Tuesday, September 15, 2015

အရူးအတွေး - ၂


ကဲ မြိုးမြိုးမြက်မြက်ကလေး ပွဲတွေ့ပြီးပြီဆိုတော့ကာ ထပ်မံ၍ စဉ်းစားခန်းဝင်လိုက်အုံးမယ် ... ဟိုတစ်နေ့က ဘုရင်အဖြစ် စဉ်းစားခန်းဝင်တာ အနှောင့်အယှက်များတယ် ဒီတော့ ခုတစ်ခါ တစ်မျိုးပြောင်းကြည့်ရတာပေါ့ ......။

ထုံးစံအတိုင်း ပက်လက်နိုင်ငံခြားသားခုံမှာကျောဆန့်ရင်း ထန်းရည်လေးငုံ လိုက်အုံးမှ .....

အမယ်မယ် ...
ဘယ်သူများလည်းမှတ်တယ် ရွာရိုးလျှောက်လို့ မြောက်ကြွကြွနဲ့ ရွာမြောက်ပိုင်းက မင်းဒင်ပါလား ....
ဆိုစမ်း ဘာကိစ္စ .....

သယ် ..... ရာရာစစ ..
ငါလို လူကြီးကိုများ မင်းဒင်လေးဘာလေးနဲ့ ဂါရဝတရားထားရကောင်းမှန်း မသိလေသလား....
ဒီမှာ ဝမ်းဖိုတိ ...
ငါက အရင်မင်းဒင်မဟုတ်တော့ဘူးကွ ဒီရွာရဲ့ လူကြီးကွ လူကြီး မင်းသေချာမှတ်ထား ...
 ဝါးတားတားလုပ်မယ်တော့ မစဉ်းစားနဲ့မောင် ....

ဟားးး ဟားးး ဟားးး မင်းဒင် .. မင်းဒင် ...
မနေ့တစ်နေ့ကမှ လူကြီးဖြစ်တဲ့မင်းက အာဏာတွေ ပါဝါတွေပြလို့ပါလား။
ဒီမယ် ဟျောင် ....
ဒါ ဒီမိုကရေစီခေတ်ကွ ... ဒီမိုကရေစီခေတ် ....
မှတ်ထား မင်းလိုကောင်မျိုးကို ဝမ်းပါဆင့် နဲ့တင်တောက်ချလို့ရတယ်။

ဟင်းးး ဟင်းးး ဟင်းးးးးးး
မင်းက လေ့လာပါ လေ့လာပါဆိုတော့ မိတုတ်ပဲလိုက်ကြည့်နေတယ်၊
 ခေါင်းသုံးပါလို့ပြောတော့ ဂျွန်းထိုးတယ်၊ ထမင်းဘာနဲ့စားမှာလဲမေးတော့ ပါးစပ်နဲ့လာပြောနေတယ်...
ဒီမှာ ပြည်သူ့ဆန္ဒနဲ့ အရွေးခံထားရတာကွ .....
ဒီရွာမှာ ငါ့ကျေးဇူးနဲ့မကင်းတဲ့သူ လက်ညှိုးထိုးမလွဲဘူးဆိုတာ မင်းမေ့နေပြီထင်တယ်......

ဟေ အဟေးး ဟေးးး
ကျွတ်....ကျွတ်...ကျွတ်.... မင်းဘာမှမသိသေးရှာပါလား ....
ဂျာနယ်လေးဘာလေးဖတ်အုံးမောင် .....
နှင်းဆီအငြိမ့်လေးဘာလေးကြည့်ကွ ...
အဲ့ထဲမှာ နေတိုးပြောထားတာ ငါလဲသေချာမမှတ်မိဘူးမောင် ...
ဘာတဲ့......
 ခုတစ်မျိုး တော်ကြာတစ်မျိုးဆိုလားဘာလား ..လား ... လား... လား.....ဂလင် ...လင်...ဂလင်...လင်..လင်..

ကတောက်စ် ......
လာပြန်ပြီဒီ ဖုန်းက ....
အဟီးးးး
အသုံးပြတ်လို့ မျှော်နေတာလို့ပြောမလိုပါ။
ဒီတစ်ခါ အဆီအနှစ်ပါးပါးလေး ပါမယ်ပြောတော့ မျှော်မိတာပေါ့ဗျာ ........
ကဲအတွေးတစ်ခန်းရပ် နားအုံးမယ်ဗျို့ ....

Author; S.Ht
Cartoon Credit; Cartoonist A Ka

Related Posts:

  • အရူးအတွေး အမည် ~ ~ ဝမ်းဖိုတိ အသက် ~ ~ သာတိဖစ်သ် အလုပ် ~ ~ နေ့ရှင်း (တွက်ချေကိုက်မှ လိုက်သည်) ပညာ ~ ~ လက်ရဲ၊ ဇက်ရဲ၊ အသုံးလုံး (ခ) အဆင့် နေရပ် ~ ~ ပါရာလေပါး၊ … Read More
  • တရေးနိုးအိပ်မက် ကျုပ်ရဲ့မျက်လုံးနှစ်လုံးကို အသေအချာပွတ်လိုက်တယ်။ ပြီးတော့ ထပ်ပွတ်တယ်။ ပြီးတော့ ပြူးကြည့်တယ်။ ပြီးတော့ ဖြဲသဲပြီးတော့ကိုကြည့်တယ်။ ဟုတ်ရဲ့လား--လို့… Read More
  • အရူးအတွေး - ၄ ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာပါကောလား။ အင်း အလုပ်တွေများနေတာနဲ့ အေးအေးလူလူ အတွေးနယ်မချဲ့ရတောင်ကြာပေါ့။ ကြာဆို အလုပ်ကလဲ ဆက်တိုက်ပဲကို ဒါတောင် အတေ… Read More
  • အရူးအတွေး - ၂ ကဲ မြိုးမြိုးမြက်မြက်ကလေး ပွဲတွေ့ပြီးပြီဆိုတော့ကာ ထပ်မံ၍ စဉ်းစားခန်းဝင်လိုက်အုံးမယ် ... ဟိုတစ်နေ့က ဘုရင်အဖြစ် စဉ်းစားခန်းဝင်တာ အနှောင့်အယှက်များတယ်… Read More
  • အရူးအတွေး - ၃ အင်း ... ဒီနေ့ လဲ ထုံးစံအတိုင်း အတွေးထဲ နယ်ချဲ့လိုက်အုံးမှပဲ။ ။။ အရင်တစ်ခေါက်ကလဲ ကောင်းကောင်း မတွေးရ ဒီနေ့တော့ ဘာအကြောင်းဖြစ်ဖြစ် ရောက်ရာပေါက်ရ… Read More

0 comments:

Post a Comment