Sunday, August 7, 2016

မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........

မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........

သည်းစွာသောအနာကို
ကုစားပါအံ့
သမီး၏လုံ့လဝီရိယဖြင့်
နာလန်ထူပါစေအံ့ ...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အားသိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ ..

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ် ...

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား ...

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
အသင်တို့သည်လည်း
ပျော်မြူးကြရမည် ...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု ...

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ
တောင့်တပါ၏ ...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။  ။

Credit; ဒေါ်အာင်ဆန်းစုကြည်

Related Posts:

  • အဆိုအမိန့်များငါ့ဘဝ ငါသာသခင် ငါဘုရင်၊ မောင်ပေါ်ထွန်း(မြန်မာပြန်သည်) ၁။ "ကျွန်ုပ်သည် အရာရာကို ကောင်းအောင်လုပ်သလို ကိုယ့်ကိုကိုယ်လည်း ကောင်းအောင်လုပ်၏။ သို့ဆိုလျှင် အြ… Read More
  • နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၁ နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၁- About when? = ဘယ်တော့လောက်လဲ- All set? = အားလုံးအဆင်သင့်ဖြစ်ပြီလား- Any clues? = ဘာသဲလွန်စများရှိလဲ- Any di… Read More
  • အရူးအတွေး အမည် ~ ~ ဝမ်းဖိုတိ အသက် ~ ~ သာတိဖစ်သ် အလုပ် ~ ~ နေ့ရှင်း (တွက်ချေကိုက်မှ လိုက်သည်) ပညာ ~ ~ လက်ရဲ၊ ဇက်ရဲ၊ အသုံးလုံး (ခ) အဆင့် နေရပ် ~ ~ ပါရာလေပါး၊ … Read More
  • နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၂ နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၂ - You wish! = မင်းပြောသလိုဖြစ်ပါစေ - No lie? = လိမ်တာမဟုတ်ဘူးနော် - Mind that! = အဲဒါကို သတိရပါ - Enjoying y… Read More
  • မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........ မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........ သည်းစွာသောအနာကို ကုစားပါအံ့ သမီး၏လုံ့လဝီရိယဖြင့် နာလန်ထူပါစေအံ့ ... မွေးကျေးဇူးကို မသိတတ်သော ထိုသူတို့အားသ… Read More

0 comments:

Post a Comment