Monday, February 3, 2014

အနောက်တိုင်းနှင့်အရှေ့တိုင်းစကားပုံဆိုရိုးများ(အပိုင်း-၂)

Credit: ဆရာနေလင်း (နေ့စဉ်သုံးအင်္ဂလိပ်စကားပြော)
                                  အနောက်တိုင်းနှင့်အရှေ့တိုင်း စကားပုံဆိုရိုးများ
21. A swam is out of place among crows and a wise man among fools.
- ငန်းသည် ကျီးများအခယ်၌ နေရန်မသင့်တော်သကဲ့သို့ လူလိမ္မာသည်လည်း လူမိုက်တို့အလယ်၌ နေရန်မသင့်တော်ချေ။
22. A spoon does not perceive the taste of the soup.
- ဇွန်းသည် ဟင်း၏အရသာကို မခံစားနိုင်ချေ။ (ပညာမဲ့သူသည် ပညာရှိနှင့်အတူ ကာလကြာမြင့်စွာ နေစေကာမူ ပညာရှိတို့၏ အသိတရားကို မမြင်နိုင်ချေ။)
23. All that glitters is not gold.
- တောက်ပတိုင်း ရွှေမဟုတ်။
24. All are not man that are in the coat.
- လူတိုင်း အင်္ကျီဝတ်ကြသော်လည်း အင်္ကျီဝတ်ကြသူတိုင်း အသိဥာဏ်၊ လူမှုကျင့်ဝတ်ရှိကြသည်မဟုတ်ပါ။ (ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တိုင်း လူမဟုတ်။)
25. After three days without reading, talks become flavourless.
- သုံးရက်လောက် စာမဖတ်လျှင် စာတွေဟာ ကြည်နူးစရာမရှိ။ (အလိမ္မာ စာမှာရှိ)
26. All have to sleep in the earth.
- အားလုံးသောလူတို့သည် မြေကြီးထဲ၌ အိပ်စက်ရမည်သာ။ (သေသောအခါ လူတန်းစားမရွေး မြေကြီးထဲတွင်မြှုပ်နှံခြင်း ခံရပေမည်။)
27. A friend appears in hard time not at a big dinner.
- မိတ်ဆွေဟူသည် ခမ်းနားသော ညစာစားပွဲ၌ ပေါ်မလာ၊ အခက်အခဲတွေ့နေသောအချိန်များ၌သာ ပေါ်လာတတ်သည်။
28. A false friend is worse than bitter enemy.
- မိတ်ဆွေတု မိတ်ဆွေယောင်သည် မုန်းတီးနေသောရန်ဘက်ထက် ပိုဆို၏။
29. A naked man sits making a jacket for a dog.
- အဝတ်မရှိသော လူတစ်ယောက်သည် ခွေးတကောင်အတွက် အင်္ကျီချုပ်နေ၏။ (မိမိ၌ အကျင့်သီလ ဥာဏ်ပညာမရှိပဲလျက် သူတပါးအား အကျင့်သီလ ဥာဏ်ပညာ သင်ကြားပေး၍ မဖြစ်နိုင်)
30. Apply no ointment to the wound of an oppressor.
- မိမိအား နှိပ်ကွက်သူ၏အနာကို ဆေးထည့်မပေးပါနှင့်။ ( ကျားနာကို ဆေးမထည့်နှင့် )
31. A rose by any other name would smell sweet.
- နှင်းဆီပန်းကို အခြားမည်သည့်နာမည်နှင့်ခေါ်စေကာမူ သူ့နဂိုရနံ့အတိုင်း မွှေးကြိုင်နေမည်သာ။ (ပတ္တမြားမှန်လျှင် နွံနစ်သောလည်း မညစ်ပါ။)
32. A light heart lives long.
- သောကကင်းသောနှလုံး ကြာရှည်စွာနေရ၏။ (ပျော်ပျော်နေသေခဲ)
33. At the end of rainbow there is a pot of gold.
- မိုးသက်တံ့၏အဆုံးတွင် ရွှေအိုးတလုံးရှိသည်။ (အလုပ်တခုကို မိမိရည်မှန်းချက်ပြီးမြောက်သည်အထိ အစမှအဆုံး လုပ်သွားပါက အောင်မြင်မှုကို ရရှိမည်ဟုဆိုလိုသည်)
34. After a storm is a calm.
- လေမုန်တိုင်းကျပြီးလျှင် ရာသီဥတုငြိမ်သက်သည်။ (အဆိုးနှင့်တွေ့ပြီးလျှင် အကောင်းနှင့်တွေ့ရမည်သာ)
35. A close mouth catches no flies.
- ပိတ်ထားသောပါးစပ်ဖြင့် ယင်ကိုဖမ်းကိုက်၍မရ။ (မိမိလိုချင်သောအရာကို ကြိုးစားလုပ်ကိုင်မှသာလျှင် ရနိုင်ပေမည်။)
36. A man is known by his company.
- လူတယောက်၏ အကြောင်းကို သူ့အပေါင်းသင်းမိတ်ဆွေများအား ကြည့်၍ သိနိုင်၏။ (လူသတင်း လူချင်းဆောင်)
37. A small leak will sink a ship.
- အက်ကွဲရာတခုကြောင့် သင်္ဘောတစင်းလုံး မြုပ်သွားနိုင်သည်။ (အန္တရာယ်သည် ကြီးသည်၊ ငယ်သည်မဟူ ဒုက္ခပေးတတ်သည်။)
38. A small spark will made a great fire.
- မီးပွားငယ်တခုကြောင့် မီးတောက်ကြီး ဟုန်းဟုန်းလောင်စေနိုင်သည်။ (အမှိုက်ကစ ပြဿာဒ်မီးလောင်)
39. A drop of milk will not make butter.
- နို့တစက်ဖြင့် ထောပတ်မလုပ်နိုင်။ (နှမ်းတလုံးဖြင့် ဆီမဖြစ်နိုင်)
40. All his geese are swams.
- သူ့ဘဲငန်းအားလုံးသည် တောငန်းချည်းပဲ။ (ကိုယ်ထင် ခုတင်ရွှေနန်း)
41. A good beginning is half battle.
- ဖြောင့်ဖြူးသော လုပ်ငန်းအစပိုင်းသည် တိုက်ပွဲတဝက်အောင်မြင်ပြီးဖြစ်သည်။ (အစကောင်းမှ အနှောင်းသေချာ)
42. Absence makes the heart grows fonder.
- တာရှည်ကွဲကွာနေခြင်းဖြင့် စိတ်ထဲတွင်ပိုမိုစွဲလန်းစေသည်။(ဝေးတသက်သက်)
43. A full purse never lacks friends.
- ပြည့်နေသောအိတ်သည် ဘယ်ခါမျှ မိတ်ဆွေမပြတ်။ (ငွေရှိလျှင် မိတ်ဆွေပေါသည်။)
44. A miss is as good as a mile.
- အမှားတချက်သည် တမိုင်လောက်ခရီးရောက်၏။ (အနည်းငယ်မှားယွင်းသွားခြင်းကား ပြန်ပြင်ရသည့်အခါ အပြင်ရခက်သည်။)
45. A good name is better than riches.
- နာမည်ကောင်းတခုသည် ဥစ္စာပစ္စည်းထက် တန်ဖိုးရှိသည်။ (ဆင်သေလျှင် အစွယ်ကျန်ရမည်၊ လူသေလျှင်နာမည်ကျန်ရမည်)
46. A useful trade is a mine of gold.
- အသုံးကျသောအတတ်ပညာတခုသည် ရွှေတွင်းတတွင်းပင်ဖြစ်၏။
47. Courage is safer than cowardice.
- ရဲစွမ်းသတ္တိသည် ကြောက်စိတ်ထက် ပို၍လုံခြုံ၏။
48. Courtesy costs nothing.
- ယဉ်ကျေးသိမ်မွေ့ခြင်းဖြင့် ကုန်ကျမှုမရှိ။ (လူပိလို့မသေ)
49. Choose your wife by your ears.
- ဇနီးလောင်းကို နားဖြင့်ရွေးပါ။(မျက်စိထက် သူတပါးပြောစကားကို နားထောင်ပြီး ရွေးချယ်ခြင်းက အမှန်နှင့်နီးစပ်နိုင်သည်။)
50. Do not live poor to die rich.
- ချမ်းသာစွာသေဆုံးရန်အတွက် ဆင်းရဲစွာမနေပါနှင့်။ (မစားရက်လောက်တက်)
51. Do as I say, not as I do.
- ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နှင့်။
52. Do what is right, come what may.
- အမှန်အတိုင်းသာလုပ်ပါ၊ ဖြစ်ချင်တာဖြစ်ပါစေ။
53. Don't play second fiddle.
- ဒုတိယခေါင်းဆောင် မလုပ်ပါနှင့်။ (သူများနောက်လိုက် မလုပ်ပါနှင့်)
54. Do not cry for the moon.
- လမင်းကိုတမ်းတ၍ မငိုပါနှင့်။ (မမှီတဲ့ပန်း တုံးခု၍မလှမ်းနှင့်)
55. Do as you would be done.
- သင်ကိုယ်တိုင်ပြုမူခြင်းခံရသလို သူများအပေါ်ပြုမူပါ။ (ကိုယ်ချင်းစာပါ)
56. Don't die till death done.
- သေခြင်းတရားမလာမီ မသေပါနှင့်။
57. Even tender creepers, when unite are strong.
- နွယ်မြက်ပင်ဖြစ်သော်လည်း စုပေါင်းသောအခါ ခိုင်မာသည်။ (ကောက်ရိုးကြိုးကို နွားသိုးမဖြတ်နိုင်)
58. Envy never enriches any man.
- မနာလိုခြင်းသည် မည်သူကိုမျှ ချမ်းသာစေနိုင်မည်မဟုတ်။ (သူတပါးမနာလို ကိုယ်အကျိုးမရှိ)
59. Experience must be bought.
- အတွေ့အကြုံကိုရချင်ယင် တန်ရာတန်ကြေးပေးရမည်။
60. Experience is the teacher.
- အတွေ့အကြုံသည် အကောင်းဆုံးဆရာဖြစ်သည်။
61. Even weariest river winds somewhere into the sea.
-မောမောပန်းပန်း စီးလာရသောမြစ်သည်ပင်လျှင် တနေရာတွင် ပင်လယ်ထဲသို့ စီးဝင်ရလေ၏။
62. Every man has his price.
- လူတိုင်းသည် သူနှင့်သင့်လျော်သော တန်ဖိုးရှိ၏။
63. Every man must carry his own cross.
- ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ့်လမ်းကိုယ်သွား။
64. Everybody is wise after the events.
- လူတိုင်းသည် လက်တွေ့ခံရပြီးနောက်မှ လိမ္မာကြသည်။
65. Every little helps.
- သေးငယ်စေကာမူ စွမ်းဆောင်နိုင်၏။ (ငယ်သည်ကြီးသည်မဟူ၊ သူ့စွမ်းသူ့အင် သူ့နေရာနှင့်သူ အသုံးဝင်သည်)
66. Fine feathers make fine bird.
-အတောင်လှမှ ငှက်လှသည်။(တောင်းမှာအကွပ်၊ လူမှာအဝတ်)
                                                              Credit: ဆရာနေလင်း (နေ့စဉ်သုံးအင်္ဂလိပ်စကားပြော)

0 comments:

Post a Comment