Showing posts with label Literature. Show all posts
Showing posts with label Literature. Show all posts

Sunday, August 14, 2016

ဆရာအောင်သင်း - အမွေ



#အောင်သင်း - အမွေ (စာ - ၃၄/၃၅ )
-- ဒါကြောင့်မို့လို့ ကြိုးစားပမ်းစား ယုံယုံကြည်ကြည်နဲ့ ပညာကိုသင်ပါ။ ဒီကနေ့ သင်တဲ့ဥစ္စာ မင်းကို တစ်နေ့ကျရင် အကျိုးပေးပါလိမ့်မယ်။ စိမ့်ပြီး အကျိုးပေးလိမ့်မယ်။ ယုံပါ။ အဲဒါကြောင့် အရေးတကြီး မချမ်းသာချင်ပါနဲ့။ ပညာကို ကြိုးစားသင်ပါလို့ ပြောချင်တယ်။ ကောင်းပြီ။ အဲဒါ ကျောင်းနေတဲ့ လူငယ်တွေကိုပြောတာ။ ကိုင်း ကျောင်းတောင်မနေနိုင်ဘူးဆိုတော့ အဲဒီကလေးက ဆင်းဆင်းရဲရဲဖြစ်နေ၊ မိဘက ချို့တဲ့နေ၊ ကျောင်းမတက်နိုင်တော့ဘူး။ အခြေအနေက မပေးတော့ဘူးပေါ့။ မင်းလည်း ငယ်သေးရင် ပညာရှာပါ။ ထမင်းစားကျွန်ခံလို ပညာကိုရှာရတာမျိုးချည်းပဲ။ ဒီအတိုင်းချည်းပဲ။ လောကကြီးမှာ သူများခိုင်းတာခံချင်မှ ကိုယ်က သူများခိုင်းနိုင်တဲ့ အဆင့်ကို ရောက်မှာ။ မြန်မာစကားတစ်ခုရှိတယ်။ သူများဖိနပ်ကိုကိုင်မှ ကိုယ့်ဖိနပ်ကို ကိုင်မယ့်သူပေါ်တယ်။ ဒါ အမှန်တွေ။
-- ဆိုကြပါစို့။ မင်းတို့ ဒီနေ့ ဝပ်ရှော့တွေမှာ တော်တော် ကြီးပွားနေတဲ့ ဝပ်ရှော့တွေကို သွားကြည့်ပါ။ သူတို့တစ်တွေဟာ ဘယ်မှာလုပ်ခဲ့တာလဲ။ အဲဒီဝပ်ရှော့ဆရာတွေက ဟေ့ကောင် ရေနွေးတည်စမ်း၊ ဆေးလိမ်မီးတို့လိုက်စမ်း၊ ဆီချေးအပေပေနဲ့ သွားရတာ။ မော်တော်ကားဗိုက်အောက်ကို ပက်လက်ဝင်လှန်ရတဲ့ကောင်တွေချည်းပဲ။ အဲဒီကောင်တွေက ဖြစ်တယ်။ ဘော်ဒီထုတဲ့ကောင်တွေကို သွားကြည့်စမ်း။ အဲဒီလိုကစတာ။ ..................................... ကျောင်းမနေနိုင်လို့ရှိရင် ခုန မင်း ဘာပညာသင်ချင်သလဲ၊ ဘာဝါသနာပါလဲ ကြည့်ပါ ဟုတ်လား။ ဆိုက်ကားနင်းတဲ့လူဟာ အဲဒီအတိုင်း နေသွားရင် တစ်သက်လုံး နင်းသွားရမယ်။ ဘာလို့ဆို သူက ပညာမပါဘူး။ ဒါပေမယ့် အဲဒီကောင်ကနေ ဆိုက်ကားပြင်လို့ရှိရင် ဒီကောင်က ပညာပါလာပြီနော်။ ဘဝ တိုးတက်ဖို့အခွင့်။ အဲဒီကနေ ဆိုက်ကားပြင်ဆိုင်ထောင်။ ဆိုက်ကားပြင်ဆိုင်ကနေ တက်ရင် မော်တော်ဆိုင်ကယ်ရောက်လာမယ်။ ပညာပါတဲ့ကောင်ဟာ တဖြည်းဖြည်း တက်သွားမယ်။ ပညာမပါဘဲ ထမင်းစားရုံလေး ဥစ္စာရရုံလေးသွားနေလို့ကတော့ မင်း ဘယ်တော့မှ တက်မှာမဟုတ်ဘူး။ မင်းကျောင်းမနေခဲ့လို့ရှိရင် ပညာရှာပါ။ တစ်နေရာမှာ ရှာပါ။ အဲဒီအချိန်မှာ အငေါက်ခံပါ အဆဲခံပါ။ သူများကို လုပ်ကိုင်ပေးပါ။ ကိုယ့်ဆရာကို၊ ကိုယ့်ကို ပညာပေးတဲပဆရာကို ရိုရိုသေသေ ဆက်ဆံပါ။ ရေပူရေချမ်း ကမ်းလှမ်းပြီး အလုပ်အကျွေးပြုပါ။ မင်းကို ပညာမှန်သမျှ အကုန်ပေးလိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၄၂/၄၄ )
-- စာဖတ်တဲ့အခါကျတော့ စာဖတ်နည်းကို ပြောရဦးမယ်။ ဘာစာဖတ်ရမလဲဆိုတာ မမေးနဲ့။ အဲဒါ ပြောဖို့ သိပ်ခက်တဲ့ကိစ္စ။ ဟာ ဒီစာသိပ်ကောင်းပါတယ်ဆိုလို့ သွားဖတ်လိုက်၊ ပြီးတော့ ဆရာရယ် ဘာစာကြီးမှန်လဲ မသိဘူး။ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ အဲ့တော့ လုပ်တဲ့နည်းကို အရင်က ဆောင်ပါးလေးတစ်စောင် နှစ်စောင်တော့ရေးဘူးတယ်၊ အခုတော့ ဒီမှာ ထည့်ပြောလိုက်ဦးမယ်။ အခုတော့ အမွေဆိုတဲ့ သဘောဆိုတော့ အကုန်လုံး တတ်နိုင်သမျှ ဘဝအတွက် စုစုပေါင်းပေါင်းလေးပါအောင်လို့ ကျွန်တော်ထည့်ပြောတာပါ။ မဂ္ဂဇင်းတွေရှိတယ်၊ အဲဒီ မဂ္ဂဇင်းအဟောင်းတွေ အပါအဝင်ပေါ့။ အားလုံး မဂ္ဂဇင်းဆယ်မျိုးဖတ်မယ်ပေါ့။ အဲဒီ မဂ္ဂဇင်းဆယ်မျိုးမှာ ဖတ်လိုက်လို့ရှိရင် တစ်နှစ်အတွက်ဆို အုပ်တစ်ရာ့နှစ်ဆယ်ပေါ့။ အဟောင်းထဲက ပြန်ဖတ်။ အသစ်က စောင့်နေဦးမယ်။ အလွတ်စေနဲ့။
-- အဟောင်းထဲက ပြန်ရှာ။ ဖတ်တဲအခါ အဲဒီအထဲမှာ ကဗျာတွေ ဝတ္ထုတွေကို ဘေးချိတ်ထား။ ဆောင်ပါးတွေကိုချည်း အရင်ဖတ်။ ဆောင်းပါးတွေကိုချည်း ဖတ်ကြည့်လိုက်ရင် ဘာသွားတွေ့ရမလဲဆိုရင်၊ ဘယ်စာရေးဆရာဟာ ဘာစာမျိုးတွေ ရေးလေ့ရှိတယ်၊ ဘယ်စာမျိုးကို ငါကြိုက်တယ်။ ဟော စာရေးစရာကိုလည်း တွေ့လာလိမ့်မယ်။ သိလာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုလည်း သိလာလိမ့်မယ်။ အဲဒီတော့ ငါ ဘယ်စာမျိုးကြိုက်တယ်။ အလိုလိုနေရင်း ဘယ်စာမျိုးဖတ်ရမယ် ဆိုတာ သိလာလိမ့်မယ်။
-- မိမိကိုယ်ကို အောင်နိုင်စေတဲ့ သတ္တိကိုပေးတဲ့ စာမျိုး။ အဲဒီစာမျိုးတွေကို ကြိုးစားပမ်းစားဖတ်နော်။ ကိုယ့်ဘဝ တိုးတက်မှုကို အဲဒီကျလို့ရှိရင် တွေ့လာလိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၅၁/၅၂ )
-- နောက်တစ်ခု လူငယ်နဲ့ ကိုယ်ကျင့်တရား၊ ခုနတုန်းက ရိုးသားဖို့လိုအပ်တယ်လို့ ပြောတဲ့ဥစ္စာ၊ ဦးချစ်မောင်ပြောတဲ့ဥစ္စာကို ပြောခဲ့ပြီ။ အခုတော့ လူငယ်တွေ ရိုးသားဖို့လို့ ပြောနေရတာ။ စာရိတ္တကောင်းဖို့လို့။ ဘာဖြစ်လဲဆိုတော့ လူငယ်တွေက ပျက်ဖို့လို့ တော်တော် တာစူနေကြတာ။ ပျက်ဖို့လို့တာစူတဲ့အထဲထဲမှာ သိသိသာသာကြီး ပျက်တဲ့ဥစ္စာ ဘာလဲဆိုတော့ မူးယစ်ဆေးဝါး သုံးတာတို့လို၊ အရက်သောက်တာတို့လို၊ အဲလိုဟာမျိုးတွေက သိသာတာပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်တာထက် ကြောက်စရာကောင်းတဲ့ အလုပ်တစ်ခုက ဘာလဲဆိုတော့ ပိုက်ဆံရပြီးရော၊ ဘယ်ကရရ မရထိုက်တဲ့ အခွင့်အရေး၊ မရထိုက်တဲ့ ငွေကြေး ယူကို မယူချင်နဲ့။ အဲဒီလိုကိုတောင့်ထား။ နို့မဟုတ်ရင် မင်းတို့ တစ်နေ့ကျရင် ဒုက္ခရောက်လိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၇၅/၇၆ )
-- ဂျီသြမေတြီ သင်တာဟာ မင်းကို တြိဂံတစ်ခုအကြောင်း သင်ပေးတယ်။ ထောင့်မှန်တွေ ဘာတွေ၊ မျဉ်းဖြောင့်သည် အတိုဆုံးခရီးဖြစ်တယ်။ တစ်နေရာနှင့် တစ်နေရာ အတိုဆုံးခရီးသည် မျဉ်းဖြောင့်ဖြစ်တယ်၊ ဘာညာဆိုတဲ့ ဥစ္စာ။ ဒါတွေတတ်တော့ဘာဖြစ်လဲ။ အိမ်ဆောက်ဖို့လား၊ မဟုတ်ဘူး။ လမ်းဖြတ်ကူးရင်း တည့်တည့်ဖြတ်ကူးမှ မြန်မြန်ရောက်တယ်။ မျဉ်းဖြောင့်၊ အဲလိုမှတ်ရတယ်။
-- အဲဒါ ဂျီသြမေတြီတွက်မှ မဟုတ်ပါဘူး။ ခွေးတောင်သိတယ်။ ခွေးတွေကိုကြည့်၊ ဒိုင်းဆို ဖြတ်ကူးလိုက်တာပဲ။ ကျွန်တော်တို့ထက်တောင် လည်သေးတယ်။ စဥ့်အိုးတန်းတို့ ကမ်းနားလမ်းတို့ ဘာတို့က ခွေးတွေကိုကြည့်ပါလား။ ဖြတ်ကူးရင် ချင်ကနဲဆို အလယ်ရောက်တယ်။ ဟိုဘက်ဒီဘက် လှည့်ကြည့်၊ အဲဒီမှာ သိပ်ရှုပ်နေရင် ဖြတ်တဲ့အခါကျတော့ ချယ်ဂါရီအောက်က ဝင်လိုက်သွားတယ်။ သူလိုချင်တဲ့နေရာရောက်မှ ထွက်သွားတယ်။ အဲဒီခွေး ဂျီသြမေတြီ မတတ်ပါဘူ။ ဂျီသြမေတြီတတ်တဲ့ဥစ္စာ အိမ်ဆောက်ဖို့မဟုတ်ဘူး။ လမ်းကူးဖို့မဟုတ်ဘူး။ အထောက်အထား မခိုင်လုံရင် မယုံဘူးဆိုတဲ့ ဦးနှောက်မျိုးကို ထရိန်နင်ပေးတာ။ အလေ့အကျင့်လုပ်တာ။
-- အဲ တစ်ခါတလေကျတော့ တက္ကသိုလ်မှာ၊ ကျွန်တော်က တက္ကသိုလ်မှာ ဆရာလုပ်တော့ တော်တော် ရင်နာတယ်။ တချို့ ဘာမှန်းမသိ ညာမှန်းမသိ စွတ်ပြောတာ။ ဒီကောင်က ဘီအက်စီအောင်တယ်သာပြောတယ် မီးခြစ်ဆံတောင် မလုပ်တတ်ဘူးတဲ့။ မီးဖြစ်ဆံလုပ်တတ်ချင်ရင် "အီးစီမဒါး"ဆိုတဲ့ ကုလားမီးခြစ်စက်ရုံ သွားပေါ့၊ ဘာခက်တာမှတ်လို့။ တက္ကသိုလ်က မီးဖြစ်လုပ်နည်းသင်တာမှ မဟုတ်ဘဲ။ မီးဖြစ်ဆံ ဘာကြောင့် မီးတောက်သလဲဆိုတဲ့ သီအိုရီကို သင်တာ။ တက္ကသိုလ်က ဘာသင်တာမှန်း မသိဘဲ စွတ်ပြောတာ။ ဘီအက်စီ မက္ကင်းနစ်ကယ်လ်၊ အင်ဂျင်နီယာ မက္ကင်းနစ်ကယ်လ်တွေကွာ သုံးဘီးကားတောင် မပြင်တတ်ဘူး။ သုံးဘီးကားပြင်တတ်ချင်ရင် ကြက်တန်းသွားပေါ့။ မြေနီကုန်းမှာ သွားပြင်ပေါ့၊ အကျွန်တော်က အဲဒီလို ပြောလိုက်တယ်။ ဒီကောင်က တက္ကသိုလ်မှာ သီအိုရီကို သင်ခဲ့တာ။ အဲဒီအခြေခံကို သိတော့ နောက်လုပ်သွားလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ တစ်ခါတလေကျ သိပ်စိတ်ညစ်ဖို့ကောင်းတယ်။
-- အဲတော့ ခင်ဗျားကို ပြောမယ်။ မင်းတို့ ပညာဆက်ပြီးသင်ချင်သင်ပါ။ ဘာမှ သူတို့ပြောတာကို ချိန်ဆမနေနဲ့။ လူဆိုတာ အမျိုးမျိုးပေါ့။ တစ်ချို့က စာမေးပွဲ မအောင်ဘူး၊ မအောင်တော့ အိမ်မှာ ကွမ်းယာဆိုင်ဖွင့်မယ်၊ စာအုပ်ငှားမယ်၊ ဒါမျိုးလေးနဲ့ လုပ်ကိုင်စား။ "တို့က စာမေးပွဲမအောင်ပေမယ့် ဝင်ငွေ တစ်နေ့ကို ဘယ်လောက်ရတာ"။ သူ့ဘာသူ မအောင်လို့လုပ်တဲ့ကိစ္စ။ အဲဒါတွေကို သွားပြီး မဟုတ်တာတွေကို သွားပြီး အားမကျနဲ့နော်။

#အောင်သင်း - အမွေ (စာ - ၇၉/၈၀ )
-- စိတ်ဓာတ်ကြံ့ခိုင်တာ စာဖတ်ခြင်းနဲ့ လုံလောက်တာမဟုတ်ဘူး။ စာဖတ်တာက စာဖတ်နေတာနဲ့ စိတ်ဓါတ်ကြီးကြံ့ခိုင်လာတာမဟုတ်ဘူး။ စာဖတ်တာက စိတ်ဓါတ်အသိမြင့်အောင်လုပ်တာ။ မင်းတို့ How to swim ရေကူးနည်းစာအုပ်ကို ဖတ်ပြီးတော့ ရေထဲ ဝုန်းခနဲခုန်ချတော့ ဘာဖြစ်မလဲ၊ လက်ပဲပေါ်လာမှာပေါ့။ လက်ကလေးပဲပေါ်လာမှာ။ ကယ်တော်မူပါပေါ့။ ဟုတ်လား။ ပြောချင်တာက ရေကူးနည်းစာအုပ်ကိုဖတ်၊ ပြီးတော့မှ ရေကူးလေ့ကျင့်ရတယ်၊ ဟုတ်လား။ အလေးမနည်းကို ဖတ်ပြီးတော့မှ အလေးမလေ့ကျင့်ရတာ။ စာကိုဖတ်ရုံနဲ့ ကြွက်သားကြီးက ကောင်းလာတာမဟုတ်ဘူး။ စာဖတ်တာနဲ့ ဗလတောင့်လို့ရှိရင် ငါလည်း အဲဒါတွေဖတ်တာနဲ့ ဗလကြီးကို အယ်နေမှာပဲ။ စာဖတ်ပြီးတော့လည်း လေ့ကျင့်ရသေးတာ၊ ဒီမှာကာရာတေး ကျင့်နည်းတွေဘာတွေ ရှိသားပဲ။ ဒါပေမဲ့ အဲဒီ ကာရာတေးကျင့်နည်းတွေ ဖတ်ရုံနဲ့ ကာရာတေး တတ်သွားတာ မဟုတ်ဘူး။ စာဖတ်တော့မှ ကိုယ့်စိတ်ကိုယ် ဘယ်လိုပြန်ကျင့်ရမယ် ဆိုတာ သိလာမှာ။ အဲဒီအတိုင်း ပြန်ကျင့်မှ မင်းရဲ့စိတ် ကျင့်သားကောင်းလာမှာပေါ့။ ကြံ့ခိုင်လာမှာပေါ့။ အဲဒီစာအုပ်တွေက ဒီကြံ့ခိုင်တဲ့ နည်းလမ်းတွေကို ပေးလိမ့်မယ်။ အဲဒီအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါလို့ ပြောချင်တယ်။

Credit; ဆရာအောင်သင်း အမွေစာအုပ်မှ

ဆရာအောင်သင်း - အမွေ


အောင်သင်း - အမွေ (စာ - ၁၂ / ၁၃ )
ကောင်းပြီ တိုးတက်ချင်စိတ်ပေါ်လာအောင် ဘာလုပ်ရသလဲဆိုတာကို ပြောမယ်။ တိုးတက်ချင်တဲ့စိတ် ပေါ်လာချင်လို့ရှိရင် အရေးကြီးပြီနော်၊ တိုးတက်ချင်တဲ့စိတ် တကယ်ပေါ်လာချင်လို့ရှိရင် မင်းပတ်ဝန်းကျင်မှာ မင်း ဘယ်လောက်ထိအောင် အရေးပါသလဲ၊ မင်းပတ်ဝန်းကျင်မှာ မင်း အရေးမပါလို့ရှိရင် မင်းပတ်ဝန်းကျင်မှာ အရေးပါနေတဲ့လူတွေ ဘယ်သူတွေ ရှိတယ်ဆိုတာ အဲဒါတွေ ပြန်ကြည့်ပါ။ အဲဒီလို ငါက တစ်သက်လုံး ဖြစ်နိုင်ပါ့မလားဆိုတာ ဆန်းစစ်ကြည့်ပါ။ မဖြစ်နိုင်တော့ဘူးဆိုတာသိရင်၊ အဲဒီဥစ္စာ ငါမလုပ်နိုင်တော့ဘူးဆိုတာသိရင် မင်း စိတ်တစ်မျိုးဖြစ်လာလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ နည်းနည်းလေး မခံချင်တဲ့စိတ်လေးတွေရှိတယ်။ ကိုယ့်ကို မကြောစေချင်ဘူး။ အဲ့တော့ လှည့်တွက်ပါ။ အဝေးကြီး သွားမတွက်နဲ့။ ဗိုလ်ချုပ်အောင်ဆန်းလိုဟာမျိုးကို သွားမတွက်ပါနဲ့။ ကိုယ်နဲ့ ကွာလွန်းတော့ မနာလိုရမှန်းမသိဘူး။ ဟုတ်တယ်။ လောကကြီးမှာ မနာလိုခြင်း၊ ဝန်တိုခြင်း၊ အားကျခြင်းတို့ဟာ သူ့စိတ်လေးနဲ့သူမဟုတ်လား။ ဟိုးထိပ်ဆုံးက လူနဲ့ အောက်ဆုံးက သူတောင်းစား။ သူတို့ချင်း ဘယ်တော့မှ မနာလိုမဖြစ်ဘူး။ အောက်ဆုံးက သူတောင်းစားဟာ ရှင်ဘုရင်တစ်ပါးကို၊ နိုင်ငံခေါင်းဆောင်ကြီးတစ်ယောက်ကို ဘယ်တော့မှ မနာလိုမဖြစ်ဘူး။ သူတို့ သူတောင်းစားအချင်းချင်းကျတော့ ဟိုကောင် ပိုရတယ် ဆိုပြီး မနာလိုဖြစ်တယ်။ အဲဒီတော့ ပထမဆုံးစပြီး တွက်ကြည့်ဖို့က အဲဒီလို အောင်မြင်ချင်တဲ့စိတ်ပေါက်လို့ရှိရင် မင်းပတ်ဝန်းကျင် မင်းအဆင့်လှေကားထစ်မှာ နည်းနည်းဖြင့်တဲ့၊ သြဇာရ အရေးပါအရာရောက်တဲ့သူကိုရှာကြည့်။ သူဟာ တဖြည်းဖြည်း သြဇာပိုကြီးလာသလား။ ငါဟာ သူလို သြဇာကြီးလာနိုင်သလား၊ မင်း တွက်ကြည့်။ သြဇာမကြီးနိုင်တော့ဘူးဆိုတာသိရင် မင်း စိတ်ထဲမှာ နည်းနည်း မခံချင်ဖြစ်လာတတ်တယ်။
ငါဟာ ညံ့နေပြီဆိုတာ သိလိုက်ပါ။ ဘာကြောင့်ဆိုတော့ ကိုယ့်ကိုယ်ကို ညံ့နေပြီဆိုတာသိရင်ကောင်းတယ် မသိရင်မကောင်းဘူး။

အောင်သင်း - အမွေ (စာ - ၁၈ / ၁၉ )
တကယ်တိုးတက်ရမယ်ဆိုတဲ့ ဥစ္စာ၊ အခြားသူကိုပြောလို့ရှိရင် နည်းနည်းခပ်ပေါ့ပေါ့ ဖြစ်သေးတယ်။ ငါကိုယ်တိုင်ပြောတာ။ ငါ တော်တော်နိမ့်ကျတဲ့ ဘဝကြီးက တက်လာရတာ။ တက္ကသိုလ်ဆိုတာ အိပ်မ်ကတောင် မမြင်ခဲ့ဘူး။ စိတ်ထဲမှမပြောနဲ့၊ အိပ်မက်တောင် မက်လို့မရနိုင်တဲ့ ဘဝ။ ဒါပေမဲ့ နောင်တစ်နေ့ကျတော့ တက္ကသိုလ်မှာ ဆရာဖြစ်ခဲ့ရတယ်။ အကောင်းစား။ ဆရာတောင်မှ ပေါ့တီးပေါ့ဆ ဆရာမျိုး မဟုတ်ဘူးနော်။ နောက် အခု ဒီစင်ပေါမှာ ဒီမှာ စကားပြောနေတဲ့ အဆင့်ကို ရောက်လာခဲ့သေးတယ်။ ထားပါ။ အဲဒါတွေကို ပြောနေရင် အတ္ထုပ္ပတ္တိတော်ကြီးဖြစ်သွားလိမ့်မယ်။ အဲဒီတော့ သတ္တိသိပ်ကောင်းဖို့လိုတယ်။ မာသလား။ ပျော့သလား။ လောကကြီးမှာ မာတဲ့လူအတွက် နေရာရှိတယ်။ ပျော့တဲ့လူအတွက် နေရာမရှိဘူး။ သံချွန်ကို သစ်သားပေါ်မှာ ဒိုင်းခနဲ ရိုက်လိုက်တာ၊ သံချွန်ဝင်သွားတာက သစ်သားကပျော့လို့၊ သံချွန်အတွက် နေရာဖယ်ပေးလိုက်ရတာ။ အဲဒီသံချွန်ကို ကျောက်တုံးပေါ်မှာ ရိုက်ထည့်လိုက်ရင် ဒိုင်းခနဲ ကွေးသွားတာပေါ့။ ကျောက်တုံးက ဖယ်မပေးဘူး။ ဆောရီး၊ I'm sorry ပဲ။ ဒါ့ကြောင့် မင်းပျော့သလား၊မာသလား။ ပျော့ရင်နေရာဖယ်ပေးလိုက်ပါ။ မာရင် နေရာယူပါ။ အဲဒီတော့ မင်းကိုယ်မင်း သတ္တိမွေးပါ။ သတ္တိဆိုလိုက်တဲ့ကိစ္စဟာ ကျင့်ယူလို့ရတယ်။ ဒါပေမဲ့လို့ နှစ်မျိုးရှိတယ်။ ကာယသတ္တိနဲ့ စိတ္တသတ္တိ (သို့မဟုတ်) (moral courage)စာရိတ္တသတ္တိ နှစ်ခုရှိတယ်။ ကာယသတ္တိအကျင့်က လွယ်တယ်။ စိတ္တသတ္တိ (စာရိတ္တသတ္တိ)က ကျင့်တာခက်တယ်။ ကာယသတ္တိကျတော့ ရန်မဖြစ်ဝံ့တဲ့ ကလေးကို ဂျူဒိုတို့၊ ကရာတေးတို့ တော်အောင်သင်ပေးလိုက်လို့ ဂျူဒိုခါးပတ်နက် ဖြစ်လို့ရှိရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ယုံကြည်လာတယ်။ စာရိတ္တသတ္တိမှာ အဲဒီလိုယုံကြည်မှုက ဘယ်ကမှရသလဲဆိုတော့ ခုနက ပြောခဲ့တဲ့ စာဖတ်ခြင်း၊ တိုးတက်ချင်တဲ့စိတ်မျိုး ပေါ်တဲ့အတွက် စာဖတ်ခြင်း၊ ပညာရှိတို့၏ စကားကို နားထောင်ခြင်း၊ အဲဒီလိုလုပ်ပြီးတော့မှ ကိုယ့်စိတ်ကို ကိုယ်မွေးယူ၊ မွေးယူ၊ အဆင့်မြင့်သထက်မြင့်အောင်မွေးယူပါ။ အဲဒါမှ သူက မြင့်လာတာ။ စိတ်ကလဲနော် ကြွက်သားရှတယ်၊ လူမှ ကြွက်သားရှိတယ်မထင်နဲ့။ စိတ်လည်းကြွက်သားရှိတယ်။ စိတ်ရဲ့ကြွက်သားက မြင်ရတာမျိုးမဟုတ်ဘူး။ လူရဲ့ကြွက်သားကကျတော့ အလေးက အောက်ကိုဆွဲချတယ်၊ ကိုယ်က ဆွဲမတယ်။ နောက်တော့ လက်မောင်တွေဘာတွေကြီးလာတယ်။ အဲဒီလိုပဲ၊ စိတ်ရဲ့ သတ္တိကျတော့ အခက်အခဲတွေတွေ့ရင် အဲဒါကိုရင်ဆိုင်၊ ပြန်စစ်ကြည့်။

#အောင်သင်း - အမွေ (စာ - ၂၀)
ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို ခိုင်းရတယ်နော်။ ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို မခိုင်းရင် ကြီးလာရင် သူများခိုင်းတာ ခံရတတ်တယ်။မောင်ရင်တို့ ငယ်ငယ်မှာ ခိုင်းပါ။ ကိုယ့်ကိုယ်ကို အဲဒီခိုင်းတဲ့ဥစ္စာရယ်၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်အမိန့်ကို နားထောင်တာ သတ္တိ၊ လူတွေဟာ ကိုယ့်အမိန့်ကို ကိုယ်နားထောင်တယ် မထင်နဲ့နော်။ သူများခိုင်းတဲ့အမိန့်ကိုသာ ကျိုးနွံတာ။ ကိုယ့်ကိုယ်ကို ကိုယ့်အမိန့်ကို ကိုယ်ကျိုးနွံတဲ့လူ  တော်တော်နည်းတယ်။ သူများခိုင်းတာသာ "ဟုတ်ကဲ့" ဘာညာဆိုတာပြောတာ ဟုတ်လား။ သူများခိုင်းမှ။ ကိုယ့်ဘာသာကိုယ်ကျတော့ မနက်ခုနစ်နာရီ၊ ငါးနာရီ အိပ်ရာထရမယ် ဆိုလို့ရှိရင် မနက်ငါးနာရီ နှိုးစက်က နှိုးတော့ ကိုယ်က မထချင်။ နေပါစေ၊ ရပါတယ်။ အဲဒီနှိုးစက် ပိတ်လိုက်ရော၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် မကျိုးနွံလို့။ ကိုယ့်ကိုကိုယ် မကျိုးနွံရင် သူများကို ကျိုးနွံအောင် ဘယ်တော့မှ မခိုင်းနိုင်ဘူး။ မိမိကိုယ်ကိုမိမိ မအောင်သမျှ ကာလပတ်လုံး ဘောကကြီးကို မအောင်နိုင်ဘူးဆိုတ။ ပုံသေယုံပါ။ ဒါကြောင့် ပထမဦးဆုံး ကိုယ့်ကိုကိုယ် ကျိုးနွံတဲ့သတ္တိ၊ ကိုယ့်ကိုယ်ကို အားကိုးတဲ့သတ္တိ၊ စိန်ခေါ်ခြင်းကို လက်ခံဝံ့တဲ့သတ္တိ၊ ရန်ဖြစ်လို့ စိန်ခေါ်တာ မဟုတ်ဘူးနော်။ အခက်အခဲ မေးခွန်းပုစ္ဆာ၊ စာပေ၊ ကိုယ်လုပ်နေတဲ့ သင်ခန်းစာတွေရဲ့ စိန်ခေါ်ခြင်းကို လက်ခံဝံ့တဲ့သတ္တိ၊ တစ်ဆိတ်ကလေးရှိ ဆရာကို အားကိုးတဲ့ဟာမျိုးမလုပ်ဘဲနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်အားကိုးရပ်ချင်တဲ့သတ္တိ။ အဲဒီသတ္တိမျိုး ဖြစ်အောင်မွေးပါ။ အဲဒီလို မွေးလာခဲ့လိုက်ရင် ခုနကတုန်းက အဓိဋ္ဌာန်ပါ ထပ်ပြီး ခိုင်လာလိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၃၁/၃၃ )
-- လူငယ်တွေ ဥစ္စာရယ် ပညာရယ် ဘာရှာမလဲဆိုတာ၊ ဒီနေ့လူငယ်တွေရဲ့ ပြဿနာက အဲဒါ သိပ်အရေးကြီးနေတယ်။ ကျောင်းနေတော့ ဘာလုပ်ရမလဲ၊ ဟုတ်လား။
-- အကုန်လုံး ဒီသင်ခန်းစာကို ဟိုတစ်ခါလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဟိုပွဲတွေမှာလည်း ပြောခဲ့ပါတယ်။ ဒီ သူ့ကျွန်ဖြစ်တဲ့ကိစ္စကို။ ဘာကြောင့်ဖြစ်တာလဲ။ သုံးကြိမ် အင်္ဂလိပ်နဲ့ စစ်တိုက်တာ သုံးကြိမ်စလုံးရှုံးတယ်။ ဘာဖြစ်လို့ရှုံးလဲ။ ပညာမတတ်လို့ရှုံးတာ။ ဒါပဲ။ ဗန္ဓုလလောက် မျိုးချစ်စိတ် ရှိဦးမလား။ ဗန္ဓုလလောက် ဘယ်သူ သတ္တိကောင်းဦးမလဲ။ ဟိုက "ထုန်း" ဆိုတော့ သေရော။ ကိုယ်ကမှ ပြန်မ "ထုန်း" နိုင်ဘဲ။ ခံခဲ့ရတာပေါ့။ အဲဒါ ကျွန်တော်ပြောချင်တာက ဒီ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေက သင်ခန်းစာယူရမယ်။
-- ရှေ့ကို ပညာနည်းတယ်နော်၊ စစ်မတိုက်ဘဲနဲ့ကို ထပ်ကျွန်ဖြစ်ဦးမယ်။ စစ်တိုက်ဖို့ မလိုတော့ဘူး။ ခုခေတ်က စစ်မတိုက်ဘဲနဲ့ နယ်ချဲ့တဲ့ခေတ်။ ဟုတ်လား။ ရှေးတုန်းက စစ်တွေဘာတွေတိုက်တယ်။ အခုကတော့ စစ်တိုက်တဲ့ဥစ္စာမှာ နယ်ချဲ့တဲ့ဥစ္စာမှာ ဘာမှ လက်နက်တွေ ဘာတွေနဲ့ လုပ်မနေတော့ဘူး။ လက်နက်နဲ့ နယ်ချဲ့တဲ့ ဥစ္စာက ခြေထောက်ညောင်တယ်။ ပခုံးအောင့်တယ်။ ကျယ်ဆန်ကုန်တယ်။ ပြီးတော့ ဖက်ဆစ်နယ်ချဲ့နဲ့ နာမည်ပျက်သေးတယ်။
-- ကျွန်တော် ဒါကြောင့်မို့ ခုဖတ်နေတဲ့စာတွေ၊ ကျွန်တော်ဖတ်နေတာတော်တောကြာပြီ။ ကျွန်တော် တစ်နေ့နေ့မှာ ရေးရဦးမှာပဲ။ ဗမာလူမျိုးတွေ အသုံးမကျတဲ့အကြောင်းကို ရေးထားတဲ့စာတွေကို ကျွန်တော် အကုန်ရှာဖတ်နေတယ်။ ဟုတ်တယ်။ တစ်ခါတလေကျ ကျွန်တော် အဲဒီလိုဖတ်ရတာ၊ အဲဒီလိုဖတ်ရမှ ကိုယ်မကောင်းမှန်သိ၊ ကိုယ်ညံ့မှန်းသိရတယ်။ နို့မဟုတ်ရင် ကိုယ့်ဘာသာကိုယ် တို့မြန်မာ သာကီမျိုးဟာမို့ ဘာညာနဲ့ ဇွတ်လုပ်ချင်လုပ်နေတာ။ အဲဒီတော့ ပြောချင်တာက ကျွန်တော်တို့ ကျွန်ဖြစ်တဲ့ဥစ္စာက ပညာမတတ်လို့ ကျွန်ဖြစ်ခဲ့တယ်။ ဒါကိုတော့ သိထားရမယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ လူလိမ္မာတို့မည်သည်မှာ တစ်ပါးသူရဲ့ အမှာကနေ သင်ခန်းစာကိုရတယ်။ လူမိုက်တို့မည်သည်မှာ ကိုယ်တိုင်မှားမှ သင်ခန်းစာရတယ်။ ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင်မှားပါလျက်နှင့်ပင် သင်ခန်းစာကို မရကြကုန်တဲ့။ ကျုပ်တို့က အဲဒီနောက်ဆုံး အချက်မှာ ပါနေတယ်။
-- ဒါကြောင့် ကျွန်တော်တို့ဟာ မိုက်ပြီးပြီ။ အဲတော့ လူငယ်တွေကို မမိုက်နဲ့၊ မင်းတို့သိ။ ရှေ့ဆက်ပြီးလုပ်ကြ၊ ပညာ သိပ်အရေးကြီးတယ်။ အဲတော့ ပညာဟာ ခုချိန်မှာ အရေးမကြီးသေးဘူးနော်။ မင်းတို့ကို ကြိုတင်ပြောလိုက်မယ်။ နောက် ဆယ့်ငါးနှစ်မှာ မြန်မာပြည်မှာ ပညာတတ်တဲ့ကောင်တွေက ဦးဆောင်လိမ့်မယ်။ ရှေ့ကိုရောက်လာလိမ့်မယ်။ ယုံကြည်ပါ။ အဲဒါကို ဘာကြောင့်လဲဆိုတော့ ပညာတတ်တဲ့ကောင်တွေဟာ ဘယ်တော့မှ နောက်ကမနေဘူး မှတ်ထား။ ရှေ့ကရောက်လာလိမ့်မယ်။ အဲဒီအပြင် ပညာတတ်တဲ့လူတွေ လိုလာမယ်။ အခု ပညာတတ်တဲ့လူတွေ တဖြည်းဖြည်းနော်၊ တိုင်းပြည်တိုးတက်လာတာနှင့်အမျှ သူတို့ကို ရှေ့ကတင်ရမှာပဲ။ အဲဒီ သူတို့က ရှေ့ကဦးဆောင်ရမှာပဲ။ ဒါကြောင့် နောက်ဆယ့်ငါးနှစ်ရှိရင် ပညာသမားတွေ ရှေ့တန်းရောက်လာလိမ့်မယ်။ ဒါကြောင့် ခုကတည်းက ကြိုးစားပမ်းစားသင်ပါ။ မင်းတို့အရွယ်မှာ ပညာကို အစွမ်းကုန် ရှာစမ်းပါ။

Credit; ဆရာအောင်သင်း (အမွေ)

Saturday, August 13, 2016

BUILDING THE BRIDGE (တံတားထိုးခြင်း)



#တံတားထိုးခြင်း
လမ်းမထီးထီး
ခရီးရှည်လျား၊ ခရီသွားလည်း
ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက်
ညနေဘက်တွင်၊ ကျယ်နက်မတ်စောက်
ဒီရေချောင်းသို့ ရောက်သတည်း။

ချောင်းပြင်ကျယ်စေ၊ စိတ်ဝယ်မတွန့်
မရွံ့မကြောက်၊ ဆည်းဆာအောက်ဝယ်
ကူးမြောက် သူ ကျော်၊ ဖြတ်စွမ်း၏။

ဟိုမှာကမ်းဘက်၊ ရောက်ပြီးလျက်မှ
နှစ်ဘက်ကမ်းပါး၊ ချောင်းကိုလွှား၍
တံတားထိုးပြန်လေတော့၏။

ခရီးသွားဖော်၊ တစ်ဦးသော်လျှင်
ထုတ်ဖော်ဤသို့ မေးမြန်း၏။

"အို အဘိုးအို
နေလည်းညိုပြီ၊
ချောင်းကိုလွန်မြောက်၊ သည်ကမ်းရောက်လျက်
နောက်သို့တစ်ဖန်၊ သင်မပြန်ဘဲ
အားသန်ကြိုးစား၊ ဤတံတားကို
သင်ကား ဘယ့်ကြောင့်ဆောက်သနည်း။"

"အို အဆွေ
သည်နေ့ဆိုလျှင်၊ ဆံပင်နုနယ်
လူငယ်တစ်ယောက်၊ ငါ့နောက်လိုက်လျက်
ခရီးထွက်ပြီ၊
ချောင်းနက်မတ်စောက်၊ ငါမကြောက်လည်း
နောက်ကလိုက်လာ၊ သူ့ခမျာမှ
သူတရာ ဘေးဆိုး၊ ဖြစ်အံ့စိုး၍
ကြိုးပမ်းငါလျှင် ဆောက်သတည်း။"
(ဝင်လ် ဒရွမ်း ဂူးလ်)

Credit; ဆရာအောင်သင်း (အမွေစာအုပ်မှ)

Monday, August 8, 2016

နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၂


နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၂

- You wish! = မင်းပြောသလိုဖြစ်ပါစေ
- No lie? = လိမ်တာမဟုတ်ဘူးနော်
- Mind that! = အဲဒါကို သတိရပါ
- Enjoying yourself? = မင်းပျော်နေလားဟင်
- All time! = အချိန်တိုင်းပါပဲ
- Hurry on! = သွက်သွက်လုပ်ပါ
- Hold, please! = ခနလေးနေပါဦး
- This taken? = ဒီခုံ လူရှိလား
- You decide! = မင်းပဲဆုံးဖြတ်လိုက်
- Stop worrying! = မစိုးရိမ်နဲ့တော့
- Any difference? = ဘာကွာလို့လဲ
- Fairly act! = သရုပ်ဆောင်ကောင်းတယ်
- Most pleased! = ကျေနပ်သွားပြီ
- Behind you! = နောက်မှာအန္တရာယ်
- Noisy talk! = ဆူညံနေတာပဲ
- Do justice! = မှန်မှန်ကန်ကန်လုပ်
- Your hear? = ငါပြောတာကြားလား
- Perhaps not! = ဖြစ်ချင်မှဖြစ်မှာပါ
- Hope not! = မဖြစ်ပါစေနဲ့ဗျာ
- Who then? = ဒီလိုဆိုရင် ဘယ်သူလဲ
- Aim high! = ရည်ရွယ်ချက်မြင့်မြင့်ထား
- No fair! = မတရားဘူးကွာ
- Sure do! = သေချာတာပေါ့
- Never before! = အရင်က ဒီလို တစ်ခါမှ မကြုံဖူးဘူး
- Well done! = ခင်ဗျားပြောတာသိပ်ကောင်းတာပဲ
- Nightly-night!= ဂွတ်ဒ်နိုက်ပါနော်
- Butt out! = ဝင်မရှုပ်စမ်းနဲ့
- Just thinking! = ငါစဉ်းစားနေပါတယ်
- Never better! = မဆိုးပါဘူး
- Don't yan! = စကားမများနဲ့
- First class! = သိပ်ကောင်းတာပဲ
- Beautiful dreams! = အိပ်မက်ကောင်းကောင်းမက်ပါစေ
- Sure thing! = စိတ်ချစမ်းပါ
- Any thing? = ဘာကိစ္စရှိလို့လဲ
- So what? = အဲဒီတော့ ဘာဖြစ်လဲ
- Look here = ဒီမှာကြည့်ပါဦး/ဒီမယ်ငါပြောမယ်
- Listen here = နားထောင်ပါဦး
- Just beyond = ဟိုဘက်လေးမှာ
- Just here = ဒီနားမှာပဲ
- Just things = စုံနေတာပဲ
- Just friendly = ခင်ခင်မင်မင်ပေါ့/ မိတ်ဖြစ်ဆွေဖြစ်ပေါ့
- Just relaxed = အပန်းဖြေရုံပါပဲ
- Just now = ခုလေးတင်ပဲ
- Just easy = အလွယ်လေးပါ
- Just usually = ခါတိုင်းလိုပေါ့/ထုံးစံအတိုင်းပါပဲ
- Just arrived/Just got = ငါလိုချင်တာဒါပဲ
- Just so = ဒီလိုဖြစ်ရမယ်လေ
- I say = ဟေ့လူ
- I see = ဟုတ်ပြီ/သဘောပေါက်ပြီ
- I do = သဘောတူပါတယ်
- I quit = ကျွန်ုပ် နုတ်ထွက်တယ်/ငါမလုပ်တော့ဘူး
- Earliest memories = ငယ်ငယ်တုန်းက သတိရစရာတွေပေါ့
- Well dressed = ဝတ်ထားတာကြော့နေတာပဲ
- Something wrong = တစ်ခုခုမှားနေပြီ
- How much? = ဘယ်လောက်ကျသလဲ
- Any time = ဘယ်အချိန်မဆို
- May be = ဟုတ်ချင်ဟုတ်မယ်
- Without fail = မပျက်မကွက်
- So far = ခုချိန်ထိ
- Keep away/Keep out = အနားမကပ်နဲ့ ဝေးဝေးရှောင်
- Take care = သတိထား
- It depends = အခြေအနေအရပဲ
- Make ready = အသင့်ပြင်ပါ
- You insist = မင်းကတော့ဇွတ်ပဲ
- Seem secretive = အုံ့ပုန်းကျနေတာပဲ
- Be friend = သူငယ်ချင်းဖြစ်ချင်လို့ပါ
- Easy now = ဖြည်းဖြည်းပဲ / စိတ်အေးအေးထား
- That's great = သိပ်ကောင်းတာပေါ့ကွယ
- Really say = တကယ်ပြောတာ
- Brace up = အားတင်းထားနော်
- Touch wood = တိုက်တိုက်ဆိုင်ဆိုင် စကားဆုံမိလျှင် ဆုတောင်းခြင်း
- Guess what?  = ဘာလဲဆိုတာ မှန်းကြည့်ပါလား
- Forget it = မေ့လိုက်ပါတော့
- Your treat? = မင်းကျွေးမှာလား
- Any prides = မာန်တက်နေတာလား
- Be franked = ပွင့်ပွင့်လင်းလင်းပေါ့
- Here goes! = စပြီဟေ့
- Hello again! = ပြန်တွေ့ကြပြန်ပြီ
- Speak up! = ကျယ်ကျယ်ပြော
- Good job! = တယ်ဟုတ်ပါလား
- Nice place! = နေချင်စရာလေး
- Absolutely stunning = အံ့မခန်းပဲဟေ့
- Respective job! = လူရိုသေ ရှင်ရိုသေ အလုပ်လေးပဲ
- Oh quite! = ငါသဘောတူတယ်
- Any more? = နည်းနည်းယူပါဦးလား
-  No more = တော်ပါပြီဗျာ
- Need assistance = အကူညီလိုလို့လား
- Anything's worng? = ဘာဖြစ်လို့လဲ
- So difference = တစ်ခြားစီ
- You eavesdrop = မင်းကချောင်းနားထောင်နေတာကိုး
- Bad trait = အကျင့်ကိုမကောင်းဘူး
- Craning you = မျှော်လိုက်ရတာ
- Fully-engaged = လုံးဝကို မအားတာ
- Uneasy act-polite = လောကွတ်လုပ်ဖို့က မလွယ်ဘူးလေ
- I'm cardial = ငါဒီလောက်ပျူငှါတာ
- Quite off-hand! = တယ်အလိုက်မသိတာပဲ
- Welcome back! = ပြန်ရောက်လာတာ ကြိုဆိုပါတယ်။
- That's enough = တော်ပါပြီ
- Ever devoted = သိပ်ချစ်ကြတာပဲ
- Getting hurt = အထိနာတယ်
- Getting dressed = အဝတ်ဝတ်နေတယ်
- What's wrong? = ဘာများမှားသွားလဲ
- Here comes = လာပါပြီ
- Fairly sensible = အမြော်အမြင် တော်တော်ရှိတယ်
- Look here! = ငါပြောမယ်
- Don't sweet-talk = မြှောက်ပင့်မပြောပါနဲ့

Credit; Saya Maung Maung wunn

နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၁



နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၁

- About when? = ဘယ်တော့လောက်လဲ
- All set? = အားလုံးအဆင်သင့်ဖြစ်ပြီလား
- Any clues? = ဘာသဲလွန်စများရှိလဲ
- Any discount? = ဈေးလျှော့ဦးမလား
- Any seats? = ခုံလွတ်ရှိသေးလား
- Anything else? = ဘာလိုသေးလဲ
- Anything new? = ဘာထူးသေးလဲ
- Anything wrong? = ဘာဖြစ်တာလဲ
- Apparently so = အဲဒီလိုထင်တာပဲ
- Back off! = သွားစမ်းပါ
- Bad news! = စိတ်မကောင်းပါဘူး(ဆိုးလိုက်တဲ့သတင်း)
- Be patient! = စိတ်ရှည်ရှည်ထားစမ်းပါ
- Be reasonable! = နည်းလမ်းတကျ စဉ်းစားကြည့်
- Beautiful job! = ကောင်းလိုက်တဲ့လက်ရာ
- Big deal! = ဒါလေးများ
- Bless you! = ဆုတောင်းပေးပါတယ်ကွာ
- Bye now! = သွားပြီဗျို့
- Can't complain! = ဘာမှပြောစရာမရှိဘူး
- Certainly not! = ဘယ်ဟုတ်ပါ့မလဲ
- Chill out! = မကြောက်နဲ့
- Could be! = ဖြစ်နိုင်ပါတယ်
- Damned fool! = သောက်ရူး
- Drop dead! = သွား ... သေလိုက်
- Enjoy yourself! = ပျော်ရွှင်ပါစေ
- Fat chance! = မဖြစ်နိုင်တာပဲ
- Female troubles! = မိန်းမတွေက သိပ်ပစိပစပ်များတာ
- For shame! = ရှက်စရာကောင်းလိုက်တာ
- Get lost! = ထွက်သွားစမ်း
- Go on! / Keep on! / Carry on! / Go ahead! = ဆက်လုပ် ဆက်ပြော
- Good job! = တယ်ဟုတ်ပါလား
- Got that? = နားလည်ရဲ့လား
- Guess what? = မှန်းကြည့်စမ်း
- Hands off! = မထိနဲ့ (လက်ရှောင်)
- Hard times! = အတော်စိတ်ရှုပ်ဖို့ကောင်းတာပဲ
- Hot air! = မဟုတ်တရုတ်တွေ
- How come? = ဘယ်လိုဖြစ်ရတာတုန်း
- How maddening! = စိတ်ညစ်အောင် တော်တော်လုပ်တာပဲ
- It stinks! = နံစော်နေတာပဲ
- It's handy! = အသုံးတည့်ပါတယ်
- Looking good! = ကြည့်လို့ကောင်းတယ်
- Lucky you! = မင်း .. တော်တော်ကံကောင်းတာပဲ
- My treat! = ငါဧည့်ခံတာပါ/ ကျွန်တော် ကျွန်မ ကျွေးမယ်
- Not likely! = မဖြစ်နိုင်ဘူး/ဝေးပါသေးရဲ့
- Not yet! = မပြီးသေးဘူး
- Over here! = ဒီမှာဟေ့
- Watch out! = သတိထား
- You guys! = ကိုယ့်လူတို့
- Why bother? = ဘာလို့ဒုက္ခရှာနေတာလဲ
- Think positively! = အကောင်းဖက်ကတွေးစမ်းပါ
- Search me! = ပန်းပေးတယ်/ကျွန်ုပ်မသိပါ
- You see? = သိလား
- Have fun! = ပျော်ကြ .. ပျော်ကြ / ပျော်သလိုနေကြပါ
- Enjoyable! Delighted! = ကြိုက်တယ်
- Honest work! = သမ္မာအာဇီဝအလုပ်ပဲ
- Right away! = အခုချက်ချင်း
- Come on! = လာလေကွာ
- Shut up! = ပါးစပ်ပိတ်
- Thumbs up! = အောင်ပြီဟေ့
- Hold sit! = ရပ်လိုက်/ခဏနေဦး
- Hold still! = မလှုပ်နဲ့ ငြိမ်ငြိမ်နေ
- God forbid! = ဖွ လွဲစေဖယ်စေ
- Poorly paid! = လခ မစွံဘူး
- Need anything? = ဘာလိုချင်ပါသလဲ
- That's weired! = ကိုးရို့ကားယားကြီး
- It can! = အဲဒါဖြစ်နိုင်တယ်
- Mutual reliance! = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့
- Pardon me! = တဆိတ်လောက်
- Need to talk! = ပြောစရာရှိလို့
- So talk! = အဲလိုဆိုပြောလေ
- Chat! What? = ဘာပြောမှာလဲ ပြောလေ
- Stop that! = တော်ပါ မပြောပါနဲ့တော့
- Well enough! = အခြေအနေ ကောင်းပါတယ်
- What happen? = ဘာဖြစ်နေလဲ
- Any hardship? = ဘာခြားနားနေလို့လဲ 
- How's everything? = အစစအရာရာ အဆင်ပြေရဲ့လား
- Take that! = ကဲကွာ
- Look alive! = မြန်မြန်လုပ်
- Show time! = လှုပ်ရှားလိုက်ကြစို့
- Le go! - လွှတ်စမ်း/ လွှတ်လိုက်ပါ
- Go .. go! = လုပ်ထားကွ
- Nature calls! = အိပ်သာသွားလိုက်ဦးမယ်
- Duty calls! = ကိစ္စလေးပေါ်လာလို့ သွားလိုက်ဦးမယ်
- Near miss! = ထပ်လွဲသွားတယ်ကွာ
- far out! = မိုက်တယ်ကွာ
- Thank God! = တော်ပါသေးရဲ့
- Holy cow! / Good Heavens! = အမလေး
- My ..my! = အမလေး .. လေး
- Who cares? = ဘာဂရုစိုက်စရာရှိလဲ
- Who supervise? = ဘယ်သူ ကမကထလုပ်တာလဲ
- Better talk! = ပြောသင့်တာပေါ့ကွာ
- Doing okay? = အိုကေလား
- Been okay! = အိုကေပါတယ်
- And you? = ခင်ဗျားကော ဘယ်လိုလဲ
- Have courage! = တရားနဲ့ဖြေပါဗျာ
- Which country? = ဘယ်နိုင်ငံကလဲ
- Have it! = စားပါဦး
- What thing? = ဘာတွေလဲ
- Dutch treat! = ကိုယ်စားတာကိုယ်ရှင်း
- Where to? = ဘယ်လဲ
- Just here! = ဒီနားလေးတင်
- Phone calling! = ဖုန်းလာနေတယ်
- Keep trying! = ဆက်ကြိုးစားပါ
- What about? = ဘာတွေပြောနေတာလဲ
- Just gossip! = အတင်းပြောနေကြတာပါ
- No doubt! = အဲဒါတော့ သံသယ မရှိနဲ့
- Lovely voice! = ကောင်းလိုက်တဲ့အသံ
- Can't wait = မစောင့်နိုင်ပါဘူး
- Dear me! = အဲလိုဒုက္ခပါပဲ
- So soon! = မကြာတော့ပါဘူး
- Really splendid! = တကယ်သနားတယ်
- Just relax! = စိတ်အေးအေးထားပါကွာ

Cridit; Sayar Maung Maung Wunn

Sunday, August 7, 2016

အဆိုအမိန့်များ

ငါ့ဘဝ ငါသာသခင် ငါဘုရင်၊ မောင်ပေါ်ထွန်း(မြန်မာပြန်သည်)

၁။ "ကျွန်ုပ်သည် အရာရာကို ကောင်းအောင်လုပ်သလို ကိုယ့်ကိုကိုယ်လည်း ကောင်းအောင်လုပ်၏။ သို့ဆိုလျှင် အခြားဘာမျှ လုပ်စရာမလိုတော့ချေ" #ယွန်ပေါရစ်ချတား (1763-1826) ဂျာမန် ဟာသပညာရှင်
၂။ "ဘာမှ မကြိုးစားဘဲ အောင်မြင်သူထက် ကြိုးစားပြီး မအောင်မြင်သူက ပို၍တန်ဖိုးရှိ၏" #လွိုက်ဂျုန်းစ်၊ ..... အမေရိကန် ဘာသာရေးပညာရှင်
၃။ "ယနေ့၏ ခဏတာအချိန်တိုကလေးများသည် မနေ့ကတစ်နေ့လုံးထက် ပို၍တန်ဖိုးရှိ၏" #ဒီးန်အယ်လ်ဖို့
၎။ "သင့်စိတ်က အဆင်သင့်ဖြစ်နေလျှင် အရာခပ်သိမ်းလည်း သင့်အတွက် အဆင်သင့် ဖြစ်နေလိမ့်မည်" #ဝီလျံရှိတ်စပီးယား (1564-1686) အင်္ဂလိပ် ပြဇာတ်ရေးဆရာ
၅။ "ပညာဟူသမျှကို လွတ်လပ်စွာ သင်ယူနိုင်၏"  #သြဂတ် ဖရိုဘယ် (1782-1852) ဂျာမန် ပညာရေးခေါင်းဆောင်
၆။ "လူတစ်ယောက်အဖို့ ဘဝမှာ ရရှိလာသော အဖိုးတန်အရာဟူသမျှအတွက် တန်ရာတန်ဖိုးကိုတော့ မလွဲမသွေပေးရလိမ့်မည်။ ယင်းတန်ဖိုးကား အခြားမဟုတ်၊ အလုပ်လုပ်ခြင်း၊ သည်းခံးစောင့်စားနိုင်ခြင်း၊ ချင်ခင်မြတ်နိုးခြင်းနှင့် စွန့်လွှတ်နိုင်ခြင်းတို့ ဖြစ်၏ ယင်းတန်ဖိုးကား စက္ကူငွေကြေးမဟုတ်၊ ပေးပါမည်ဟူသော ကတိစကားမဟုတ်၊ လက်တွေ့လုပ်ခြင်းတည်းဟူသော 'ရွှေ' ပင်ဖြစ်၏" #ဂျွန်ဘာရိုး (1837-1920) အမေရိကန် သဘာဝတ္တ ပညာရှင်
၇။ "စိတ်ကို ငြိမ်ငြိမ်ထားပါ။ လူတိုင်းကို ထိန်းနိုင်ပါလိမ့်မည်။" #စိန့်ဂျပ်စ် (1767-94) ပြင်သစ်တော်လှန်ရေးခေါင်းဆောင်
၈။ "အာရုံစိုက်ခြင်းသည် အောင်မြင်မှု၏ တန်ဖိုးဖြစ်၏" #လော့ဒ်နော့သ်ကလစ် (1865-1922) ဗြိတိသျှ စာနယ်ဇင်း လုပ်ငန်းရှင်ကြီး
၉။ "ကိုယ်ကယဉ်ကျေးမှ သူကယဉ်ကျေးလိမ့်မည်။ ယဉ်ကျေးသိမ်မွေ့ခြင်းသည် လူချစ်လူခင်များသော 'သျှို' တစ်ပါး ဖြစ်သည်။ တစ်ခါတစ်ရံ ဝတ္ထုပစ္စည်းများထက် ယင်းတို့နှင့်ပတ်သက်၍ ဆက်ဆံပုံ ဆက်ဆံနည်းက ပို၍အရေးကြီးသည်" #ဂျေ၊ အီး၊ စီ၊ ဝယ်လ်တန်၊ အမေရိကန် သင်းအုပ်ဆရာကြီး
၁၀။ "အခက်အခဲကြောင့် စိတ်ဓာတ်မကျခြင်း၊ ဇွဲဖြင့် ဆက်လက်လုပ်ကိုင်ခြင်းသည် အောင်မြင်ရေးအတွက် အဓိကသော့ချက် ဖြစ်၏" #ဂျိမ်းစ်ဝှစ်ကွမ်းဘဲရီလေး၊ အမေရိကန် ကဗျာဆရာ
၁၁။ "စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုဖြင့် ဖတ်ရာ၏။ ပညာတတ်သုခမိန်ကြီးဖြစ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါမှ မဖတ်ရာ" #သောမတ်၊ အေ၊ ကင်မ်ပစ် (1380-1471) ဂျာမန် သင်းအုပ်ဆရာကြီး
၁၂။ "စာအုပ်များမှရသော ပညာဗဟုသုတကို ဘဝမှရသော ပညာ ဗဟုသုတဖြင့် ဖြည့်ဆည်းရာ၏" #ဟေမလေတန်ရိုက်မာဘီ (1845-1917) အမေရိကန် စာရေးဆရာ၊ အယ်ဒီတာ
၁၃။ "သူများတွေ ဘာတွေးတယ်ဆိုတာ မေ့ထားလိုက်ပါ။ အရေးကြိးတာက ခင်ဗျား ဘာတွေကိုတွေးသလဲဆိုတဲ့ အချက်ပဲ။ ခင်ဗျားကိုယ်ကို ခင်ဗျားယုံကြည်ဖို့ပဲ" #နီကိုလပ် ဘက်ဖယ်

မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........

မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........

သည်းစွာသောအနာကို
ကုစားပါအံ့
သမီး၏လုံ့လဝီရိယဖြင့်
နာလန်ထူပါစေအံ့ ...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အားသိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ ..

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ် ...

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား ...

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
အသင်တို့သည်လည်း
ပျော်မြူးကြရမည် ...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု ...

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ
တောင့်တပါ၏ ...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။  ။

Credit; ဒေါ်အာင်ဆန်းစုကြည်

Monday, March 7, 2016

အရူးအတွေး - ၎

ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာပါကောလား။ အင်း အလုပ်တွေများနေတာနဲ့ အေးအေးလူလူ အတွေးနယ်မချဲ့ရတောင်ကြာပေါ့။ ကြာဆို အလုပ်ကလဲ ဆက်တိုက်ပဲကို ဒါတောင် အတော်လုပ်ယူရတာကလား။ ခုတော့ စားခွက်ပျောက် အဲအဲ ဟုတ်ပေါင် အလုပ်ကလဲ နားပြီဆိုတော့ကာ အချိန်တွေပိုတော့ တောင်တွေး၊ မြောက်တွေးနဲ့ စာလေးဘာလေးရေးပြီး လူငယ်လူရွယ်တွေ အသိပညာ ဗဟုသုတတိုးရေး အတွက် ငါ့အတွေ့အကြုံတွေ ပြန်လည်မျှဝေရပေမပေါ့လေ။ လူမှုကယ်ဆယ်ရေးအသင်းဝင်ထားပြီးသားဆိုတော့ ပရနဲ့ ဟိတ တို့နောက်ကလိုက်ပြီး တွဲလုပ်ရမယ် .. ကုသိုလ်လဲရ .. ဝမ်းလဲ .. ဝ .. ဝ ..

"ဦးလေး .. တစ်ယောက်ထဲလားဗျ"

"ဟေ .. အေး မောင်တောက်ထိန် လာလကွာ .. ဘယ်ကလာတာလဲ .. "

"ပျင်းနေလို့ ဦးလေးပြောတာတွေနားထောင်ပြီး ရီရမလားလို့ အဲ .. ယောင်လို့ ဗဟုသုတများ ရမလားလို့ပါ ဦးလေးရ"

"အေးမောင်တောက်ထိန်ရ မင်းလိုလူငယ်မျိုးမှ ဦးလေးက ရွှီးလို့ကောင်း အဲ .. အဲ .. သဘောကျသကွ .. ဘာလို့လဲဆိုတော့ မင်းတို့ လေးတွေက နောင်တစ်ချိန် တိုင်းပြည်ကို ဦးဆောင်မဲ့ တက်လူလေးတွေမလား .. ဦးလေးတို့က သုံးစားမရတော့ဘူးလေကွာ .. "

"ဦးလေးသုံးစားမရတော့တာ သိပါတယ်ဗျာ .. ရွေးကောက်ပွဲပြီးကထဲက ဦးလေးလဲ ငုတ်တုတ်ကြီးထိုင် ငူငူ ငိုင်ငိုင်နဲ့ လာသမျှလူကို အာရွှီးလုပ်နေတာ .. ဒေါ်လေး ဒေါ်လှမေကတောင် အပြစ်တင်ချင်နေပြီမလား"

"အေး .. အမ်မာ ဘာကွ လှမေလား ငါ့ကို အပြစ်တင်မှာ ငါလုပ်ကြွေးခဲ့လို့ ဒီလိုနေနိုင်တာ ဒင်းလား ငါ့အပြစ်တင်ရဲမှာ"

ကျုပ်စကားမဆုံးသေးဘူး လှမေက ကောက်ခါငင်ခါ ကျုပ်ကို ခုလို လှမ်းမေးလိုက်သေးသဗျ ..

"တော့.... လည်ယာပြန်စားရေး အိမ်ဦးနတ်ကြီး .. တော် .. ဘာပြောလိုက်တယ်  တော့စကားလေး ပြန်ပြောလိုက်စမ်းဘာ .. ကျုပ်မကြားလိုက်လို့ .."

ဆိုတော့ကာ ကျုပ်မှာ မျက်စိသူငယ် နားသူငယ်အမူအရာလေးနဲ့ မချိပြုံးလေးပြုံးရင်းက

"ဘာမှမပြောပါဘူး .. လှမေရာ .. ဒီမှာ မောင်တောက်ထိန်က .. မင်းကို အပြစ်ပြောနေလို့ ငါက မင်းအပြစ်မဟုတ်ပါဘူးပြောပြီး .. ဆုံးမနေတာပါကွာ .."

"ဟာ .. ဦးလေး ခင်ဗျားက ဗြောင်လိမ် ဗြောင်စားပဲဗျာ .. မုံလာဥကို အတင်း ငရုတ်သီးလုပ်နေပြန်ပြီ"

"ဟျောင် မင်းက နားမလည်ရင်လဲ ပြောတာနားထောင် .. ဒီမှာကောင်လေးလူကြီးတွေရဲ့ ခိုင်းသမျှ အဲ့ပညာနဲ့ အောင်မြင်အောင်လုပ်ခဲ့တာ မင်းနားလည်လား .. အဲ့ပညာတတ်ရုံနဲ့မရဘူးမောင် .. အတွေ့အကြုံလိုတယ် .. မျက်နှာပြောင်ရဲရတယ် .. အရှက်မရှိခပ်တည်တည်နဲ့ပြောရဲရတယ်ကွ .. "

"အိုဗျာ .. ဦးလေးတို့ အဲ့ခေတ်ကုန်ပြီ .. 15 မှာ ကျန်ခဲ့ပြီဦးလေးရ နားလိုက်တော့ .. ဒါ 16 မရတော့ဘူးဦးလေး"

"ဟ .. မရတော့ပေမဲ့ ရသလောက် လက်ကျန် အကုန်ရှင်းခဲ့ပြီးပြီလေကွာ .. ခု ငါ့မှာ ပေါင်စားဖို့ ပုဆိုးတောင် ဒီတစ်ထည် .. အဲ .. မင်းလုပ်မှ အမှန်တွေပြော ဟာ .. ဟုတ်သေးပါဘူး ဘာတွေပြောနေမိကုန်မှန်းမသိတော့ဘူး .. လူကြီးကိုကွာ"

"အဲ့ဒါ .. အဲ့ဒါပဲ ဦးလေးရ အရိုးအရင်းလေးပေးကိုက်တာ ကယ်တင်ရှင်ထင်နေတာကိုဗျ .. ဦးလေး ကောင်းရောင်းကောင်းဝယ်လုပ်စားရင် ခုချိန် တိုက်နဲ့နေရချင် နေရမှာလေဗျာ .. ခုတော့ အရိုးအရင်းကိုက်နေတယ် ဦးလေးကိုယ်တိုင်က ခေါင်းဆောင်စိတ် မမွေးပဲ နောက်လိုက်စိတ်ပဲမွေးနေတာကိုးဗျ"

"ဟျောင် မင်းက ဘယ်လောက်များ နားလည်လို့ ငါ့လာဝေဖန်နေတာလဲဟမ် .. မင်းထမင်း နပ်မမှန်ချင်တော့ဘူးထင်တယ်"

"အဲ့ခေတ်ကုန်ပြီဦးလေးရ ဦးလေးနဲ့ ပြောရတာ ရီစရာလဲမပါ၊ ဗဟုသုတလဲမရ အရိုးအရင်းကိုက်ရတာကို တသသလုပ်နေတယ် နေခဲ့တော့ဦးလေးရေ .. နေတတ်ရင် ကျေနပ်စရာဆိုပေမဲ့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်မြင့်မှာ တိုင်းပြည်မြင့်မှာဗျ ..."

"တယ် ဒီကောင်လေး အရင်အချိန် အရင်စိတ်နဲ့ဆို ဒင်းနေရာတင် ငုတ်တုတ်မေ့ပြီ ... ဟင်း .. ဟင်း .. ငါနော် ..."

Author: S.Ht
Cartoon: Internet

Tuesday, September 22, 2015

အရူးအတွေး - ၃






အင်း ... ဒီနေ့ လဲ ထုံးစံအတိုင်း အတွေးထဲ နယ်ချဲ့လိုက်အုံးမှပဲ။ ။။ အရင်တစ်ခေါက်ကလဲ ကောင်းကောင်း မတွေးရ ဒီနေ့တော့ ဘာအကြောင်းဖြစ်ဖြစ် ရောက်ရာပေါက်ရာ တွေးပြစ်လိုက်မယ် လာလေ့ ......

- ဗျို့ ဦးလေး ဘာလုပ်နေလဲဗျ။

- ထုံးစံအတိုင်းပေါ့ ပက်လက် နိုင်ငံခြားသားခုံပေါ်မှာ ထန်းရည်လေးငုံပြီး အခွန်မဆောင်ရတဲ့အတွေးသစ်တွေနဲ့ ဇိမ်ကျနေတာလေကွာ .. ဒါကိုများ မနာလိုသူတွေက ငါ့ကို ဘာတဲ့ စစ်ခွေးတဲ့ ... မြိုးမြိုးမြက်မြက် အရိုးအရင်းကိုက်ရတာကို မမြင်ကြ မကိုက်ဘူးကြတော့ ပြောပေမပေါ့။ သူတို့လဲ ဘာထူးလဲ ဘာတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုလားပဲ ပါးစပ်ကကိုမချဘူး အက်ဇရေးရှင်းနဲ့ မျိုးကွဲတစ်မျိုးပဲနေမှာ...

- အူးလေး ကြည့်လိုက်ရင် ခုံပေါ်မှာ ထန်းရည်နဲ့ ထိုင်နေတာပဲတွေ့တယ်။ ပြောတော့ဖြင့် ပေ သုံးသောင်းအောက်ကို မဆင်းဘူး ....

- ဟ ... အသက်ကလေးကလဲရလာတော့ အလုပ်လေးတွေ လျှော့ပြီး အပြောလေးတွေနဲ့ သက်သေပြရတော့တာပေါ့ကွ ... နို့ ... နေစမ်းပါအုံး ငါ့သာပြောနေ မင်းကကော ဘာများလုပ်နိုင်လို့လဲ .. ငါတိုင်းပြည်အတွက် ဘယ်လောက်လုပ်နေသလဲ မင်းမှမသိနိုင်တာ....

- အူးလေးရာ မသိတဲ့လူတွေကြနေတာပဲ ... လူတစ်စုကောင်းဖို့လုပ်တာ တိုင်းပြည်အတွက်လို့ အူးလေးမို့ မရှက်မကြောက် ...

- အောင်မာ .... မတ်ခွက်နဲ့ မျက်ခွက်ကို ပိန်လိမ်ရှုံ့ သွားအောင် ပလေးလိုက်ရ မကောင်းရှိတော့မယ် ... ဟကောင်လေး ငါက အိပ်ယာထတိုင်း မိမိတိုင်းပြည်ကိုကောင်းအောင် ကြိုးစားမည် လို့ သစ္စာဆိုပြီးမှ ထတာကွ .....

- ဟမလေးးးး လေး .... အူးလေးရာ သစ္စာဆိုတာ စိတ်ထဲကမပါပဲဆိုနေတာမျိုးများ ဘယ်မှာသွားကြည့်ကြည့် ကြားနေမြင်နေရတာပဲ။ ဆိုပြီးတော့ ကိုယ့်နေရာလဲကိုယ်ရောက်ကော ငါ၊ ငါ့အမျိုး ကောင်းစားရေးလဲဖြစ်ကောလေ ...ဝေးဝေးကြည့်စရာကိုမလိုဘူး..... အူးလေးကိုကြည့်တာနဲ့ အထင်းသားပဲဟာ .....

- ဟ ... မင်းများပြီနော် ....

- အဲ့ဒါပဲ ... အူးလေးတို့ လူကြီးဆိုတဲ့သူတွေ .. လူပဲကြီးပြီး ဦးနှောက်က လိုက်မကြီးလာတာ အရမ်းစိတ်ပျက်ဖို့ကောင်းတယ် ... ဝေဖန်လဲမခံနိုင် .. ဆရာလဲ မခေါ်ချင်... ငါသိ၊ ငါတတ်၊ ငါမှန် လုပ်နေမှတော့ အမှားမမြင် ဘယ်မှာလာ တိုင်းပြည်ကတိုးတက်တော့မှာလဲ ....

- ဟျောင် ... မင်းက ငါ့အတွေးထဲလာပြီး လူတွင်ကျယ်လာလုပ်နေတယ် ဟလား ...

- အဲ့ဒါပြောတာ ... မှားနေတာအဲ့ဒါ ... ပြင်ရမှာအဲ့ဒါ ... အူးလေးအတွေးကို အူးလေးပိုင်တယ်ထင်နေတယ် .. အဲ့ဒါကြောင့်ပြောတာက မိုးထိ .. ဆိုတာတဲ့သီချင်းက သီချင်းကြီး ... ကတဲ့အကက ချိုမိုင်မိုင် ... ဒါနဲ့များ အိပ်ယာထတိုင်း မိမိတိုင်းပြည်ကိုကောင်းအောင် ကြိုးစားပါမည်လို့ သစ္စာဆိုသတဲ့ .... အတော်ပြောင်မြောက်တဲ့ ပျက်လုံးပဲ အူးလေးရာ ...

- အာ ... ဒီကောင် ... ကောင် ....

ဂလင် .. ဂလင် .. ဂလင် .. ဂလင် .. ကတောက်စ် အတွေးကို ဘယ်တော့မှ ဖြောင့်ဖြောင့်မတွေးရပါလား .............

- ဘာပဲဖြစ်ဖြစ် အသုံးပြတ်နေပြီဆိုတော့လဲ .... ဟဲ ... ဟဲ ....

Author; S.Ht
Credit; Photo Internet

Saturday, September 19, 2015

တရေးနိုးအိပ်မက်


ကျုပ်ရဲ့မျက်လုံးနှစ်လုံးကို အသေအချာပွတ်လိုက်တယ်။
ပြီးတော့ ထပ်ပွတ်တယ်။
ပြီးတော့ ပြူးကြည့်တယ်။
ပြီးတော့ ဖြဲသဲပြီးတော့ကိုကြည့်တယ်။

ဟုတ်ရဲ့လား--လို့ သေသေချာချာ ထပ်ကြည့်တယ်။

အိုးးးးးး

ခြင်္သေ့-- ဆင်-- အကိုအရှောင်နဲ့ ဖြုတ်တို့ပါလား။

"ကဲ--ဆို--ဘာကိတ်။"

"အဟမ်း---"

ခြင်္သေ့က ချောင်းကိုတစ်ချက်ဟန့်လိုက်တယ်။

" 77ကိတ် -- အဲလေ၊ ယောင်လို့ .. ဘာကိတ်ရယ် ညာကိတ်ရယ်လို့တော့ မဟုတ်ပါဘူး။ မဲပေးချင်လို့ပါ။ "

" ဘာ ..... "


ကျုပ်ရဲ့အသံက အတော်ကိုကျယ်လောင်သွားလို့ထင်တယ်။ ခြင်္သေ့တစ်ကောင် လန့်လို့ ဖလူဖလူနဲ့ တောင်ဖြစ်သွားတယ်။

" ဟာ .... လန့်ထာဗျာ။ ဟုတ်တယ်ဗျ။ တိရစ္ဆာန်တော့ တိရစ္ဆာန်ပဲ။ ဒါပေမဲ့ မဲပေးခွင့်ရမလားလို့ ---- ပေးလို့ရရင် ပေးမယ်ဗျာ။ ကျုပ်ကတော့ ကြံ့ဖွတ် -- အဲ - အဲ -- ပြည်ခိုင်ဖြိုးပဲ"

" ဘာ ..... "


နောက်တစ်ခေါက် ထပ်-ဘာ-ပလိုက်တယ်။

" မဘာနဲ့ .. ဒီပါတီကလူကြီးတွေကောင်းလို့သာကျုပ်တို့ဘဝတွေ ရေမြင့်ကြာတင့်ခဲ့ရတာဗျ။ အဟက် -- ဟက်။ လူရယ် တိရစ္ဆာန်ရယ် မခွဲခြားဘဲ နေရာပေးတတ်တဲ့အစိုးရဲဗျ။ ခုဆိုတောထဲကကျုပ်တို့ဘဝဟာ စက္ကူပေါ် မိန့်မိန့်ကြီးထိုင်ပြီး တန်ဖိုးတွေရှိနေလိုက်တာများ ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်းတောင် နေရာဖယ်ပေးလိုက်ရတယ်မဟုတ်လား။ အဟက်ဟက်-- ဒီလိုအဆင့်အတန်းမခွဲခြားတဲ့အစိုးရ ကျုပ်တို့အစိုးရဗျ။"
" ထောက်ခံပါတယ် .. ထောက်ခံပါတယ်"

ဒီတစ်ခါ အကျယ်ကြီးထအော်တဲ့သူကတော့ ကိုရွှေဆင်ကြီးဗျ။

အဲမှာ-
ကိုအရှောင်ကလည်း ဝင်ပြောတယ်။

" ဝလည်း စီကီစ္စကိုပဲ ပြောချင်လာပါ။ ကျီလော်ဟာ သီမတကြီးလဲ့ နှီလုံးစားကို ရွှေချပြီး စီန်ကွပ်ပေးထားချင်လို့ပါ။------ ဝတို့ တီတောလုံး ခုတ်ခဲ့လာတောင် ခွင့်လွှတ်ခဲ့တဲ့ နှီလုံးစား၊ အဲ့နှီလုံးစားကို ရွှေချခွင့်ပြုပါ။ -- အဟက်ဟက်"

" ထောက်ခံပါတယ် .. ထောက်ခံပါတယ်"

အမယ် -- ဒီတစ်ခါထောက်ခံသူကတော့ ကိုဖြုတ်ဗျ။

"ကျုပ်တို့ဘဝတွေဟာ အစက အရမ်းကို သိမ်ငယ်ရပါတယ် ---
ဖြုတ်ဦးနှောက် --- ဖြုတ်ဦးနှောက်ဆိုပြီး ...
ခုတော့ အဲ့လိုမဟုတ်တော့ဘူးဗျ။ ကျုပ်တို့ဦးနှောက်ထက်သေးတဲ့ ဦးနှောက်တွေကို မြန်မာပြည်မှာ အများကြီးမွေးမြူထားပြီးပြီဗျ။ ဒီတော့ ကျုပ်တို့မျက်နှာငယ်စရာမလိုတော့ဘူး။ အဲ့လိုမျက်နှာမငယ်ရအောင် ကျုပ်တို့ဘဝတွေကို မြှင့်တင်ပေးခဲ့တဲ့ ကြံ့ဖွတ်ပါတီကို ကျုပ်လည်း အပြတ်ရယ် အသတ်ရယ် ထောက်ခံပါတယ်"


"ဘာာာာာာာာ"

ကျုပ်ရဲ့--ဘာအဆုံး ဝုန်းခနဲ အသံနဲ့အတူ ..
ကုန်းထလိုက်တယ် ..
ကုတင်ပေါ်က ပြုတ်ကျသွားတာကိုး

အိပ်မက် မက်နေဒါဘာာာာ
အိမ်မက် မက်နေဒါဘာာာာာာာာ။

Author; Thitsar Thakhin
Cartoon Credit;  cartoonist Saw Naing