Tuesday, August 23, 2016

လုပ်ငန်းဆိုင်ရာစာများ

G11-English
ပါရဂူမင်းနန္ဒာ (ဒေါက်တာမင်းတင်မွန်) GOOD LETTERS အကောင်းဆုံးအင်္ဂလိပ်စာရေးနည်းစာအုပ်မှ ကူးယူရေးသားဖော်ပြပါသည်။


BUSINESS LETTERS
လုပ်ငန်းဆိုင်ရာစာများ

လုပ်ငန်းဆိုင်ရာစာတွေထဲမှာ အောက်ပါစာအမျိုးအစားတွေ ပါဝင်ကြတယ် -
(a) Letters of Application လျှောက်ထားတဲ့စာများ
(b) Letters ordering Goods ကုန်ပစ္စည်းအမှာစာများ၊
(c) Letters to Newspapers သတင်းစာတိုက်သို့ ရေးတဲ့စာများ၊
(d) Official Letters ရုံးလုပ်ငန်းဆိုင်ရာစာများ။

လုပ်ငန်းဆိုင်ရာစာများကို တိုတိုရှင်းရှင်းနဲ့ လိုရင်းတည့်တည့်ရောက်အောင် ရေးရမယ်။ လုပ်ငန်းရှင်များက အလုပ်များတဲ့လူတွေဖြစ်လို့ ရှည်ဝေးရှုပ်ထွေးတဲ့စာများကို မဖတ်ချင်ကြဘူး။
လုပ်ငန်းဆိုင်ရာစာများဟာ လူမှုရေးစာများထက် ပိုပြီးပုံသေကားကျရှိတယ်၊ အချို့သော ယဉ်ကျေးတဲ့ အသုံးအနှုန်းများကို မှတ်သားပြီး အဆင်သင့်သလို အသုံးပြုပါ။
စာပုံစံက လူမှုရေးစာအတိုင်းပဲ၊ တစ်ခုထူးခြားတာက မိမိဦးမူပြီး ရေးသားတဲ့ လုပ်ငန်းကုမ္ပဏီ သို့မဟုတ် လုပ်ငန်းရှင် သို့မဟုတ် အရာရှိရဲ့အမည်၊ ရာထူးနဲ့ လိပ်စာတို့ကို ခေါင်းစီး (heading) ရဲ့အောက် လက်ဝဲဘက်မှာ ရေးသားရခြင်းဖြစ်ပါတယ်။ ဒါမှမဟုတ် စာကိုယ်နဲ့ လက်မှတ်တို့အောက် လက်ဝဲဘက်မှာလည်း ရေးသားဖော်ပြနိုင်တယ်။ ဒါပေမဲ့ စာကိုယ်အပေါ်က ခေါင်းစီးအောက် လက်ဝဲဘက်မှာ အများအားဖြင့် ရေးသားကြပါတယ်။
နှုတ်ဆက်စကားကို အများအားဖြင့် Sir တစ်လုံးပဲသုံးတယ်၊ ခွင်ပန်စကားသုံးပုံကို အတုယူပါ။

(a) Letters of Application (လျှောက်ထားသည့်စာများ)
ဆရာကြီးထံ ခွင့်တောင်းခြင်း၊ ထောက်ခံစာတောင်းခြင်း၊ မိမိအထက်ရုံးအကြီးအကဲထံတိုင်ကြားခြင်း၊ အလုပ်လျှောက်ထားခြင်း စတဲ့စာများဟာ ရုံးသုံးမကျတကျစာများ (semi-official letters) ဖြစ်ကြတယ်။ ဤစာများကို ရေးတဲ့အခါ အထက်က စည်းကမ်းချက်အတိုင်း လေးလေးစားစားရေးရမယ်။

Sample Letter of Application
Write a letter to your Headmaster, (or if you are working, to the Head of your office) asking for leave of absence, and explaining why you have to ask for leave. (1966 Matriculation Examination, 10 marks)
No.11, 3rd Street,
Bahan, Yangon.
27th June, 1966.
To
The Headmaster,
State High School No.2,
Bahan, Yangon.
Sir
I respectfully (ရိုသေလေးစားစွာ) beg (တောင်းပန်သည်) to request (မေတ္တာရပ်ခံသည်) you to grant (ပေးသည်) me two days' leave (ခွင့်) of absence (ပျက်ကွက်ခြင်း) from school with effect (သက်ရောက်မှု) from today. I am having a high fever (အဖျား) and suffering from severe (ပြင်းထန်သော) headache. (ခေါင်းကိုက်ခြင်း)
Your ovedient Pupil,
(Signature)
Ma Khin Win Kyi
Section A, Matric. Class

0 comments:

Post a Comment