Monday, February 3, 2014

အနောက်တိုင်းနှင့်အရှေ့တိုင်းစကားပုံဆိုရိုးများ(အပိုင်း-၁)

Credit: ဆရာနေလင်း (နေ့စဉ်သုံးအင်္ဂလိပ်စကားပြော)
                           အနောက်တိုင်းနှင့်အရှေ့တိုင်း စကားပုံဆိုရိုးများ
1. A learned man can be appreciated only by another learned man.
ပညာရှိတစ်ဦးကို အခြား ပညာရှိတစ်ဦးကသာ အကဲခတ်နိုင်၏။ (ရွှေအကြောင်းဖယောင်းသိ)
2. A burnt child dreads fire.
မီးလောင်ခံရဖူးတဲ့ကလေး နောက်တစ်ခါ မီးလောင်ခံရမှာကို ကြောက်တယ်။(တခါသေဘူး ပျဉ်ဖိုးနားလည်)
3. A frog, never having seen the ocean, considers its well a great sea.
သမုဒ္ဒရာ မမြင်ဘူးသော ဖားသူငယ်သည် မိမိတွင်း၌ရှိသောရေကို ကြီးမားသောပင်လယ်ဟု ထင်၏။ (မမြင်ဘူး မူးမြစ်ထင်)
4. A bird in hand is worth two in the bush.
- လက်ထဲမှာရှိသောငှက်သည် ချုံထဲမှာရှိသောငှက်နှစ်ကောင်ထက် အဖိုးတန်တယ်။ (ရှိသည်က မရှိသည်ထက်ကောင်း)
5. A fool and his money are soon parted.
- လူမိုက်နှင့်ငွေအတူမနေ။
6. As the tree is , so is the fruit.
- သစ်ပင်အလိုက် အသီးသီး၏။(ငှက်ပျောပင်စိုက် မိ-လိုက် ဖ-ပါ)
7. All fish that comes to his net.
- ငါးအားလုံးကတော့ သူ့ပိုက်ထဲ ဝင်သွားတာပဲ။ (မရ ဒသကချိုင်)
8. A mouth that prays a hand that slays.
- ဘုရားရှိခိုးသော ပါးစပ်၊ သတ်သောလက်။ (ပါးစပ်က ဘုရား၊ လက်က ကားယား)
9. A gold-smith will pilfer the gold dust even of his mother.
- ရွှေပန်းတိမ်သည် သူ့မိခင်၏ရွှေမှုန့်များကိုပင် သိမ်းယူပေလိမ့်မည်။ (ပန်းတိမ်လူရိုး၊ အမေ့ရွှေတမတ်ခိုး)
10. A poor man in embroidery looks funny.
- အဝတ်အစားတောက်ပစွာ ဝတ်ဆင်ထားသော ဆင်းရဲသားသည် ရယ်စရာဖြစ်နေ၏။ (မိမိအဆင့်အတန်းနှင့် ညီမျှစွာနေပါ)
11. Among the blind the one-eyed man is king.
- မျက်မမြင်တွေကြား မျက်စိတဖက်မြင်သူသည် အကြီးအကဲဖြစ်တယ်။ (အနှစ်မရှိတဲ့တော ကြက်ဆူပင်မင်းမူ)
12. A rolling stone gathers no moss.
- လိမ့်ပါများတဲ့ကျောက်တုံးသည် ရေညှိမတက်ပါ။
13. A stitch in time saves nine.
- အချိန်မီ တခါချုပ်ခြင်းသည် အကြိမ်(၉)ခါချုပ်ခြင်းထက်ကောင်းတယ်။ (ပျက်အစဉ် ပြင်ခဏ)
14. As you make your bed so you must lie on it.
- သင်ခင်းထားသော အိပ်ရာပေါ်တွင် သင်လဲလျောင်းရပေလိမ့်မည်။ (မည်သူမပြု မိမိမှု)
15. At seizing a mouse a cat is as blod as a lion but is himself a mouse when pitted with a tiger.
- ကြွက်ကိုခုတ်ရာမှာ ကြောင်သည် ခြင်္သေ့မင်းကဲ့သို့ရဲရင့်သော်လည်း ကျားနှင့်တွေ့သောအခါ သူကိုယ်တိုင် ကြွက်ဖြစ်ရလေသည်။ (ကာလဝိပါတ် နောက်ပိုးတက်)
16. A harsh of word is more painful than a blow.
- ရုန့်ရင်းသော စကားတခွန်းသည် လက်သီးတချက်ထိုးခြင်းထက် နာကျင်စေသည်။ (နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ)
17. A man's deed is the touchstone of his greatness or littleness.
- လူတစ်ယောက်၏အပြုအမူသည် ထိုသူ၏ မြင့်မြတ်ခြင်း၊ သို့မဟုတ် ယုတ်ညံ့ခြင်းကိုပြသော မှတ်ကျောက်ပင်ဖြစ်၏။
18. A wise man changes his mind sometimes a  fool never.
- ပညာရှိသည် မိုက်ရူးရဲမလုပ်။
19. As vessels of earthen ware are tried by their rings, so also is a man tried by the word of his mouth.
- မြေအိုးကောင်းမကောင်းကို ကိုင်းအားစမ်းသပ်ခြင်းဖြင့် သိနိုင်သကဲ့သို့ လူတယောက်ကောင်းမကောင်း ပညာရှိမရှိကိုလည်း သူပြောသောစကားဖြင့် အကဲခတ်သိရှိနိုင်၏။
20. An old bird is not be caught with chaff.
- ငှက်အိုကို ဖွဲကြမ်းဖြင့် မဖမ်းရ။ (စားနေကျ ကြောင်ပါး)
                                                            Credit: ဆရာနေလင်း (နေ့စဉ်သုံးအင်္ဂလိပ်စကားပြော)

0 comments:

Post a Comment