Sunday, August 7, 2016

အဆိုအမိန့်များ

ငါ့ဘဝ ငါသာသခင် ငါဘုရင်၊ မောင်ပေါ်ထွန်း(မြန်မာပြန်သည်)

၁။ "ကျွန်ုပ်သည် အရာရာကို ကောင်းအောင်လုပ်သလို ကိုယ့်ကိုကိုယ်လည်း ကောင်းအောင်လုပ်၏။ သို့ဆိုလျှင် အခြားဘာမျှ လုပ်စရာမလိုတော့ချေ" #ယွန်ပေါရစ်ချတား (1763-1826) ဂျာမန် ဟာသပညာရှင်
၂။ "ဘာမှ မကြိုးစားဘဲ အောင်မြင်သူထက် ကြိုးစားပြီး မအောင်မြင်သူက ပို၍တန်ဖိုးရှိ၏" #လွိုက်ဂျုန်းစ်၊ ..... အမေရိကန် ဘာသာရေးပညာရှင်
၃။ "ယနေ့၏ ခဏတာအချိန်တိုကလေးများသည် မနေ့ကတစ်နေ့လုံးထက် ပို၍တန်ဖိုးရှိ၏" #ဒီးန်အယ်လ်ဖို့
၎။ "သင့်စိတ်က အဆင်သင့်ဖြစ်နေလျှင် အရာခပ်သိမ်းလည်း သင့်အတွက် အဆင်သင့် ဖြစ်နေလိမ့်မည်" #ဝီလျံရှိတ်စပီးယား (1564-1686) အင်္ဂလိပ် ပြဇာတ်ရေးဆရာ
၅။ "ပညာဟူသမျှကို လွတ်လပ်စွာ သင်ယူနိုင်၏"  #သြဂတ် ဖရိုဘယ် (1782-1852) ဂျာမန် ပညာရေးခေါင်းဆောင်
၆။ "လူတစ်ယောက်အဖို့ ဘဝမှာ ရရှိလာသော အဖိုးတန်အရာဟူသမျှအတွက် တန်ရာတန်ဖိုးကိုတော့ မလွဲမသွေပေးရလိမ့်မည်။ ယင်းတန်ဖိုးကား အခြားမဟုတ်၊ အလုပ်လုပ်ခြင်း၊ သည်းခံးစောင့်စားနိုင်ခြင်း၊ ချင်ခင်မြတ်နိုးခြင်းနှင့် စွန့်လွှတ်နိုင်ခြင်းတို့ ဖြစ်၏ ယင်းတန်ဖိုးကား စက္ကူငွေကြေးမဟုတ်၊ ပေးပါမည်ဟူသော ကတိစကားမဟုတ်၊ လက်တွေ့လုပ်ခြင်းတည်းဟူသော 'ရွှေ' ပင်ဖြစ်၏" #ဂျွန်ဘာရိုး (1837-1920) အမေရိကန် သဘာဝတ္တ ပညာရှင်
၇။ "စိတ်ကို ငြိမ်ငြိမ်ထားပါ။ လူတိုင်းကို ထိန်းနိုင်ပါလိမ့်မည်။" #စိန့်ဂျပ်စ် (1767-94) ပြင်သစ်တော်လှန်ရေးခေါင်းဆောင်
၈။ "အာရုံစိုက်ခြင်းသည် အောင်မြင်မှု၏ တန်ဖိုးဖြစ်၏" #လော့ဒ်နော့သ်ကလစ် (1865-1922) ဗြိတိသျှ စာနယ်ဇင်း လုပ်ငန်းရှင်ကြီး
၉။ "ကိုယ်ကယဉ်ကျေးမှ သူကယဉ်ကျေးလိမ့်မည်။ ယဉ်ကျေးသိမ်မွေ့ခြင်းသည် လူချစ်လူခင်များသော 'သျှို' တစ်ပါး ဖြစ်သည်။ တစ်ခါတစ်ရံ ဝတ္ထုပစ္စည်းများထက် ယင်းတို့နှင့်ပတ်သက်၍ ဆက်ဆံပုံ ဆက်ဆံနည်းက ပို၍အရေးကြီးသည်" #ဂျေ၊ အီး၊ စီ၊ ဝယ်လ်တန်၊ အမေရိကန် သင်းအုပ်ဆရာကြီး
၁၀။ "အခက်အခဲကြောင့် စိတ်ဓာတ်မကျခြင်း၊ ဇွဲဖြင့် ဆက်လက်လုပ်ကိုင်ခြင်းသည် အောင်မြင်ရေးအတွက် အဓိကသော့ချက် ဖြစ်၏" #ဂျိမ်းစ်ဝှစ်ကွမ်းဘဲရီလေး၊ အမေရိကန် ကဗျာဆရာ
၁၁။ "စာဖတ်ခြင်းဖြင့် အကျိုးရှိလိုသော် နှိမ့်ချမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုဖြင့် ဖတ်ရာ၏။ ပညာတတ်သုခမိန်ကြီးဖြစ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါမှ မဖတ်ရာ" #သောမတ်၊ အေ၊ ကင်မ်ပစ် (1380-1471) ဂျာမန် သင်းအုပ်ဆရာကြီး
၁၂။ "စာအုပ်များမှရသော ပညာဗဟုသုတကို ဘဝမှရသော ပညာ ဗဟုသုတဖြင့် ဖြည့်ဆည်းရာ၏" #ဟေမလေတန်ရိုက်မာဘီ (1845-1917) အမေရိကန် စာရေးဆရာ၊ အယ်ဒီတာ
၁၃။ "သူများတွေ ဘာတွေးတယ်ဆိုတာ မေ့ထားလိုက်ပါ။ အရေးကြိးတာက ခင်ဗျား ဘာတွေကိုတွေးသလဲဆိုတဲ့ အချက်ပဲ။ ခင်ဗျားကိုယ်ကို ခင်ဗျားယုံကြည်ဖို့ပဲ" #နီကိုလပ် ဘက်ဖယ်

မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........

မိခင်၏ နှောင်ကြိုးကို ဖြည်ပါအံ့ ........

သည်းစွာသောအနာကို
ကုစားပါအံ့
သမီး၏လုံ့လဝီရိယဖြင့်
နာလန်ထူပါစေအံ့ ...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အားသိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ ..

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ် ...

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား ...

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
အသင်တို့သည်လည်း
ပျော်မြူးကြရမည် ...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု ...

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ
တောင့်တပါ၏ ...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။  ။

Credit; ဒေါ်အာင်ဆန်းစုကြည်

Saturday, July 23, 2016

LETTER WRITING (စာရေးနည်း)

Letter Writing (စာရေးနည်း)
GOOD LETTERS ပါရဂူမင်းနန္ဒာ(ဒေါက်တာမင်းတင်မွန်) Letter Writing (စာရေးနည်း) မိမိလိပ်မူရေးသားမဲ့ ပုဂ္ဂိုလ်က အမျိုးမျိုး၊ ရေးသားမယ့်အကြောင်းအရာကလည်း အမျိုးမျိုး၊ ဒါကြောင့် ပုဂ္ဂိုလ်, အကြောင်းအရာတို့နဲ့လိုက်ပြီး စာရေးနည်းကွဲပြားသွားလိမ့်မယ်။ ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဆိုရင် မျက်နှာချင်းဆိုင် စကားပြောသလို လွတ်လွတ်လပ်လပ် ရေးသားနိုင်တယ်။ မရင်းနှီးတဲ့လူကြီးတွေ အရာရှိတွေဆီ စာရေးတဲ့အခါမှာ လေးလေးစားစားရေးရမယ်။ ဖိတ်စာတွေ လုပ်ငန်းဆိုင်ရာစာတွေ ရေးတဲ့အခါမှာတော့ လူအများလက်ခံထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမယ်။ ပထမ စာ၂မျိုးခွဲခြားထားတာကို သိရမယ်။ Two Kinds of Letters (စာနှစ်မျိုး) 1. Social Letters လူမှုရေးစာများ၊ 2. Business Letters လုပ်ငန်းဆိုင်ရာစာများ၊ Social Letters လူမှုရေးစားများ ဒါကို အောက်ပါအတိုင်း ၂မျိုး ထပ်ခွဲတယ် - (1) Friendly Letters ခင်မင်မှုဖြင့်ရေးတဲ့စာများ၊ (2) Notes of Invitation ဖိတ်စာတိုများ။ Business Letters လုပ်ငန်းဆိုင်ရာစာများ ဒါကိုလည်း အောက်ပါအတိုင်း အမျိုးအစားထပ်ခွဲနိုင်တယ် - (1) Letters ordering Goods ကုန်ပစ္စည်းအမှာစာများ၊ (2) Letters of Application လျှောက်ထားတဲ့စာများ၊ (3) Official Letters ရုံးလုပ်ငန်းဆိုင်ရာ စာများ၊ (4) Letters to Newspapers သတင်းစာတိုက်များသို့ ရေးတဲ့စာများဖြစ်ကြပါတယ်။ အခြေခံအထက်တန်းစာမေးပွဲနဲ့ တက္ကသိုလ်ဝင်စာမေးပွဲတို့မှာ ခင်မင်မှုဖြင့်ရေးတဲ့စာများ Friendly Letters လောက်ပဲ အမေးများတာ တွေ့ရတယ်။ ဒါပေမဲ့ ကျောင်းမတက်နိုင်လို့ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးထံ ခွင့်တောင်းတဲ့စာ၊ အလုပ်လျှောက်ဖို့ ကိုယ်ကျင့်စာရိတ္တကောင်းမွန်ကြောင်း တောင်းခံတဲ့စာ၊ စာမေးပွဲအောင်တဲ့အခါ အလုပ်လျှောက်တဲ့စာ- ဒီစာတွေရေးနည်းကိုလည်း သိထားရမှာပေါ့။ The Form of Friendly Letters (ခင်မင်မှုဖြင့်ရေးသားသောစာများ၏ပုံစံ) မိမိရေးလိုတဲ့စာဟာ အောက်ပါအင်္ဂါ ၅ ရပ်နဲ့ ပြည့်စုံရမယ်- 1. The Heading - the address and date ခေါင်းစီး - လိပ်စာနဲ့ရက်စွဲ စာရေးသူရဲ့လိပ်စာနဲ့ စာရေးတဲ့ရက်စွဲတို့ကို စာရဲ့ လက်ယာဘက်ထိပ်မှာ ရေးရမယ်။ ဒါမှဘယ်အရပ်ကနေပြီး ဘယ်နေ့က စာရေးလိုက်တာကို စာလက်ခံရရှိတဲ့သူက သိလိမ့်မယ်။ စာရသူက စာရေးသူထံသို့ စာပြန်ရေးချင်လျှင် ဒီလိပ်စာအတိုင်း ရေးနိုင်တာပေါ့။ 2. Salutation - the counteous greeting အလေးပြုခြင်း - ယဉ်ကျေးစွာ နှုတ်ဆက်ခြင်း Dear Mother, My dear Friend စတဲ့ နှုတ်ဆက်စကားကို ခေါင်းစီးရဲ့အောက်တစ်ကြောင်း လက်ဝဲဘက်မှာ ရေးသားရမယ်။ 3. The Body of the Letter - the massage စာကိုယ် - အမှာစကား မိမိပြောကြားလိုတဲ့ အကြောင်းအရာတွေကို စာကိုယ်အဖြစ်ရေးရမယ်၊ နှုတ်ဆက်စကားရဲ့အောက်က စတင်ရေးသားပါ၊ ရေးစရာအကြောင်းများရင် ၂ ပိုဒ် ၃ ပိုဒ်ခွဲပြီး ရေးသားနိုင်တယ်။ 4. The subscription - the courteous leave-taking နှုတ်ခွန်းဆက်ခြင်း - ယဉ်ကျေးစွာခွင့်ပန်ခြင်း စကားပြောဆိုပြီးတော့ ခွဲခွာကြတဲ့အခါ နှုတ်ခွန်းဆက်ကြသလို စာကို အဆုံးသတ်တဲ့အခါမှာလည်း ယဉ်ကျေးစွာခွင့်ပန်နှုတ်ဆက်ရတယ်။ နှုတ်ခွန်းဆက်စကားကို စာကိုယ်အောက် လက်ယာဘက်မှာ ရေးရတယ်။ 5. The Signature - the name of writer လက်မှတ် - စာရေးသူရဲ့နာမည် နှုတ်ခွန်းဆက်စကားအောက်မှာ လက်မှတ်ရေးထိုးပါ၊ လက်မှတ်ကဖတ်လို့ရမှကောင်းမယ်၊ ဖတ်လို့မရရင် အောက်က နာမည်ပါရေးပါ၊ လက်မှတ်ကိုကြည့်ပြီး ဘယ်သူစာရေးလိုက်တာကို စာရေးသူ သိလိမ့်မယ်။
>>>>ဆက်လက်ဖော်ပြပါမည်<<<<

Friday, July 22, 2016

Download Hardware.pdf

Technique
Hardware.pdf စာအုပ်အား download ရယူရန် Go to Hardware.pdf download ကို နှိပ်၍ ရယူပါ။ file ပမာဏ 2.42 MB မျှသာရှိပါသည်။ သက်ဆိုင်သူများအား credit ပေးပါသည်။

Thursday, July 21, 2016

Download Essential English Dialogues.pdf

Library
Essential English Dialogues.pdf စာအုပ်အား download ရယူရန် Go to Essential English Dialogues.pdf download ကို နှိပ်၍ ရယူပါ။ file ပမာဏမှာ 3.03 MB မျှသာရှိပါသည်။ E-book အဖြစ်ဖန်တီးသူနှင့် မူရင်းတင်ထားသူများအား credit ပေးပါသည်။