Friday, January 31, 2014

မေးခွန်းတို (၅) မှတ် - တောင်သူကြီး (ဖိုးသူတော်ဦးမင်း၊ ကုန်းဘောင်ခေတ်)

                                         တက္ကသိုလ်ဝင်တန်း မြန်မာစာ 
                         တောင်သူကြီး (ဖိုးသူတော်ဦးမင်း၊ ကုန်းဘောင်ခေတ်)
၁။ ဘကြီးတော်လက်ထက်၌ ဦးမင်းအမည်ခံစာဆိုဘယ်နှစ်ဦးပေါ်ပေါက်သနည်း။
- ဘကြီးတော်လက်ထက်၌ ဦးမင်းအမည်ခံစာဆို (၂) ဦးပေါ်ပေါက်သည်။
၂။ ဖိုးသူတော်ဦးမင်းအပြင် ဘယ်ဦးမင်းရှိသနည်း။
- ဖိုးသူတော်ဦးမင်းအပြင် လူဦးမင်းအမည်ခံ စာဆိုရှိသေးသည်။
၃။ ဖိုးသူတော်ဦးမင်း၏ ဇာတိကိုဖော်ပြပါ။
- ဖိုးသူတော်ဦးမင်း၏ ဇာတိမှာ မိတ္ထီလာမြို့အနီး ရေဝေရွာဇာတိဖြစ်သည်။
၎။ ဖိုးသူတော်ဦးမင်း ဒုံးချင်းနှင့်ပတ်သက်၍ မည်သို့ဆိုသနည်း။
- ဒုံးချင်းအရာတွင် ငါ့ကိုမယှဉ်ကြနှင့် ငါလူလွန်ပေလဟဲ့ ဟုဆိုသည်။
၅။ ဖိုးသူတော်ဦးမင်းသည် ဘကြီးတော်လက်ထက်၌မည်သည့်ရွာကို စားရသနည်း။
- ဖိုးသူတော်ဦးမင်းသည် ဘကြီးတော်လက်ထက်၌ ဆမွန်ကြီးခေါ် စာမှန်းကြီးရွာကိုစားရသည်။
၆။ ဒုံးဆိုသည်မှာ အဘယ်နည်း။
- သစ်တုံးထန်းတုံးစသည်တို့ကို အခေါင်းထွင်း၊ ယမ်းသွတ်၍ စနက်တံတပ်ကာမီးရှို့ပစ်လွှတ်ခြင်းကို ဒုံးလွှတ်သည်ဟုဆိုသည်။
၇။ ဒုံးလွှတ်ပုံဘယ်နှစ်မျိုးရှိသနည်း။
- အဝေးလွှတ်၊ အမြင့်လွှတ်ဟူ၍နှစ်မျိုးရှိသည်။
၈။ အဝေးလွှတ်ကိုမည်သို့၊ အမြင့်လွှတ်ကိုမည်သို့ ပြုကြသနည်း။
- အဝေးလွှတ်လိုသောအခါ ဘီးတပ်၍လွှတ်ရသည်။ အမြင့်လွှတ်လိုသောအခါငြမ်းဆင်၍ မိုးသို့ရွယ်ကာလွှတ်ရသည်။
၉။ ဒုံးစီးရုပ်ဆိုသည်မှာအဘယ်နည်း။
- လွှတ်မည့်ဒုံးပေါ်၌နှစ်သက်ရာ ဇီးကွက်ရုပ်၊ တောင်သူကြီးရုပ်စသည် ထားသည်ကို ဒုံးစီးရုပ်ဟုခေါ်သည်။
၁၀။ တောင်သူကြီးဒုံးချင်းကို မည်သည့်အတွက်ရေးသနည်း။
- အင်းဝမြို့ ဘကြီးတော်ဘုရားလက်ထက် အောင်မြေလောကဘုရားတပေါင်းလပွဲတော်တွင်သီဆိုရန် ဖိုးသူတော်ဦးမင်းရေးသည်။

0 comments:

Post a Comment