Showing posts with label Satire. Show all posts
Showing posts with label Satire. Show all posts

Monday, March 7, 2016

အရူးအတွေး - ၎

ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာပါကောလား။ အင်း အလုပ်တွေများနေတာနဲ့ အေးအေးလူလူ အတွေးနယ်မချဲ့ရတောင်ကြာပေါ့။ ကြာဆို အလုပ်ကလဲ ဆက်တိုက်ပဲကို ဒါတောင် အတော်လုပ်ယူရတာကလား။ ခုတော့ စားခွက်ပျောက် အဲအဲ ဟုတ်ပေါင် အလုပ်ကလဲ နားပြီဆိုတော့ကာ အချိန်တွေပိုတော့ တောင်တွေး၊ မြောက်တွေးနဲ့ စာလေးဘာလေးရေးပြီး လူငယ်လူရွယ်တွေ အသိပညာ ဗဟုသုတတိုးရေး အတွက် ငါ့အတွေ့အကြုံတွေ ပြန်လည်မျှဝေရပေမပေါ့လေ။ လူမှုကယ်ဆယ်ရေးအသင်းဝင်ထားပြီးသားဆိုတော့ ပရနဲ့ ဟိတ တို့နောက်ကလိုက်ပြီး တွဲလုပ်ရမယ် .. ကုသိုလ်လဲရ .. ဝမ်းလဲ .. ဝ .. ဝ ..

"ဦးလေး .. တစ်ယောက်ထဲလားဗျ"

"ဟေ .. အေး မောင်တောက်ထိန် လာလကွာ .. ဘယ်ကလာတာလဲ .. "

"ပျင်းနေလို့ ဦးလေးပြောတာတွေနားထောင်ပြီး ရီရမလားလို့ အဲ .. ယောင်လို့ ဗဟုသုတများ ရမလားလို့ပါ ဦးလေးရ"

"အေးမောင်တောက်ထိန်ရ မင်းလိုလူငယ်မျိုးမှ ဦးလေးက ရွှီးလို့ကောင်း အဲ .. အဲ .. သဘောကျသကွ .. ဘာလို့လဲဆိုတော့ မင်းတို့ လေးတွေက နောင်တစ်ချိန် တိုင်းပြည်ကို ဦးဆောင်မဲ့ တက်လူလေးတွေမလား .. ဦးလေးတို့က သုံးစားမရတော့ဘူးလေကွာ .. "

"ဦးလေးသုံးစားမရတော့တာ သိပါတယ်ဗျာ .. ရွေးကောက်ပွဲပြီးကထဲက ဦးလေးလဲ ငုတ်တုတ်ကြီးထိုင် ငူငူ ငိုင်ငိုင်နဲ့ လာသမျှလူကို အာရွှီးလုပ်နေတာ .. ဒေါ်လေး ဒေါ်လှမေကတောင် အပြစ်တင်ချင်နေပြီမလား"

"အေး .. အမ်မာ ဘာကွ လှမေလား ငါ့ကို အပြစ်တင်မှာ ငါလုပ်ကြွေးခဲ့လို့ ဒီလိုနေနိုင်တာ ဒင်းလား ငါ့အပြစ်တင်ရဲမှာ"

ကျုပ်စကားမဆုံးသေးဘူး လှမေက ကောက်ခါငင်ခါ ကျုပ်ကို ခုလို လှမ်းမေးလိုက်သေးသဗျ ..

"တော့.... လည်ယာပြန်စားရေး အိမ်ဦးနတ်ကြီး .. တော် .. ဘာပြောလိုက်တယ်  တော့စကားလေး ပြန်ပြောလိုက်စမ်းဘာ .. ကျုပ်မကြားလိုက်လို့ .."

ဆိုတော့ကာ ကျုပ်မှာ မျက်စိသူငယ် နားသူငယ်အမူအရာလေးနဲ့ မချိပြုံးလေးပြုံးရင်းက

"ဘာမှမပြောပါဘူး .. လှမေရာ .. ဒီမှာ မောင်တောက်ထိန်က .. မင်းကို အပြစ်ပြောနေလို့ ငါက မင်းအပြစ်မဟုတ်ပါဘူးပြောပြီး .. ဆုံးမနေတာပါကွာ .."

"ဟာ .. ဦးလေး ခင်ဗျားက ဗြောင်လိမ် ဗြောင်စားပဲဗျာ .. မုံလာဥကို အတင်း ငရုတ်သီးလုပ်နေပြန်ပြီ"

"ဟျောင် မင်းက နားမလည်ရင်လဲ ပြောတာနားထောင် .. ဒီမှာကောင်လေးလူကြီးတွေရဲ့ ခိုင်းသမျှ အဲ့ပညာနဲ့ အောင်မြင်အောင်လုပ်ခဲ့တာ မင်းနားလည်လား .. အဲ့ပညာတတ်ရုံနဲ့မရဘူးမောင် .. အတွေ့အကြုံလိုတယ် .. မျက်နှာပြောင်ရဲရတယ် .. အရှက်မရှိခပ်တည်တည်နဲ့ပြောရဲရတယ်ကွ .. "

"အိုဗျာ .. ဦးလေးတို့ အဲ့ခေတ်ကုန်ပြီ .. 15 မှာ ကျန်ခဲ့ပြီဦးလေးရ နားလိုက်တော့ .. ဒါ 16 မရတော့ဘူးဦးလေး"

"ဟ .. မရတော့ပေမဲ့ ရသလောက် လက်ကျန် အကုန်ရှင်းခဲ့ပြီးပြီလေကွာ .. ခု ငါ့မှာ ပေါင်စားဖို့ ပုဆိုးတောင် ဒီတစ်ထည် .. အဲ .. မင်းလုပ်မှ အမှန်တွေပြော ဟာ .. ဟုတ်သေးပါဘူး ဘာတွေပြောနေမိကုန်မှန်းမသိတော့ဘူး .. လူကြီးကိုကွာ"

"အဲ့ဒါ .. အဲ့ဒါပဲ ဦးလေးရ အရိုးအရင်းလေးပေးကိုက်တာ ကယ်တင်ရှင်ထင်နေတာကိုဗျ .. ဦးလေး ကောင်းရောင်းကောင်းဝယ်လုပ်စားရင် ခုချိန် တိုက်နဲ့နေရချင် နေရမှာလေဗျာ .. ခုတော့ အရိုးအရင်းကိုက်နေတယ် ဦးလေးကိုယ်တိုင်က ခေါင်းဆောင်စိတ် မမွေးပဲ နောက်လိုက်စိတ်ပဲမွေးနေတာကိုးဗျ"

"ဟျောင် မင်းက ဘယ်လောက်များ နားလည်လို့ ငါ့လာဝေဖန်နေတာလဲဟမ် .. မင်းထမင်း နပ်မမှန်ချင်တော့ဘူးထင်တယ်"

"အဲ့ခေတ်ကုန်ပြီဦးလေးရ ဦးလေးနဲ့ ပြောရတာ ရီစရာလဲမပါ၊ ဗဟုသုတလဲမရ အရိုးအရင်းကိုက်ရတာကို တသသလုပ်နေတယ် နေခဲ့တော့ဦးလေးရေ .. နေတတ်ရင် ကျေနပ်စရာဆိုပေမဲ့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်မြင့်မှာ တိုင်းပြည်မြင့်မှာဗျ ..."

"တယ် ဒီကောင်လေး အရင်အချိန် အရင်စိတ်နဲ့ဆို ဒင်းနေရာတင် ငုတ်တုတ်မေ့ပြီ ... ဟင်း .. ဟင်း .. ငါနော် ..."

Author: S.Ht
Cartoon: Internet

Tuesday, September 22, 2015

အရူးအတွေး - ၃






အင်း ... ဒီနေ့ လဲ ထုံးစံအတိုင်း အတွေးထဲ နယ်ချဲ့လိုက်အုံးမှပဲ။ ။။ အရင်တစ်ခေါက်ကလဲ ကောင်းကောင်း မတွေးရ ဒီနေ့တော့ ဘာအကြောင်းဖြစ်ဖြစ် ရောက်ရာပေါက်ရာ တွေးပြစ်လိုက်မယ် လာလေ့ ......

- ဗျို့ ဦးလေး ဘာလုပ်နေလဲဗျ။

- ထုံးစံအတိုင်းပေါ့ ပက်လက် နိုင်ငံခြားသားခုံပေါ်မှာ ထန်းရည်လေးငုံပြီး အခွန်မဆောင်ရတဲ့အတွေးသစ်တွေနဲ့ ဇိမ်ကျနေတာလေကွာ .. ဒါကိုများ မနာလိုသူတွေက ငါ့ကို ဘာတဲ့ စစ်ခွေးတဲ့ ... မြိုးမြိုးမြက်မြက် အရိုးအရင်းကိုက်ရတာကို မမြင်ကြ မကိုက်ဘူးကြတော့ ပြောပေမပေါ့။ သူတို့လဲ ဘာထူးလဲ ဘာတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုလားပဲ ပါးစပ်ကကိုမချဘူး အက်ဇရေးရှင်းနဲ့ မျိုးကွဲတစ်မျိုးပဲနေမှာ...

- အူးလေး ကြည့်လိုက်ရင် ခုံပေါ်မှာ ထန်းရည်နဲ့ ထိုင်နေတာပဲတွေ့တယ်။ ပြောတော့ဖြင့် ပေ သုံးသောင်းအောက်ကို မဆင်းဘူး ....

- ဟ ... အသက်ကလေးကလဲရလာတော့ အလုပ်လေးတွေ လျှော့ပြီး အပြောလေးတွေနဲ့ သက်သေပြရတော့တာပေါ့ကွ ... နို့ ... နေစမ်းပါအုံး ငါ့သာပြောနေ မင်းကကော ဘာများလုပ်နိုင်လို့လဲ .. ငါတိုင်းပြည်အတွက် ဘယ်လောက်လုပ်နေသလဲ မင်းမှမသိနိုင်တာ....

- အူးလေးရာ မသိတဲ့လူတွေကြနေတာပဲ ... လူတစ်စုကောင်းဖို့လုပ်တာ တိုင်းပြည်အတွက်လို့ အူးလေးမို့ မရှက်မကြောက် ...

- အောင်မာ .... မတ်ခွက်နဲ့ မျက်ခွက်ကို ပိန်လိမ်ရှုံ့ သွားအောင် ပလေးလိုက်ရ မကောင်းရှိတော့မယ် ... ဟကောင်လေး ငါက အိပ်ယာထတိုင်း မိမိတိုင်းပြည်ကိုကောင်းအောင် ကြိုးစားမည် လို့ သစ္စာဆိုပြီးမှ ထတာကွ .....

- ဟမလေးးးး လေး .... အူးလေးရာ သစ္စာဆိုတာ စိတ်ထဲကမပါပဲဆိုနေတာမျိုးများ ဘယ်မှာသွားကြည့်ကြည့် ကြားနေမြင်နေရတာပဲ။ ဆိုပြီးတော့ ကိုယ့်နေရာလဲကိုယ်ရောက်ကော ငါ၊ ငါ့အမျိုး ကောင်းစားရေးလဲဖြစ်ကောလေ ...ဝေးဝေးကြည့်စရာကိုမလိုဘူး..... အူးလေးကိုကြည့်တာနဲ့ အထင်းသားပဲဟာ .....

- ဟ ... မင်းများပြီနော် ....

- အဲ့ဒါပဲ ... အူးလေးတို့ လူကြီးဆိုတဲ့သူတွေ .. လူပဲကြီးပြီး ဦးနှောက်က လိုက်မကြီးလာတာ အရမ်းစိတ်ပျက်ဖို့ကောင်းတယ် ... ဝေဖန်လဲမခံနိုင် .. ဆရာလဲ မခေါ်ချင်... ငါသိ၊ ငါတတ်၊ ငါမှန် လုပ်နေမှတော့ အမှားမမြင် ဘယ်မှာလာ တိုင်းပြည်ကတိုးတက်တော့မှာလဲ ....

- ဟျောင် ... မင်းက ငါ့အတွေးထဲလာပြီး လူတွင်ကျယ်လာလုပ်နေတယ် ဟလား ...

- အဲ့ဒါပြောတာ ... မှားနေတာအဲ့ဒါ ... ပြင်ရမှာအဲ့ဒါ ... အူးလေးအတွေးကို အူးလေးပိုင်တယ်ထင်နေတယ် .. အဲ့ဒါကြောင့်ပြောတာက မိုးထိ .. ဆိုတာတဲ့သီချင်းက သီချင်းကြီး ... ကတဲ့အကက ချိုမိုင်မိုင် ... ဒါနဲ့များ အိပ်ယာထတိုင်း မိမိတိုင်းပြည်ကိုကောင်းအောင် ကြိုးစားပါမည်လို့ သစ္စာဆိုသတဲ့ .... အတော်ပြောင်မြောက်တဲ့ ပျက်လုံးပဲ အူးလေးရာ ...

- အာ ... ဒီကောင် ... ကောင် ....

ဂလင် .. ဂလင် .. ဂလင် .. ဂလင် .. ကတောက်စ် အတွေးကို ဘယ်တော့မှ ဖြောင့်ဖြောင့်မတွေးရပါလား .............

- ဘာပဲဖြစ်ဖြစ် အသုံးပြတ်နေပြီဆိုတော့လဲ .... ဟဲ ... ဟဲ ....

Author; S.Ht
Credit; Photo Internet

Saturday, September 19, 2015

တရေးနိုးအိပ်မက်


ကျုပ်ရဲ့မျက်လုံးနှစ်လုံးကို အသေအချာပွတ်လိုက်တယ်။
ပြီးတော့ ထပ်ပွတ်တယ်။
ပြီးတော့ ပြူးကြည့်တယ်။
ပြီးတော့ ဖြဲသဲပြီးတော့ကိုကြည့်တယ်။

ဟုတ်ရဲ့လား--လို့ သေသေချာချာ ထပ်ကြည့်တယ်။

အိုးးးးးး

ခြင်္သေ့-- ဆင်-- အကိုအရှောင်နဲ့ ဖြုတ်တို့ပါလား။

"ကဲ--ဆို--ဘာကိတ်။"

"အဟမ်း---"

ခြင်္သေ့က ချောင်းကိုတစ်ချက်ဟန့်လိုက်တယ်။

" 77ကိတ် -- အဲလေ၊ ယောင်လို့ .. ဘာကိတ်ရယ် ညာကိတ်ရယ်လို့တော့ မဟုတ်ပါဘူး။ မဲပေးချင်လို့ပါ။ "

" ဘာ ..... "


ကျုပ်ရဲ့အသံက အတော်ကိုကျယ်လောင်သွားလို့ထင်တယ်။ ခြင်္သေ့တစ်ကောင် လန့်လို့ ဖလူဖလူနဲ့ တောင်ဖြစ်သွားတယ်။

" ဟာ .... လန့်ထာဗျာ။ ဟုတ်တယ်ဗျ။ တိရစ္ဆာန်တော့ တိရစ္ဆာန်ပဲ။ ဒါပေမဲ့ မဲပေးခွင့်ရမလားလို့ ---- ပေးလို့ရရင် ပေးမယ်ဗျာ။ ကျုပ်ကတော့ ကြံ့ဖွတ် -- အဲ - အဲ -- ပြည်ခိုင်ဖြိုးပဲ"

" ဘာ ..... "


နောက်တစ်ခေါက် ထပ်-ဘာ-ပလိုက်တယ်။

" မဘာနဲ့ .. ဒီပါတီကလူကြီးတွေကောင်းလို့သာကျုပ်တို့ဘဝတွေ ရေမြင့်ကြာတင့်ခဲ့ရတာဗျ။ အဟက် -- ဟက်။ လူရယ် တိရစ္ဆာန်ရယ် မခွဲခြားဘဲ နေရာပေးတတ်တဲ့အစိုးရဲဗျ။ ခုဆိုတောထဲကကျုပ်တို့ဘဝဟာ စက္ကူပေါ် မိန့်မိန့်ကြီးထိုင်ပြီး တန်ဖိုးတွေရှိနေလိုက်တာများ ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်းတောင် နေရာဖယ်ပေးလိုက်ရတယ်မဟုတ်လား။ အဟက်ဟက်-- ဒီလိုအဆင့်အတန်းမခွဲခြားတဲ့အစိုးရ ကျုပ်တို့အစိုးရဗျ။"
" ထောက်ခံပါတယ် .. ထောက်ခံပါတယ်"

ဒီတစ်ခါ အကျယ်ကြီးထအော်တဲ့သူကတော့ ကိုရွှေဆင်ကြီးဗျ။

အဲမှာ-
ကိုအရှောင်ကလည်း ဝင်ပြောတယ်။

" ဝလည်း စီကီစ္စကိုပဲ ပြောချင်လာပါ။ ကျီလော်ဟာ သီမတကြီးလဲ့ နှီလုံးစားကို ရွှေချပြီး စီန်ကွပ်ပေးထားချင်လို့ပါ။------ ဝတို့ တီတောလုံး ခုတ်ခဲ့လာတောင် ခွင့်လွှတ်ခဲ့တဲ့ နှီလုံးစား၊ အဲ့နှီလုံးစားကို ရွှေချခွင့်ပြုပါ။ -- အဟက်ဟက်"

" ထောက်ခံပါတယ် .. ထောက်ခံပါတယ်"

အမယ် -- ဒီတစ်ခါထောက်ခံသူကတော့ ကိုဖြုတ်ဗျ။

"ကျုပ်တို့ဘဝတွေဟာ အစက အရမ်းကို သိမ်ငယ်ရပါတယ် ---
ဖြုတ်ဦးနှောက် --- ဖြုတ်ဦးနှောက်ဆိုပြီး ...
ခုတော့ အဲ့လိုမဟုတ်တော့ဘူးဗျ။ ကျုပ်တို့ဦးနှောက်ထက်သေးတဲ့ ဦးနှောက်တွေကို မြန်မာပြည်မှာ အများကြီးမွေးမြူထားပြီးပြီဗျ။ ဒီတော့ ကျုပ်တို့မျက်နှာငယ်စရာမလိုတော့ဘူး။ အဲ့လိုမျက်နှာမငယ်ရအောင် ကျုပ်တို့ဘဝတွေကို မြှင့်တင်ပေးခဲ့တဲ့ ကြံ့ဖွတ်ပါတီကို ကျုပ်လည်း အပြတ်ရယ် အသတ်ရယ် ထောက်ခံပါတယ်"


"ဘာာာာာာာာ"

ကျုပ်ရဲ့--ဘာအဆုံး ဝုန်းခနဲ အသံနဲ့အတူ ..
ကုန်းထလိုက်တယ် ..
ကုတင်ပေါ်က ပြုတ်ကျသွားတာကိုး

အိပ်မက် မက်နေဒါဘာာာာ
အိမ်မက် မက်နေဒါဘာာာာာာာာ။

Author; Thitsar Thakhin
Cartoon Credit;  cartoonist Saw Naing

Tuesday, September 15, 2015

အရူးအတွေး - ၂


ကဲ မြိုးမြိုးမြက်မြက်ကလေး ပွဲတွေ့ပြီးပြီဆိုတော့ကာ ထပ်မံ၍ စဉ်းစားခန်းဝင်လိုက်အုံးမယ် ... ဟိုတစ်နေ့က ဘုရင်အဖြစ် စဉ်းစားခန်းဝင်တာ အနှောင့်အယှက်များတယ် ဒီတော့ ခုတစ်ခါ တစ်မျိုးပြောင်းကြည့်ရတာပေါ့ ......။

ထုံးစံအတိုင်း ပက်လက်နိုင်ငံခြားသားခုံမှာကျောဆန့်ရင်း ထန်းရည်လေးငုံ လိုက်အုံးမှ .....

အမယ်မယ် ...
ဘယ်သူများလည်းမှတ်တယ် ရွာရိုးလျှောက်လို့ မြောက်ကြွကြွနဲ့ ရွာမြောက်ပိုင်းက မင်းဒင်ပါလား ....
ဆိုစမ်း ဘာကိစ္စ .....

သယ် ..... ရာရာစစ ..
ငါလို လူကြီးကိုများ မင်းဒင်လေးဘာလေးနဲ့ ဂါရဝတရားထားရကောင်းမှန်း မသိလေသလား....
ဒီမှာ ဝမ်းဖိုတိ ...
ငါက အရင်မင်းဒင်မဟုတ်တော့ဘူးကွ ဒီရွာရဲ့ လူကြီးကွ လူကြီး မင်းသေချာမှတ်ထား ...
 ဝါးတားတားလုပ်မယ်တော့ မစဉ်းစားနဲ့မောင် ....

ဟားးး ဟားးး ဟားးး မင်းဒင် .. မင်းဒင် ...
မနေ့တစ်နေ့ကမှ လူကြီးဖြစ်တဲ့မင်းက အာဏာတွေ ပါဝါတွေပြလို့ပါလား။
ဒီမယ် ဟျောင် ....
ဒါ ဒီမိုကရေစီခေတ်ကွ ... ဒီမိုကရေစီခေတ် ....
မှတ်ထား မင်းလိုကောင်မျိုးကို ဝမ်းပါဆင့် နဲ့တင်တောက်ချလို့ရတယ်။

ဟင်းးး ဟင်းးး ဟင်းးးးးးး
မင်းက လေ့လာပါ လေ့လာပါဆိုတော့ မိတုတ်ပဲလိုက်ကြည့်နေတယ်၊
 ခေါင်းသုံးပါလို့ပြောတော့ ဂျွန်းထိုးတယ်၊ ထမင်းဘာနဲ့စားမှာလဲမေးတော့ ပါးစပ်နဲ့လာပြောနေတယ်...
ဒီမှာ ပြည်သူ့ဆန္ဒနဲ့ အရွေးခံထားရတာကွ .....
ဒီရွာမှာ ငါ့ကျေးဇူးနဲ့မကင်းတဲ့သူ လက်ညှိုးထိုးမလွဲဘူးဆိုတာ မင်းမေ့နေပြီထင်တယ်......

ဟေ အဟေးး ဟေးးး
ကျွတ်....ကျွတ်...ကျွတ်.... မင်းဘာမှမသိသေးရှာပါလား ....
ဂျာနယ်လေးဘာလေးဖတ်အုံးမောင် .....
နှင်းဆီအငြိမ့်လေးဘာလေးကြည့်ကွ ...
အဲ့ထဲမှာ နေတိုးပြောထားတာ ငါလဲသေချာမမှတ်မိဘူးမောင် ...
ဘာတဲ့......
 ခုတစ်မျိုး တော်ကြာတစ်မျိုးဆိုလားဘာလား ..လား ... လား... လား.....ဂလင် ...လင်...ဂလင်...လင်..လင်..

ကတောက်စ် ......
လာပြန်ပြီဒီ ဖုန်းက ....
အဟီးးးး
အသုံးပြတ်လို့ မျှော်နေတာလို့ပြောမလိုပါ။
ဒီတစ်ခါ အဆီအနှစ်ပါးပါးလေး ပါမယ်ပြောတော့ မျှော်မိတာပေါ့ဗျာ ........
ကဲအတွေးတစ်ခန်းရပ် နားအုံးမယ်ဗျို့ ....

Author; S.Ht
Cartoon Credit; Cartoonist A Ka

Sunday, September 13, 2015

အရူးအတွေး


အမည် ~ ~ ဝမ်းဖိုတိ
အသက် ~ ~ သာတိဖစ်သ်
အလုပ် ~ ~ နေ့ရှင်း (တွက်ချေကိုက်မှ လိုက်သည်)
ပညာ ~ ~ လက်ရဲ၊ ဇက်ရဲ၊ အသုံးလုံး (ခ) အဆင့်
နေရပ် ~ ~ ပါရာလေပါး၊ မစ္စတာလီ ခမ်းထွီးရ် .... (လူအထင်ကြီးစေရန်)

ခုထိကျုပ်တွေးနေတာ တစ်ခုက ရည်မှန်းချက် အဲ့ရည်မှန်းချက်ကြီး ခုထိတွေးမရဘူးဗျ။ ကျုပ်ကိုယ်ကျုပ် ဘာလုပ်မယ်ဆိုတာ ရည်မှန်းထားတယ်ရယ်လို့ကိုမရှိပါဘဲ ဟောခုကြည့်လေ အမည်၊ အလုပ်၊ ပညာ၊ နေရပ်တွေ တိတိကျကျ ပေးနိုင်ပြီဗျာ ... လိုအပ်တဲ့ အသုံးအဆောင်လေးတွေကို သေချာသိမ်းထားပြီး ကဏ္ဍအလိုက် သူ့နေရာနဲ့သူ အံဝင်အောင် သုံးတတ်ဖို့တော့လိုတာပေါ့ဗျာ။ ကျုပ်ပညာ နည်းတဲ့အရည်အချင်းလားဗျ။ အဲ့သည်တော့ကာ မည်သို့ပင်ဆိုစေကာမူ အတွေးရွက်လွင့်ဖို့ ကျုပ်တစ်ယောက်အတွက် လုံလောက်တယ်၊ ရေချိုးထမင်းစားပြီးတာနဲ့ ကျုပ် ပက်လက်နိုင်ငံခြားသားခုံပေါ်မှာ ကျောမှီ ထန်းရည်လေးကိုငုံ နည်းနည်းချင်းအရသာခံမျိုချရင်း ...

"အလို .... ဟိုးရှေ့ကဟာ နာဂစ်တိုင်းပြည်ပါလာဟရို့ ..."

အတွေးထဲ ခရီးနှင်တာ အတော်ရောက်သားဟ ... အမယ် လူတွေ စုရုံးနေပါ့လား ... ဟန်လိုက်လေဗျာတို့ နက်ဖန်ကျ အိမ်ရှေ့စံရွေးပွဲဆိုပါလား ... ကဲ အတွေးပဲဟာ ဘုရင်ဖြစ်ပြီဗျာ ....

"မင်းကြီးများ ..."

"ဖျာ့ ...."

"ငါကိုယ်တော်တိုင်းပြည် သာယာစည်ပင်ရဲ့လားကွယ်ရို့ ....."

"မှန်လှပါ ဘုန်းတော်ကြောင့် အိမ်ခြေ ၁၀၀ မှာ ၉၉ အိမ် မရှိတော့ကြောင်းပါ ... "

"ဟဲ့ ... တစ်အိမ်ကြီးများတောင် ရှိသေးတယ်လား ..... အိမ်းးး ရှေ့တော်သွင်းစေဗျား ... ဆုတော်လာဘ်တော်များ ချီးမြှင့်ရမယ် ..."

"မှန်လှပါ အဲ့ဒီအိမ်ဟာ အရှင်မင်းကြီးမြှောက်စားလို့ တောက်ကြွားလာတဲ့ ဘဂျမ်းအိမ်ပါဘုရား ခုလည်း အရှင်မင်းကြီး တာဝန်ပေးထားလို့ ပေးတန်တာပေး ကမ်းတန်တာကမ်းရင်း မြိုးမြိုးမြက်မြက်လေး အရိုးအရင်းကိုက်ရာကနေ အရိုးနင်ပြီး သေရှာပြီဘုရား .... "

"ငါလိုဖုန်းရှင်ကန်ရှင် ဘုရင်မင်းမြတ်ရဲ့ လူယုံကိုမှ သေမင်းက မျက်စိကျရသလားဟဲ့ .. အိမ်းးး အဲ့ဒီသေမင်း ရှေ့တော်သွင်းစေ ... မသွင်းနိုင်ရင် သေဒဏ်ပဲဟေ့ .."

"အရှင်ဘုရား သတိထားတော်မူပါ နဂိုကမှ လူမရှိတာ သေဒဏ်ပေးရင်ဖြင့် လူကျန်တော့မှာ မဟုတ်ကြောင်းပါ ဘုရား .."

"သယ် ငါကိုယ်တော်ကို ဝေဖန်ရဲသကိုးး ထုံးစံမရှိလိုက်လေ ... ကဲ မောင်မင်း အမိန့်ချမယ် နာခံစမ်းဟဲ့ ... သေဒဏ်ဆိုတာ မသိ .. သိ .. သိ .. သိ ...
ဂလင် .. ဂလင် .. ဂလင် .. ဂလင် .. ကတောက်စ် အတွေးတောင် ဖြောင့်ဖြောင့်မတွေးရပါလား .............

"ဟ .. လို .... ဟုတ်ကဲ့ ထုံးစံအတိုင်း သတ်မှတ်နေရာမှာ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပေးထားတဲ့ဟာလေးနဲ့ သရုပ်ပြရမှာပဲမဟုတ်လား .. ဟုတ်ကဲ့ .. စိတ်ချပါ .. ဟုတ်ကဲ့ .... ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ဒီတစ်ခါ ရုပ်ဖျက်ပါ့မယ် ... ဟုတ်ကဲ့ ...."

ကဲဗျာ အလုပ်ကပေါ်လာပြီ မြိုးမြိုးမြက်မြက်ကလေး ဆိုတော့လဲ နောက်မှပဲဆက်တွေးတော့မယ် ....... သီအန့်ဒ် ပေါ့ဗျာ. ..

Author; S.Ht
Cartoon Credit; Cartoonist

စက်ရုပ်



မျက်လုံးနှစ်လုံးက အလိုလိုပွင့်လာတယ်ဆိုရင်ပဲ ကျွန်တော် ကိုယ့်ရင်ခုံသံကို အရင်ဆုံးနားထောင်မိတယ်။ ဒုတ်--ဒုတ်--ဒုတ်--ဒုတ် ဆိုတဲ့အသံကြောင့် အလန့်တကြားအိပ်ရာက ငေါက်ခနဲထထိုင်လိုက်တယ်။

အို -- ငါ့ရင်တွေခုန်နေတုန်းပါလား။

ရင်ခုန်တယ်ဆိုတာ အသက်ရှိလို့။ အသက်ရှိလို့ ရင်ခုန်တာ။ အိုးးးး ရှုတ်ယှက်ကိုခတ်နေရော။ မှန်ကိုကြည့်ပြီးရယ်ပြလိုက်ဖို့ ကြိုးစားတယ်။ ကွေးမလာတဲ့နှုတ်ခမ်းနဲ့ မရွေ့တော့တဲ့မျက်လုံး ..... ရင်ခုန်သလောက် သူတို့ကသေနေလိုက်တာများ ..

သေစမ်းဟာ ...
သေစမ်းဟာ ...
သေစမ်းဟာ ~~~ ဆိုပြီး ခမ်ကြမ်းကြမ်းခံစားပစ်လိုက်တာ ...
အဲ့တော့မှ ဘယ်ကမှန်းမသိတဲ့မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာတာ .. အဲဒီမျက်ရည်တွေဟာ မျက်ရည်အစစ်တွေဟုတ်ရဲ့လားလို့ တွေးမိသွားတယ်။ ပါးပေါ်ကမျက်ရည်တွေကိုစမ်းရင်း အယောင်ယောင်အမှားမှားနဲ့ ကျွန်တော့ဦးခေါင်းကိုပြန်စမ်းပလိုက်တာ

တောက် ~ ~

ဒက် ~ ~ ဒက် ~ ~ ဒက် ~ ~ ဒက် ~ ~ နဲ့

ဇက် ~ ~ ဇက် ~ ~ ဇက် ~ ~ ညိတ်နေလိုက်တာများ

နားရင်းကိုဆယ်ခါပြန်လောက်တီးပစ်ချင်စရာ။ အဲ တီးလို့ကလည်းမဖြစ်။ ဒီခေါင်းဒီလိုတဆတ်ဆတ်ညိတ်တတ်လို့သာ ဒီနေ့အထိ မနက်တိုင်း ကိုယ့်ရင်ခုံသံကိုယ်ပြန်ကြားနေရတာ။

အမလေးးးးးး

ညိတ်တတ်တဲ့ခေါင်း ရွှေခေါင်း

ညိတ်တတ်တဲ့ခေါင်း ရွှေခေါင်းဗျနော် ။ ။ ။

အဟက် ~ ~ အဟက် ~ ~ အဟက် ~ ~ ခေါင်းညိတ်တတ်ရင် ဟိုအခန်းထဲဝင်ပြီး ခေါင်းပေါင်းတောင် ပေါင်းရတတ်တယ်ဆိုပဲ။ အဲ ခေါင်းပေါင်း ပေါင်းရင် ဘယ်တော့ချလို့မရဘူးဗျ ~ ~ ~ ~ ~ ~

စတာပါဗျာ။ တောင်ပြော မြောက်ပြောနဲ့ ပျင်းပြေရယ်စရာပြောကြည့်တာပါ။ ဖိတ်ပါတယ်ဗျ။ အားတဲ့တစ်နေ့လောက် အလည်လာဖို့ ။ ။

အဲ ~ ~ ဒီကိုလာရင် မျက်လုံးတွေ ပါလာစရာမလိုဘူး။ ပါးစပ်တွေကိုပိတ်ထားခဲ့။ ခေါင်းတစ်လုံးပါ အိုတောင်မဆင်းရဲဘူးဗျ။

Author; ThitSarThaKhin