Saturday, August 13, 2016

BUILDING THE BRIDGE (တံတားထိုးခြင်း)



#တံတားထိုးခြင်း
လမ်းမထီးထီး
ခရီးရှည်လျား၊ ခရီသွားလည်း
ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက်
ညနေဘက်တွင်၊ ကျယ်နက်မတ်စောက်
ဒီရေချောင်းသို့ ရောက်သတည်း။

ချောင်းပြင်ကျယ်စေ၊ စိတ်ဝယ်မတွန့်
မရွံ့မကြောက်၊ ဆည်းဆာအောက်ဝယ်
ကူးမြောက် သူ ကျော်၊ ဖြတ်စွမ်း၏။

ဟိုမှာကမ်းဘက်၊ ရောက်ပြီးလျက်မှ
နှစ်ဘက်ကမ်းပါး၊ ချောင်းကိုလွှား၍
တံတားထိုးပြန်လေတော့၏။

ခရီးသွားဖော်၊ တစ်ဦးသော်လျှင်
ထုတ်ဖော်ဤသို့ မေးမြန်း၏။

"အို အဘိုးအို
နေလည်းညိုပြီ၊
ချောင်းကိုလွန်မြောက်၊ သည်ကမ်းရောက်လျက်
နောက်သို့တစ်ဖန်၊ သင်မပြန်ဘဲ
အားသန်ကြိုးစား၊ ဤတံတားကို
သင်ကား ဘယ့်ကြောင့်ဆောက်သနည်း။"

"အို အဆွေ
သည်နေ့ဆိုလျှင်၊ ဆံပင်နုနယ်
လူငယ်တစ်ယောက်၊ ငါ့နောက်လိုက်လျက်
ခရီးထွက်ပြီ၊
ချောင်းနက်မတ်စောက်၊ ငါမကြောက်လည်း
နောက်ကလိုက်လာ၊ သူ့ခမျာမှ
သူတရာ ဘေးဆိုး၊ ဖြစ်အံ့စိုး၍
ကြိုးပမ်းငါလျှင် ဆောက်သတည်း။"
(ဝင်လ် ဒရွမ်း ဂူးလ်)

Credit; ဆရာအောင်သင်း (အမွေစာအုပ်မှ)

Related Posts:

  • မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........ မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........ သည်းစွာသောအနာကို ကုစားပါအံ့ သမီး၏လုံ့လဝီရိယဖြင့် နာလန်ထူပါစေအံ့ ... မွေးကျေးဇူးကို မသိတတ်သော ထိုသူတို့အားသ… Read More
  • ဆရာအောင်သင်း - အမွေ အောင်သင်း - အမွေ (စာ - ၁၂ / ၁၃ )ကောင်းပြီ တိုးတက်ချင်စိတ်ပေါ်လာအောင် ဘာလုပ်ရသလဲဆိုတာကို ပြောမယ်။ တိုးတက်ချင်တဲ့စိတ် ပေါ်လာချင်လို့ရှိရင် အရေးကြီးပြီေ… Read More
  • အဆိုအမိန့်များငါ့ဘဝ ငါသာသခင် ငါဘုရင်၊ မောင်ပေါ်ထွန်း(မြန်မာပြန်သည်) ၁။ "ကျွန်ုပ်သည် အရာရာကို ကောင်းအောင်လုပ်သလို ကိုယ့်ကိုကိုယ်လည်း ကောင်းအောင်လုပ်၏။ သို့ဆိုလျှင် အြ… Read More
  • BUILDING THE BRIDGE (တံတားထိုးခြင်း) #တံတားထိုးခြင်း လမ်းမထီးထီး ခရီးရှည်လျား၊ ခရီသွားလည်း ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက် ညနေဘက်တွင်၊ ကျယ်နက်မတ်စောက် ဒီရေချောင်းသို့ ရောက်သတည်း။ ချောင… Read More
  • ဆရာအောင်သင်း - အမွေ #အောင်သင်း - အမွေ (စာ - ၃၄/၃၅ ) -- ဒါကြောင့်မို့လို့ ကြိုးစားပမ်းစား ယုံယုံကြည်ကြည်နဲ့ ပညာကိုသင်ပါ။ ဒီကနေ့ သင်တဲ့ဥစ္စာ မင်းကို တစ်နေ့ကျရင် အကျိုး… Read More

0 comments:

Post a Comment