Friday, January 31, 2014

မေးခွန်းတို (၅) မှတ် - ဝိဇ္ဇာသိပ္ပလူ့ကိစ္စ (အင်းဝခေတ်)

                                         တက္ကသိုလ်ဝင်တန်း မြန်မာစာ
                                        ဝိဇ္ဇာသိပ္ပလူ့ကိစ္စ (အင်းဝခေတ်)
၁။ ဝိဇ္ဇာသိပ္ပလူ့ကိစ္စကို မည်သူရေးသော မည်သည့်စာမှ ထုတ်နုတ်သနည်း။
-ဝိဇ္ဇာသိပ္ပလူ့ကိစ္စကို ရှင်မဟာရဋ္ဌသာရရေးသော ကိုးခန်းပျို့မှ ထုတ်နုတ်သည်။
၂။ ရှင်မဟာရဋ္ဌသာရ၏ ငယ်မည်ကိုဖော်ပြပါ။
- ငယ်မည်မှာ မောင်မောက်ဖြစ်သည်။
၃။ ရှင်မဟာရဋ္ဌသာရသည် ဘူရိဒတ်လင်္ကကို မည်သည့်အရွယ်မှာရေးသနည်း။
- ရှင်မဟာရဋ္ဌသာရသည် ဘူရိဒတ်လင်္ကကို အသက် ၁၆ နှစ်တွင်ရေးပါသည်။
၎။ မည်သူသည်း အင်းဝခေတ်ပျို့ ကဗျာလောကကို ဦးဆောင်ခဲ့သနည်း။
- ရှင်မဟာရဋ္ဌသာရသည် အင်းဝခေတ်ပျို့ ကဗျာလောကကို ဦးဆောင်ခဲ့သည်။
၅။ ရှင်မဟာရဋ္ဌသာရ၏ ပျို့များကို ဖော်ပြပါ။
- ရှင်မဟာရဋ္ဌသာရ၏ ပျို့များမှာ ဇာတ်ပေါင်းပျို့၊ ကိုးခန်းပျို့၊ ဂမ္ဘီသာရပျို့၊ သံဝရပျို့တို့ဖြစ်သည်။
၆။ ရှင်မဟာရဋ္ဌသာရ၏ နောက်ဆုံးပျို့ကိုဖော်ပြပါ။
- ရှင်မဟာရဋ္ဌသာရ၏ နောက်ဆုံးပျို့မှာ သံဝရပျို့ဖြစ်သည်။
၇။ ရှင်မဟာရဋ္ဌသာရ၏ မော်ကွန်းတစ်စောင်ကိုဖော်ပြပါ။
- ရှင်မဟာရဋ္ဌသာရ၏  မော်ကွန်းတစ်စောင်မှာ ပုံတောင်နိုင်မော်ကွန်း (သို့) တံတားဦးတည်မော်ကွန်းဖြစ်သည်။
၈။ ရှင်မဟာရဋ္ဌသာရသည် မည်သည့်တောလားကိုရေးသနည်း။
- ရှင်မဟာရဋ္ဌသာရသည် ရွှေစက်တော်သွားတောလားကိုရေးသည်။
၉။ ရှင်မဟာရဋ္ဌသာရသည် မည်သည့်အရွယ်၌ပျံတော်မူသနည်း။
- ရှင်မဟာရဋ္ဌသာရသည် သက်တော် ၆၂ နှစ်အရွယ်တွင် ပျံလွန်တော်မူသည်။
၁၀။ ကိုးခန်းပျို့သည် မည်သည့်ဇာတ်လာပျို့ဖြစ်သနည်း။
- ကိုးခန်းပျို့သည် ဟတ္ထိပါလာဇာတ်ကိုဖွဲ့သောပျို့ဖြစ်သည်။
၁၁။ အဘယ့်ကြောင့် စတုဓမ္မသာရပျို့ခေါ်သနည်း။
-ညီနောင်လေးပါးဟောကြားအပ်သော တရားအဆီအနှစ်နှင့် ပြည့်စုံသောကြောင့် စတုဓမ္မသာရပျို့ခေါ်သည်။
၁၂။ အဘယ့်ကြောင့်ကိုးခန်းပျို့ခေါ်သနည်း။
- အခန်းကိုးခန်းပါသောကြောင့် ကိုးခန်းပျို့ခေါ်သည်။

Related Posts:

  • စာရေးနည်း - ၁GOOD LETTERS ပါရဂူမင်းနန္ဒာ (ဒေါက်တာမင်းတင်မွန်) Letter Writing (စာရေးနည်း) မိမိလိပ်မူရေးသားမဲ့ ပုဂ္ဂိုလ်က အမျိုးမျိုး၊ ရေးသားမယ့်အကြောင်းအရာကလည်း အမျို… Read More
  • LETTER WRITING (စာရေးနည်း) Letter Writing (စာရေးနည်း) GOOD LETTERS ပါရဂူမင်းနန္ဒာ(ဒေါက်တာမင်းတင်မွန်) Letter Writing (စာရေးနည်း) မိမိလိပ်မူရေးသားမဲ့ ပုဂ… Read More
  • စာရေးနည်း - ၂GOOD LETTERS ပါရဂူမင်းနန္ဒာ (ဒေါက်တာမင်းတင်မွန်) Letter Writing (စာရေးနည်း) - 2 1. The Heading (ခေါင်းစီး) - မိမိရဲ့လိပ်စာကိုရေးတဲ့အခါ အိမ်နံပါတ်နဲ့ လ… Read More
  • နမူနာပေးစာများ (၁) Sample Letter (1) Write a letter to your father asking him to send you a small sum of money telling him how you intend to use it. (High Schoo… Read More
  • စာရေးနည်း - ၃GOOD LETTERS ပါရဂူမင်းနန္ဒာ (ဒေါက်တာမင်းတင်မွန်) Letter Writing (စာရေးနည်း) - ၃ 3. The Body of the Letter (စာကိုယ်) - မိမိပြောလိုတဲ့အကြောင်းအရာကို လူခ… Read More

0 comments:

Post a Comment