲရှိသလား? - Are there any concerts?
- အတူတူပဲလား? - Are they the same?
- ကြောက်သလား? - Are you afraid?
- တစ်ခုခုဆိုယားတတ်သလား? - Are you allergic to anything?
- အမေရိကန်လား? - Are you American?
- အလုပ်ရှုပ်သလား? - Are you busy?
- အဆင်ပြေသလား? - Are you comfortable?
- သူတို့ မင်္ဂလာဆောင်သွားမှာလား?
- Are you going to attend their wedding?
- သူ့ကို ကူညီမှာလား? - Are you going to help her?
- လေယာဉ်နဲ့လား၊ ရထားနဲ့လား?- Are you going to take a plane or train?
- ဒီမှာ တစ်ယောက်ထဲလား? - Are you here alone?
- ကားကိုဂရုစိုက်မောင်းပါ? - Be careful driving.
- ဂရုစိုက်ပါ။ - Be carful.
- ကျွန်တော့အတွက် ဘာသာပြန်ပေးနိုင်မလား?
- Can you translate this for me?
- ချီကာဂိုနဲ့ ဘော့စ်တွန် က တော်တော် ကွာခြားတယ်။
- Chicago is very different from Boston.
- မပူပါနဲ့ - Don't worry.
- လူတိုင်းသိတယ်။ - Everyone knows it.
- အကုန်လုံး အဆင်သင့်ဖြစ်နေပြီ။- Everything is ready.
- အကောင်းဆုံးပဲ။ - Excellent.
- တစ်ချိန်က တစ်ချိန် - From time to time.
- ကောင်းသော အကြံဥာဏ် - Good idea.
- သူဒါကို အရမ်းကြိုက်တယ်။ - He likes it very much.
- ကူညီပါ! - Help!
- သူလာတော့မယ်။ - He's coming soon.
- သူမှန်တယ်။ - He's right.
- သူက အရမ်းဒုက္ခပေးတယ်။ - He's very annoying.
-  သူအရမ်းနာမည်ကြီးတယ်။ - He's very famous.
- မကြားရဘူး။ - I can't hear you.
- ဘယ်လိုအသုံးပြုရမလဲ မသိဘူး။
- I don't know how to use it.
- သူ့ကို မကြိုက်ဘူး။ - I don't like him.
- မကြိုက်ဘူး။ - I don't like it.
- ကောင်းကောင်း မပြောတတ်ဘူး။
- I don't speak very well.
- နားမလည်ဘူး။ - I don't understand.
- မလိုချင်ဘူး။ - I don't want it.
- အဲဒါ မလိုချင်ဘူး။ - I don't want that.
- မင်းကို ဒုက္ခမပေးချင်ဘူး။ - I don't want to bother you.
- ကောင်းတယ်လို့ ခံစားရတယ်။ - I feel good.
- ခေါင်းကိုက်တယ်။ - I have a headache.
- မင်းနဲ့ မင်းမိန်းမ ခရီးမှာ ပျော်ရွှင်ပါစေလို့ မျှော်လင့်ပါတယ်။
- I hope you and your wife have a nice trip.
- သိတယ်။ - I know.
- သူမကို ကြိုက်တယ်။ - I like her.
- နာရီပျောက်သွားတယ်။ - I lost my watch.
- အဝတ်လဲချင်တယ်။ - I need to change clothes.
- အိမ်သွားလိုတယ်။ - I need to go home.
- သွားရည်စာ ပဲအလိုရှိတယ်။ - I only want a snack.
- အရသာရှိမယ်လို့ ထင်တယ်။ - I think it tastes good.
- အရမ်းကောင်းတယ်လို့ ထင်တယ်။
- I think it's very good.
- အဝတ်တွေက ဈေးပေါတယ်လို့ ထင်တယ်။
- I thought the clothes were cheaper.
- သူငယ်ချင်းတွေရောက်လာတော့ စားသောက်ဆိုင်က ထွက်တော့မယ်။
- I was about to leave the restaurant when my friends arrived.
- လမ်းလျှောက်သွားချင်တယ်။ - I'd like to go for a walk.

Credit: KHT(http://www.khtnetpc.webs.com)

Sunday, September 13, 2015

အရူးအတွေး


အမည် ~ ~ ဝမ်းဖိုတိ
အသက် ~ ~ သာတိဖစ်သ်
အလုပ် ~ ~ နေ့ရှင်း (တွက်ချေကိုက်မှ လိုက်သည်)
ပညာ ~ ~ လက်ရဲ၊ ဇက်ရဲ၊ အသုံးလုံး (ခ) အဆင့်
နေရပ် ~ ~ ပါရာလေပါး၊ မစ္စတာလီ ခမ်းထွီးရ် .... (လူအထင်ကြီးစေရန်)

ခုထိကျုပ်တွေးနေတာ တစ်ခုက ရည်မှန်းချက် အဲ့ရည်မှန်းချက်ကြီး ခုထိတွေးမရဘူးဗျ။ ကျုပ်ကိုယ်ကျုပ် ဘာလုပ်မယ်ဆိုတာ ရည်မှန်းထားတယ်ရယ်လို့ကိုမရှိပါဘဲ ဟောခုကြည့်လေ အမည်၊ အလုပ်၊ ပညာ၊ နေရပ်တွေ တိတိကျကျ ပေးနိုင်ပြီဗျာ ... လိုအပ်တဲ့ အသုံးအဆောင်လေးတွေကို သေချာသိမ်းထားပြီး ကဏ္ဍအလိုက် သူ့နေရာနဲ့သူ အံဝင်အောင် သုံးတတ်ဖို့တော့လိုတာပေါ့ဗျာ။ ကျုပ်ပညာ နည်းတဲ့အရည်အချင်းလားဗျ။ အဲ့သည်တော့ကာ မည်သို့ပင်ဆိုစေကာမူ အတွေးရွက်လွင့်ဖို့ ကျုပ်တစ်ယောက်အတွက် လုံလောက်တယ်၊ ရေချိုးထမင်းစားပြီးတာနဲ့ ကျုပ် ပက်လက်နိုင်ငံခြားသားခုံပေါ်မှာ ကျောမှီ ထန်းရည်လေးကိုငုံ နည်းနည်းချင်းအရသာခံမျိုချရင်း ...

"အလို .... ဟိုးရှေ့ကဟာ နာဂစ်တိုင်းပြည်ပါလာဟရို့ ..."

အတွေးထဲ ခရီးနှင်တာ အတော်ရောက်သားဟ ... အမယ် လူတွေ စုရုံးနေပါ့လား ... ဟန်လိုက်လေဗျာတို့ နက်ဖန်ကျ အိမ်ရှေ့စံရွေးပွဲဆိုပါလား ... ကဲ အတွေးပဲဟာ ဘုရင်ဖြစ်ပြီဗျာ ....

"မင်းကြီးများ ..."

"ဖျာ့ ...."

"ငါကိုယ်တော်တိုင်းပြည် သာယာစည်ပင်ရဲ့လားကွယ်ရို့ ....."

"မှန်လှပါ ဘုန်းတော်ကြောင့် အိမ်ခြေ ၁၀၀ မှာ ၉၉ အိမ် မရှိတော့ကြောင်းပါ ... "

"ဟဲ့ ... တစ်အိမ်ကြီးများတောင် ရှိသေးတယ်လား ..... အိမ်းးး ရှေ့တော်သွင်းစေဗျား ... ဆုတော်လာဘ်တော်များ ချီးမြှင့်ရမယ် ..."

"မှန်လှပါ အဲ့ဒီအိမ်ဟာ အရှင်မင်းကြီးမြှောက်စားလို့ တောက်ကြွားလာတဲ့ ဘဂျမ်းအိမ်ပါဘုရား ခုလည်း အရှင်မင်းကြီး တာဝန်ပေးထားလို့ ပေးတန်တာပေး ကမ်းတန်တာကမ်းရင်း မြိုးမြိုးမြက်မြက်လေး အရိုးအရင်းကိုက်ရာကနေ အရိုးနင်ပြီး သေရှာပြီဘုရား .... "

"ငါလိုဖုန်းရှင်ကန်ရှင် ဘုရင်မင်းမြတ်ရဲ့ လူယုံကိုမှ သေမင်းက မျက်စိကျရသလားဟဲ့ .. အိမ်းးး အဲ့ဒီသေမင်း ရှေ့တော်သွင်းစေ ... မသွင်းနိုင်ရင် သေဒဏ်ပဲဟေ့ .."

"အရှင်ဘုရား သတိထားတော်မူပါ နဂိုကမှ လူမရှိတာ သေဒဏ်ပေးရင်ဖြင့် လူကျန်တော့မှာ မဟုတ်ကြောင်းပါ ဘုရား .."

"သယ် ငါကိုယ်တော်ကို ဝေဖန်ရဲသကိုးး ထုံးစံမရှိလိုက်လေ ... ကဲ မောင်မင်း အမိန့်ချမယ် နာခံစမ်းဟဲ့ ... သေဒဏ်ဆိုတာ မသိ .. သိ .. သိ .. သိ ...
ဂလင် .. ဂလင် .. ဂလင် .. ဂလင် .. ကတောက်စ် အတွေးတောင် ဖြောင့်ဖြောင့်မတွေးရပါလား .............

"ဟ .. လို .... ဟုတ်ကဲ့ ထုံးစံအတိုင်း သတ်မှတ်နေရာမှာ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပေးထားတဲ့ဟာလေးနဲ့ သရုပ်ပြရမှာပဲမဟုတ်လား .. ဟုတ်ကဲ့ .. စိတ်ချပါ .. ဟုတ်ကဲ့ .... ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ဒီတစ်ခါ ရုပ်ဖျက်ပါ့မယ် ... ဟုတ်ကဲ့ ...."

ကဲဗျာ အလုပ်ကပေါ်လာပြီ မြိုးမြိုးမြက်မြက်ကလေး ဆိုတော့လဲ နောက်မှပဲဆက်တွေးတော့မယ် ....... သီအန့်ဒ် ပေါ့ဗျာ. ..

Author; S.Ht
Cartoon Credit; Cartoonist

စက်ရုပ်



မျက်လုံးနှစ်လုံးက အလိုလိုပွင့်လာတယ်ဆိုရင်ပဲ ကျွန်တော် ကိုယ့်ရင်ခုံသံကို အရင်ဆုံးနားထောင်မိတယ်။ ဒုတ်--ဒုတ်--ဒုတ်--ဒုတ် ဆိုတဲ့အသံကြောင့် အလန့်တကြားအိပ်ရာက ငေါက်ခနဲထထိုင်လိုက်တယ်။

အို -- ငါ့ရင်တွေခုန်နေတုန်းပါလား။

ရင်ခုန်တယ်ဆိုတာ အသက်ရှိလို့။ အသက်ရှိလို့ ရင်ခုန်တာ။ အိုးးးး ရှုတ်ယှက်ကိုခတ်နေရော။ မှန်ကိုကြည့်ပြီးရယ်ပြလိုက်ဖို့ ကြိုးစားတယ်။ ကွေးမလာတဲ့နှုတ်ခမ်းနဲ့ မရွေ့တော့တဲ့မျက်လုံး ..... ရင်ခုန်သလောက် သူတို့ကသေနေလိုက်တာများ ..

သေစမ်းဟာ ...
သေစမ်းဟာ ...
သေစမ်းဟာ ~~~ ဆိုပြီး ခမ်ကြမ်းကြမ်းခံစားပစ်လိုက်တာ ...
အဲ့တော့မှ ဘယ်ကမှန်းမသိတဲ့မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာတာ .. အဲဒီမျက်ရည်တွေဟာ မျက်ရည်အစစ်တွေဟုတ်ရဲ့လားလို့ တွေးမိသွားတယ်။ ပါးပေါ်ကမျက်ရည်တွေကိုစမ်းရင်း အယောင်ယောင်အမှားမှားနဲ့ ကျွန်တော့ဦးခေါင်းကိုပြန်စမ်းပလိုက်တာ

တောက် ~ ~

ဒက် ~ ~ ဒက် ~ ~ ဒက် ~ ~ ဒက် ~ ~ နဲ့

ဇက် ~ ~ ဇက် ~ ~ ဇက် ~ ~ ညိတ်နေလိုက်တာများ

နားရင်းကိုဆယ်ခါပြန်လောက်တီးပစ်ချင်စရာ။ အဲ တီးလို့ကလည်းမဖြစ်။ ဒီခေါင်းဒီလိုတဆတ်ဆတ်ညိတ်တတ်လို့သာ ဒီနေ့အထိ မနက်တိုင်း ကိုယ့်ရင်ခုံသံကိုယ်ပြန်ကြားနေရတာ။

အမလေးးးးးး

ညိတ်တတ်တဲ့ခေါင်း ရွှေခေါင်း

ညိတ်တတ်တဲ့ခေါင်း ရွှေခေါင်းဗျနော် ။ ။ ။

အဟက် ~ ~ အဟက် ~ ~ အဟက် ~ ~ ခေါင်းညိတ်တတ်ရင် ဟိုအခန်းထဲဝင်ပြီး ခေါင်းပေါင်းတောင် ပေါင်းရတတ်တယ်ဆိုပဲ။ အဲ ခေါင်းပေါင်း ပေါင်းရင် ဘယ်တော့ချလို့မရဘူးဗျ ~ ~ ~ ~ ~ ~

စတာပါဗျာ။ တောင်ပြော မြောက်ပြောနဲ့ ပျင်းပြေရယ်စရာပြောကြည့်တာပါ။ ဖိတ်ပါတယ်ဗျ။ အားတဲ့တစ်နေ့လောက် အလည်လာဖို့ ။ ။

အဲ ~ ~ ဒီကိုလာရင် မျက်လုံးတွေ ပါလာစရာမလိုဘူး။ ပါးစပ်တွေကိုပိတ်ထားခဲ့။ ခေါင်းတစ်လုံးပါ အိုတောင်မဆင်းရဲဘူးဗျ။

Author; ThitSarThaKhin

Saturday, September 12, 2015

Technique

TECHNIQUE
နည်းပညာ website များအား အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန် ရည်ရွယ်၍ ဤကဏ္ဍကို ထည့်သွင်းထားခြင်းဖြစ်ပါသည်။

Khan Academy တွင် မိမိကြိုက်နှစ်သက်ရာ နည်းပညာဘာသာရပ်တို့ကို စိတ်တိုင်းကျလေ့လာနိုင်ပါသည်။



NweYoe's blog တွင်လည်း WordPress, Symbian, RC Plane, Multicopter ... စသည်ဖြင့် လေ့လာနိုင်ပါသည်။



Codecademy တွင် Code နှင့်ပတ်သက်သည်များအား လေ့လာနိုင်ပါသည်။



British Council တွင် 1. Learn English, 2. Study, Work, Create and 3. Take An Exam စသည်ဖြင့် ကဏ္ဍများအလိုက် မိမိကြိုက်နှစ်သက်ရာ လေ့လာနိုင်ပါသည်။



အားလုံးသူအပေါ်သို့ ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက်ပါစေ။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေ။