Sunday, September 13, 2015

အရူးအတွေး


အမည် ~ ~ ဝမ်းဖိုတိ
အသက် ~ ~ သာတိဖစ်သ်
အလုပ် ~ ~ နေ့ရှင်း (တွက်ချေကိုက်မှ လိုက်သည်)
ပညာ ~ ~ လက်ရဲ၊ ဇက်ရဲ၊ အသုံးလုံး (ခ) အဆင့်
နေရပ် ~ ~ ပါရာလေပါး၊ မစ္စတာလီ ခမ်းထွီးရ် .... (လူအထင်ကြီးစေရန်)

ခုထိကျုပ်တွေးနေတာ တစ်ခုက ရည်မှန်းချက် အဲ့ရည်မှန်းချက်ကြီး ခုထိတွေးမရဘူးဗျ။ ကျုပ်ကိုယ်ကျုပ် ဘာလုပ်မယ်ဆိုတာ ရည်မှန်းထားတယ်ရယ်လို့ကိုမရှိပါဘဲ ဟောခုကြည့်လေ အမည်၊ အလုပ်၊ ပညာ၊ နေရပ်တွေ တိတိကျကျ ပေးနိုင်ပြီဗျာ ... လိုအပ်တဲ့ အသုံးအဆောင်လေးတွေကို သေချာသိမ်းထားပြီး ကဏ္ဍအလိုက် သူ့နေရာနဲ့သူ အံဝင်အောင် သုံးတတ်ဖို့တော့လိုတာပေါ့ဗျာ။ ကျုပ်ပညာ နည်းတဲ့အရည်အချင်းလားဗျ။ အဲ့သည်တော့ကာ မည်သို့ပင်ဆိုစေကာမူ အတွေးရွက်လွင့်ဖို့ ကျုပ်တစ်ယောက်အတွက် လုံလောက်တယ်၊ ရေချိုးထမင်းစားပြီးတာနဲ့ ကျုပ် ပက်လက်နိုင်ငံခြားသားခုံပေါ်မှာ ကျောမှီ ထန်းရည်လေးကိုငုံ နည်းနည်းချင်းအရသာခံမျိုချရင်း ...

"အလို .... ဟိုးရှေ့ကဟာ နာဂစ်တိုင်းပြည်ပါလာဟရို့ ..."

အတွေးထဲ ခရီးနှင်တာ အတော်ရောက်သားဟ ... အမယ် လူတွေ စုရုံးနေပါ့လား ... ဟန်လိုက်လေဗျာတို့ နက်ဖန်ကျ အိမ်ရှေ့စံရွေးပွဲဆိုပါလား ... ကဲ အတွေးပဲဟာ ဘုရင်ဖြစ်ပြီဗျာ ....

"မင်းကြီးများ ..."

"ဖျာ့ ...."

"ငါကိုယ်တော်တိုင်းပြည် သာယာစည်ပင်ရဲ့လားကွယ်ရို့ ....."

"မှန်လှပါ ဘုန်းတော်ကြောင့် အိမ်ခြေ ၁၀၀ မှာ ၉၉ အိမ် မရှိတော့ကြောင်းပါ ... "

"ဟဲ့ ... တစ်အိမ်ကြီးများတောင် ရှိသေးတယ်လား ..... အိမ်းးး ရှေ့တော်သွင်းစေဗျား ... ဆုတော်လာဘ်တော်များ ချီးမြှင့်ရမယ် ..."

"မှန်လှပါ အဲ့ဒီအိမ်ဟာ အရှင်မင်းကြီးမြှောက်စားလို့ တောက်ကြွားလာတဲ့ ဘဂျမ်းအိမ်ပါဘုရား ခုလည်း အရှင်မင်းကြီး တာဝန်ပေးထားလို့ ပေးတန်တာပေး ကမ်းတန်တာကမ်းရင်း မြိုးမြိုးမြက်မြက်လေး အရိုးအရင်းကိုက်ရာကနေ အရိုးနင်ပြီး သေရှာပြီဘုရား .... "

"ငါလိုဖုန်းရှင်ကန်ရှင် ဘုရင်မင်းမြတ်ရဲ့ လူယုံကိုမှ သေမင်းက မျက်စိကျရသလားဟဲ့ .. အိမ်းးး အဲ့ဒီသေမင်း ရှေ့တော်သွင်းစေ ... မသွင်းနိုင်ရင် သေဒဏ်ပဲဟေ့ .."

"အရှင်ဘုရား သတိထားတော်မူပါ နဂိုကမှ လူမရှိတာ သေဒဏ်ပေးရင်ဖြင့် လူကျန်တော့မှာ မဟုတ်ကြောင်းပါ ဘုရား .."

"သယ် ငါကိုယ်တော်ကို ဝေဖန်ရဲသကိုးး ထုံးစံမရှိလိုက်လေ ... ကဲ မောင်မင်း အမိန့်ချမယ် နာခံစမ်းဟဲ့ ... သေဒဏ်ဆိုတာ မသိ .. သိ .. သိ .. သိ ...
ဂလင် .. ဂလင် .. ဂလင် .. ဂလင် .. ကတောက်စ် အတွေးတောင် ဖြောင့်ဖြောင့်မတွေးရပါလား .............

"ဟ .. လို .... ဟုတ်ကဲ့ ထုံးစံအတိုင်း သတ်မှတ်နေရာမှာ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပေးထားတဲ့ဟာလေးနဲ့ သရုပ်ပြရမှာပဲမဟုတ်လား .. ဟုတ်ကဲ့ .. စိတ်ချပါ .. ဟုတ်ကဲ့ .... ဟုတ်ကဲ့ ... ဟုတ်ကဲ့ ... ဒီတစ်ခါ ရုပ်ဖျက်ပါ့မယ် ... ဟုတ်ကဲ့ ...."

ကဲဗျာ အလုပ်ကပေါ်လာပြီ မြိုးမြိုးမြက်မြက်ကလေး ဆိုတော့လဲ နောက်မှပဲဆက်တွေးတော့မယ် ....... သီအန့်ဒ် ပေါ့ဗျာ. ..

Author; S.Ht
Cartoon Credit; Cartoonist

0 comments:

Post a Comment