Friday, August 19, 2016

စာရေးနည်း - ၁

GOOD LETTERS
ပါရဂူမင်းနန္ဒာ (ဒေါက်တာမင်းတင်မွန်)
Letter Writing (စာရေးနည်း)
မိမိလိပ်မူရေးသားမဲ့ ပုဂ္ဂိုလ်က အမျိုးမျိုး၊ ရေးသားမယ့်အကြောင်းအရာကလည်း အမျိုးမျိုး၊ ဒါကြောင့် ပုဂ္ဂိုလ်, အကြောင်းအရာတို့နဲ့လိုက်ပြီး စာရေးနည်းကွဲပြားသွားလိမ့်မယ်။ ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဆိုရင် မျက်နှာချင်းဆိုင် စကားပြောသလို လွတ်လွတ်လပ်လပ် ရေးသားနိုင်တယ်။ မရင်းနှီးတဲ့လူကြီးတွေ အရာရှိတွေဆီ စာရေးတဲ့အခါမှာ လေးလေးစားစားရေးရမယ်။ ဖိတ်စာတွေ လုပ်ငန်းဆိုင်ရာစာတွေ ရေးတဲ့အခါမှာတော့ လူအများလက်ခံထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမယ်။ ပထမ စာ၂မျိုးခွဲခြားထားတာကို သိရမယ်။

Two Kinds of Letters (စာနှစ်မျိုး)
1. Social Letters လူမှုရေးစာများ၊
2. Business Letters လုပ်ငန်းဆိုင်ရာစာများ၊

Social Letters လူမှုရေးစားများ
ဒါကို အောက်ပါအတိုင်း ၂မျိုး ထပ်ခွဲတယ် -
(1) Friendly Letters ခင်မင်မှုဖြင့်ရေးတဲ့စာများ၊
(2) Notes of Invitation ဖိတ်စာတိုများ။

Business Letters လုပ်ငန်းဆိုင်ရာစာများ
ဒါကိုလည်း အောက်ပါအတိုင်း အမျိုးအစားထပ်ခွဲနိုင်တယ် -
(1) Letters ordering Goods ကုန်ပစ္စည်းအမှာစာများ၊
(2) Letters of Application လျှောက်ထားတဲ့စာများ၊
(3) Official Letters ရုံးလုပ်ငန်းဆိုင်ရာ စာများ၊
(4) Letters to Newspapers သတင်းစာတိုက်များသို့ ရေးတဲ့စာများဖြစ်ကြပါတယ်။

အခြေခံအထက်တန်းစာမေးပွဲနဲ့ တက္ကသိုလ်ဝင်စာမေးပွဲတို့မှာ ခင်မင်မှုဖြင့်ရေးတဲ့စာများ Friendly Letters လောက်ပဲ အမေးများတာ တွေ့ရတယ်။ ဒါပေမဲ့ ကျောင်းမတက်နိုင်လို့ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးထံ ခွင့်တောင်းတဲ့စာ၊ အလုပ်လျှောက်ဖို့ ကိုယ်ကျင့်စာရိတ္တကောင်းမွန်ကြောင်း တောင်းခံတဲ့စာ၊ စာမေးပွဲအောင်တဲ့အခါ အလုပ်လျှောက်တဲ့စာ- ဒီစာတွေရေးနည်းကိုလည်း သိထားရမှာပေါ့။

The Form of Friendly Letters (ခင်မင်မှုဖြင့်ရေးသားသောစာများ၏ပုံစံ)
မိမိရေးလိုတဲ့စာဟာ အောက်ပါအင်္ဂါ ၅ ရပ်နဲ့ ပြည့်စုံရမယ်-
     1. The Heading - the address and date
        ခေါင်းစီး - လိပ်စာနဲ့ရက်စွဲ
စာရေးသူရဲ့လိပ်စာနဲ့ စာရေးတဲ့ရက်စွဲတို့ကို စာရဲ့ လက်ယာဘက်ထိပ်မှာ ရေးရမယ်။ ဒါမှဘယ်အရပ်ကနေပြီး ဘယ်နေ့က စာရေးလိုက်တာကို စာလက်ခံရရှိတဲ့သူက သိလိမ့်မယ်။ စာရသူက စာရေးသူထံသို့ စာပြန်ရေးချင်လျှင် ဒီလိပ်စာအတိုင်း ရေးနိုင်တာပေါ့။
     2. Salutation - the counteous greeting
    အလေးပြုခြင်း - ယဉ်ကျေးစွာ နှုတ်ဆက်ခြင်း
Dear Mother, My dear Friend စတဲ့ နှုတ်ဆက်စကားကို ခေါင်းစီးရဲ့အောက်တစ်ကြောင်း လက်ဝဲဘက်မှာ ရေးသားရမယ်။
    3. The Body of the Letter - the massage
    စာကိုယ် - အမှာစကား
မိမိပြောကြားလိုတဲ့ အကြောင်းအရာတွေကို စာကိုယ်အဖြစ်ရေးရမယ်၊ နှုတ်ဆက်စကားရဲ့အောက်က စတင်ရေးသားပါ၊ ရေးစရာအကြောင်းများရင် ၂ ပိုဒ် ၃ ပိုဒ်ခွဲပြီး ရေးသားနိုင်တယ်။
    4. The subscription - the courteous leave-taking
    နှုတ်ခွန်းဆက်ခြင်း - ယဉ်ကျေးစွာခွင့်ပန်ခြင်း
စကားပြောဆိုပြီးတော့ ခွဲခွာကြတဲ့အခါ နှုတ်ခွန်းဆက်ကြသလို စာကို အဆုံးသတ်တဲ့အခါမှာလည်း ယဉ်ကျေးစွာခွင့်ပန်နှုတ်ဆက်ရတယ်။ နှုတ်ခွန်းဆက်စကားကို စာကိုယ်အောက် လက်ယာဘက်မှာ ရေးရတယ်။
    5. The Signature - the name of writer
    လက်မှတ် - စာရေးသူရဲ့နာမည်
နှုတ်ခွန်းဆက်စကားအောက်မှာ လက်မှတ်ရေးထိုးပါ၊ လက်မှတ်ကဖတ်လို့ရမှကောင်းမယ်၊ ဖတ်လို့မရရင် အောက်က နာမည်ပါရေးပါ၊ လက်မှတ်ကိုကြည့်ပြီး ဘယ်သူစာရေးလိုက်တာကို စာရေးသူ သိလိမ့်မယ်။

ပါရဂူမင်းနန္ဒာ (ဒေါက်တာမင်းတင်မွန်) GOOD LETTERS စာအုပ်မှ ကူးယူဖော်ပြပါသည်။
>>>ဆက်လက်ဖော်ပြပါမည်<<<

Sunday, August 14, 2016

ဆရာအောင်သင်း - အမွေ



#အောင်သင်း - အမွေ (စာ - ၃၄/၃၅ )
-- ဒါကြောင့်မို့လို့ ကြိုးစားပမ်းစား ယုံယုံကြည်ကြည်နဲ့ ပညာကိုသင်ပါ။ ဒီကနေ့ သင်တဲ့ဥစ္စာ မင်းကို တစ်နေ့ကျရင် အကျိုးပေးပါလိမ့်မယ်။ စိမ့်ပြီး အကျိုးပေးလိမ့်မယ်။ ယုံပါ။ အဲဒါကြောင့် အရေးတကြီး မချမ်းသာချင်ပါနဲ့။ ပညာကို ကြိုးစားသင်ပါလို့ ပြောချင်တယ်။ ကောင်းပြီ။ အဲဒါ ကျောင်းနေတဲ့ လူငယ်တွေကိုပြောတာ။ ကိုင်း ကျောင်းတောင်မနေနိုင်ဘူးဆိုတော့ အဲဒီကလေးက ဆင်းဆင်းရဲရဲဖြစ်နေ၊ မိဘက ချို့တဲ့နေ၊ ကျောင်းမတက်နိုင်တော့ဘူး။ အခြေအနေက မပေးတော့ဘူးပေါ့။ မင်းလည်း ငယ်သေးရင် ပညာရှာပါ။ ထမင်းစားကျွန်ခံလို ပညာကိုရှာရတာမျိုးချည်းပဲ။ ဒီအတိုင်းချည်းပဲ။ လောကကြီးမှာ သူများခိုင်းတာခံချင်မှ ကိုယ်က သူများခိုင်းနိုင်တဲ့ အဆင့်ကို ရောက်မှာ။ မြန်မာစကားတစ်ခုရှိတယ်။ သူများဖိနပ်ကိုကိုင်မှ ကိုယ့်ဖိနပ်ကို ကိုင်မယ့်သူပေါ်တယ်။ ဒါ အမှန်တွေ။
-- ဆိုကြပါစို့။ မင်းတို့ ဒီနေ့ ဝပ်ရှော့တွေမှာ တော်တော် ကြီးပွားနေတဲ့ ဝပ်ရှော့တွေကို သွားကြည့်ပါ။ သူတို့တစ်တွေဟာ ဘယ်မှာလုပ်ခဲ့တာလဲ။ အဲဒီဝပ်ရှော့ဆရာတွေက ဟေ့ကောင် ရေနွေးတည်စမ်း၊ ဆေးလိမ်မီးတို့လိုက်စမ်း၊ ဆီချေးအပေပေနဲ့ သွားရတာ။ မော်တော်ကားဗိုက်အောက်ကို ပက်လက်ဝင်လှန်ရတဲ့ကောင်တွေချည်းပဲ။ အဲဒီကောင်တွေက ဖြစ်တယ်။ ဘော်ဒီထုတဲ့ကောင်တွေကို သွားကြည့်စမ်း။ အဲဒီလိုကစတာ။ ..................................... ကျောင်းမနေနိုင်လို့ရှိရင် ခုန မင်း ဘာပညာသင်ချင်သလဲ၊ ဘာဝါသနာပါလဲ ကြည့်ပါ ဟုတ်လား။ ဆိုက်ကားနင်းတဲ့လူဟာ အဲဒီအတိုင်း နေသွားရင် တစ်သက်လုံး နင်းသွားရမယ်။ ဘာလို့ဆို သူက ပညာမပါဘူး။ ဒါပေမယ့် အဲဒီကောင်ကနေ ဆိုက်ကားပြင်လို့ရှိရင် ဒီကောင်က ပညာပါလာပြီနော်။ ဘဝ တိုးတက်ဖို့အခွင့်။ အဲဒီကနေ ဆိုက်ကားပြင်ဆိုင်ထောင်။ ဆိုက်ကားပြင်ဆိုင်ကနေ တက်ရင် မော်တော်ဆိုင်ကယ်ရောက်လာမယ်။ ပညာပါတဲ့ကောင်ဟာ တဖြည်းဖြည်း တက်သွားမယ်။ ပညာမပါဘဲ ထမင်းစားရုံလေး ဥစ္စာရရုံလေးသွားနေလို့ကတော့ မင်း ဘယ်တော့မှ တက်မှာမဟုတ်ဘူး။ မင်းကျောင်းမနေခဲ့လို့ရှိရင် ပညာရှာပါ။ တစ်နေရာမှာ ရှာပါ။ အဲဒီအချိန်မှာ အငေါက်ခံပါ အဆဲခံပါ။ သူများကို လုပ်ကိုင်ပေးပါ။ ကိုယ့်ဆရာကို၊ ကိုယ့်ကို ပညာပေးတဲပဆရာကို ရိုရိုသေသေ ဆက်ဆံပါ။ ရေပူရေချမ်း ကမ်းလှမ်းပြီး အလုပ်အကျွေးပြုပါ။ မင်းကို ပညာမှန်သမျှ အကုန်ပေးလိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၄၂/၄၄ )
-- စာဖတ်တဲ့အခါကျတော့ စာဖတ်နည်းကို ပြောရဦးမယ်။ ဘာစာဖတ်ရမလဲဆိုတာ မမေးနဲ့။ အဲဒါ ပြောဖို့ သိပ်ခက်တဲ့ကိစ္စ။ ဟာ ဒီစာသိပ်ကောင်းပါတယ်ဆိုလို့ သွားဖတ်လိုက်၊ ပြီးတော့ ဆရာရယ် ဘာစာကြီးမှန်လဲ မသိဘူး။ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ အဲ့တော့ လုပ်တဲ့နည်းကို အရင်က ဆောင်ပါးလေးတစ်စောင် နှစ်စောင်တော့ရေးဘူးတယ်၊ အခုတော့ ဒီမှာ ထည့်ပြောလိုက်ဦးမယ်။ အခုတော့ အမွေဆိုတဲ့ သဘောဆိုတော့ အကုန်လုံး တတ်နိုင်သမျှ ဘဝအတွက် စုစုပေါင်းပေါင်းလေးပါအောင်လို့ ကျွန်တော်ထည့်ပြောတာပါ။ မဂ္ဂဇင်းတွေရှိတယ်၊ အဲဒီ မဂ္ဂဇင်းအဟောင်းတွေ အပါအဝင်ပေါ့။ အားလုံး မဂ္ဂဇင်းဆယ်မျိုးဖတ်မယ်ပေါ့။ အဲဒီ မဂ္ဂဇင်းဆယ်မျိုးမှာ ဖတ်လိုက်လို့ရှိရင် တစ်နှစ်အတွက်ဆို အုပ်တစ်ရာ့နှစ်ဆယ်ပေါ့။ အဟောင်းထဲက ပြန်ဖတ်။ အသစ်က စောင့်နေဦးမယ်။ အလွတ်စေနဲ့။
-- အဟောင်းထဲက ပြန်ရှာ။ ဖတ်တဲအခါ အဲဒီအထဲမှာ ကဗျာတွေ ဝတ္ထုတွေကို ဘေးချိတ်ထား။ ဆောင်ပါးတွေကိုချည်း အရင်ဖတ်။ ဆောင်းပါးတွေကိုချည်း ဖတ်ကြည့်လိုက်ရင် ဘာသွားတွေ့ရမလဲဆိုရင်၊ ဘယ်စာရေးဆရာဟာ ဘာစာမျိုးတွေ ရေးလေ့ရှိတယ်၊ ဘယ်စာမျိုးကို ငါကြိုက်တယ်။ ဟော စာရေးစရာကိုလည်း တွေ့လာလိမ့်မယ်။ သိလာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုလည်း သိလာလိမ့်မယ်။ အဲဒီတော့ ငါ ဘယ်စာမျိုးကြိုက်တယ်။ အလိုလိုနေရင်း ဘယ်စာမျိုးဖတ်ရမယ် ဆိုတာ သိလာလိမ့်မယ်။
-- မိမိကိုယ်ကို အောင်နိုင်စေတဲ့ သတ္တိကိုပေးတဲ့ စာမျိုး။ အဲဒီစာမျိုးတွေကို ကြိုးစားပမ်းစားဖတ်နော်။ ကိုယ့်ဘဝ တိုးတက်မှုကို အဲဒီကျလို့ရှိရင် တွေ့လာလိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၅၁/၅၂ )
-- နောက်တစ်ခု လူငယ်နဲ့ ကိုယ်ကျင့်တရား၊ ခုနတုန်းက ရိုးသားဖို့လိုအပ်တယ်လို့ ပြောတဲ့ဥစ္စာ၊ ဦးချစ်မောင်ပြောတဲ့ဥစ္စာကို ပြောခဲ့ပြီ။ အခုတော့ လူငယ်တွေ ရိုးသားဖို့လို့ ပြောနေရတာ။ စာရိတ္တကောင်းဖို့လို့။ ဘာဖြစ်လဲဆိုတော့ လူငယ်တွေက ပျက်ဖို့လို့ တော်တော် တာစူနေကြတာ။ ပျက်ဖို့လို့တာစူတဲ့အထဲထဲမှာ သိသိသာသာကြီး ပျက်တဲ့ဥစ္စာ ဘာလဲဆိုတော့ မူးယစ်ဆေးဝါး သုံးတာတို့လို၊ အရက်သောက်တာတို့လို၊ အဲလိုဟာမျိုးတွေက သိသာတာပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်တာထက် ကြောက်စရာကောင်းတဲ့ အလုပ်တစ်ခုက ဘာလဲဆိုတော့ ပိုက်ဆံရပြီးရော၊ ဘယ်ကရရ မရထိုက်တဲ့ အခွင့်အရေး၊ မရထိုက်တဲ့ ငွေကြေး ယူကို မယူချင်နဲ့။ အဲဒီလိုကိုတောင့်ထား။ နို့မဟုတ်ရင် မင်းတို့ တစ်နေ့ကျရင် ဒုက္ခရောက်လိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၇၅/၇၆ )
-- ဂျီသြမေတြီ သင်တာဟာ မင်းကို တြိဂံတစ်ခုအကြောင်း သင်ပေးတယ်။ ထောင့်မှန်တွေ ဘာတွေ၊ မျဉ်းဖြောင့်သည် အတိုဆုံးခရီးဖြစ်တယ်။ တစ်နေရာနှင့် တစ်နေရာ အတိုဆုံးခရီးသည် မျဉ်းဖြောင့်ဖြစ်တယ်၊ ဘာညာဆိုတဲ့ ဥစ္စာ။ ဒါတွေတတ်တော့ဘာဖြစ်လဲ။ အိမ်ဆောက်ဖို့လား၊ မဟုတ်ဘူး။ လမ်းဖြတ်ကူးရင်း တည့်တည့်ဖြတ်ကူးမှ မြန်မြန်ရောက်တယ်။ မျဉ်းဖြောင့်၊ အဲလိုမှတ်ရတယ်။
-- အဲဒါ ဂျီသြမေတြီတွက်မှ မဟုတ်ပါဘူး။ ခွေးတောင်သိတယ်။ ခွေးတွေကိုကြည့်၊ ဒိုင်းဆို ဖြတ်ကူးလိုက်တာပဲ။ ကျွန်တော်တို့ထက်တောင် လည်သေးတယ်။ စဥ့်အိုးတန်းတို့ ကမ်းနားလမ်းတို့ ဘာတို့က ခွေးတွေကိုကြည့်ပါလား။ ဖြတ်ကူးရင် ချင်ကနဲဆို အလယ်ရောက်တယ်။ ဟိုဘက်ဒီဘက် လှည့်ကြည့်၊ အဲဒီမှာ သိပ်ရှုပ်နေရင် ဖြတ်တဲ့အခါကျတော့ ချယ်ဂါရီအောက်က ဝင်လိုက်သွားတယ်။ သူလိုချင်တဲ့နေရာရောက်မှ ထွက်သွားတယ်။ အဲဒီခွေး ဂျီသြမေတြီ မတတ်ပါဘူ။ ဂျီသြမေတြီတတ်တဲ့ဥစ္စာ အိမ်ဆောက်ဖို့မဟုတ်ဘူး။ လမ်းကူးဖို့မဟုတ်ဘူး။ အထောက်အထား မခိုင်လုံရင် မယုံဘူးဆိုတဲ့ ဦးနှောက်မျိုးကို ထရိန်နင်ပေးတာ။ အလေ့အကျင့်လုပ်တာ။
-- အဲ တစ်ခါတလေကျတော့ တက္ကသိုလ်မှာ၊ ကျွန်တော်က တက္ကသိုလ်မှာ ဆရာလုပ်တော့ တော်တော် ရင်နာတယ်။ တချို့ ဘာမှန်းမသိ ညာမှန်းမသိ စွတ်ပြောတာ။ ဒီကောင်က ဘီအက်စီအောင်တယ်သာပြောတယ် မီးခြစ်ဆံတောင် မလုပ်တတ်ဘူးတဲ့။ မီးဖြစ်ဆံလုပ်တတ်ချင်ရင် "အီးစီမဒါး"ဆိုတဲ့ ကုလားမီးခြစ်စက်ရုံ သွားပေါ့၊ ဘာခက်တာမှတ်လို့။ တက္ကသိုလ်က မီးဖြစ်လုပ်နည်းသင်တာမှ မဟုတ်ဘဲ။ မီးဖြစ်ဆံ ဘာကြောင့် မီးတောက်သလဲဆိုတဲ့ သီအိုရီကို သင်တာ။ တက္ကသိုလ်က ဘာသင်တာမှန်း မသိဘဲ စွတ်ပြောတာ။ ဘီအက်စီ မက္ကင်းနစ်ကယ်လ်၊ အင်ဂျင်နီယာ မက္ကင်းနစ်ကယ်လ်တွေကွာ သုံးဘီးကားတောင် မပြင်တတ်ဘူး။ သုံးဘီးကားပြင်တတ်ချင်ရင် ကြက်တန်းသွားပေါ့။ မြေနီကုန်းမှာ သွားပြင်ပေါ့၊ အကျွန်တော်က အဲဒီလို ပြောလိုက်တယ်။ ဒီကောင်က တက္ကသိုလ်မှာ သီအိုရီကို သင်ခဲ့တာ။ အဲဒီအခြေခံကို သိတော့ နောက်လုပ်သွားလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ တစ်ခါတလေကျ သိပ်စိတ်ညစ်ဖို့ကောင်းတယ်။
-- အဲတော့ ခင်ဗျားကို ပြောမယ်။ မင်းတို့ ပညာဆက်ပြီးသင်ချင်သင်ပါ။ ဘာမှ သူတို့ပြောတာကို ချိန်ဆမနေနဲ့။ လူဆိုတာ အမျိုးမျိုးပေါ့။ တစ်ချို့က စာမေးပွဲ မအောင်ဘူး၊ မအောင်တော့ အိမ်မှာ ကွမ်းယာဆိုင်ဖွင့်မယ်၊ စာအုပ်ငှားမယ်၊ ဒါမျိုးလေးနဲ့ လုပ်ကိုင်စား။ "တို့က စာမေးပွဲမအောင်ပေမယ့် ဝင်ငွေ တစ်နေ့ကို ဘယ်လောက်ရတာ"။ သူ့ဘာသူ မအောင်လို့လုပ်တဲ့ကိစ္စ။ အဲဒါတွေကို သွားပြီး မဟုတ်တာတွေကို သွားပြီး အားမကျနဲ့နော်။

#အောင်သင်း - အမွေ (စာ - ၇၉/၈၀ )
-- စိတ်ဓာတ်ကြံ့ခိုင်တာ စာဖတ်ခြင်းနဲ့ လုံလောက်တာမဟုတ်ဘူး။ စာဖတ်တာက စာဖတ်နေတာနဲ့ စိတ်ဓါတ်ကြီးကြံ့ခိုင်လာတာမဟုတ်ဘူး။ စာဖတ်တာက စိတ်ဓါတ်အသိမြင့်အောင်လုပ်တာ။ မင်းတို့ How to swim ရေကူးနည်းစာအုပ်ကို ဖတ်ပြီးတော့ ရေထဲ ဝုန်းခနဲခုန်ချတော့ ဘာဖြစ်မလဲ၊ လက်ပဲပေါ်လာမှာပေါ့။ လက်ကလေးပဲပေါ်လာမှာ။ ကယ်တော်မူပါပေါ့။ ဟုတ်လား။ ပြောချင်တာက ရေကူးနည်းစာအုပ်ကိုဖတ်၊ ပြီးတော့မှ ရေကူးလေ့ကျင့်ရတယ်၊ ဟုတ်လား။ အလေးမနည်းကို ဖတ်ပြီးတော့မှ အလေးမလေ့ကျင့်ရတာ။ စာကိုဖတ်ရုံနဲ့ ကြွက်သားကြီးက ကောင်းလာတာမဟုတ်ဘူး။ စာဖတ်တာနဲ့ ဗလတောင့်လို့ရှိရင် ငါလည်း အဲဒါတွေဖတ်တာနဲ့ ဗလကြီးကို အယ်နေမှာပဲ။ စာဖတ်ပြီးတော့လည်း လေ့ကျင့်ရသေးတာ၊ ဒီမှာကာရာတေး ကျင့်နည်းတွေဘာတွေ ရှိသားပဲ။ ဒါပေမဲ့ အဲဒီ ကာရာတေးကျင့်နည်းတွေ ဖတ်ရုံနဲ့ ကာရာတေး တတ်သွားတာ မဟုတ်ဘူး။ စာဖတ်တော့မှ ကိုယ့်စိတ်ကိုယ် ဘယ်လိုပြန်ကျင့်ရမယ် ဆိုတာ သိလာမှာ။ အဲဒီအတိုင်း ပြန်ကျင့်မှ မင်းရဲ့စိတ် ကျင့်သားကောင်းလာမှာပေါ့။ ကြံ့ခိုင်လာမှာပေါ့။ အဲဒီစာအုပ်တွေက ဒီကြံ့ခိုင်တဲ့ နည်းလမ်းတွေကို ပေးလိမ့်မယ်။ အဲဒီအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါလို့ ပြောချင်တယ်။

Credit; ဆရာအောင်သင်း အမွေစာအုပ်မှ

ဆရာအောင်သင်း - အမွေ


အောင်သင်း - အမွေ (စာ - ၁၂ / ၁၃ )
ကောင်းပြီ တိုးတက်ချင်စိတ်ပေါ်လာအောင် ဘာလုပ်ရသလဲဆိုတာကို ပြောမယ်။ တိုးတက်ချင်တဲ့စိတ် ပေါ်လာချင်လို့ရှိရင် အရေးကြီးပြီနော်၊ တိုးတက်ချင်တဲ့စိတ် တကယ်ပေါ်လာချင်လို့ရှိရင် မင်းပတ်ဝန်းကျင်မှာ မင်း ဘယ်လောက်ထိအောင် အရေးပါသလဲ၊ မင်းပတ်ဝန်းကျင်မှာ မင်း အရေးမပါလို့ရှိရင် မင်းပတ်ဝန်းကျင်မှာ အရေးပါနေတဲ့လူတွေ ဘယ်သူတွေ ရှိတယ်ဆိုတာ အဲဒါတွေ ပြန်ကြည့်ပါ။ အဲဒီလို ငါက တစ်သက်လုံး ဖြစ်နိုင်ပါ့မလားဆိုတာ ဆန်းစစ်ကြည့်ပါ။ မဖြစ်နိုင်တော့ဘူးဆိုတာသိရင်၊ အဲဒီဥစ္စာ ငါမလုပ်နိုင်တော့ဘူးဆိုတာသိရင် မင်း စိတ်တစ်မျိုးဖြစ်လာလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ နည်းနည်းလေး မခံချင်တဲ့စိတ်လေးတွေရှိတယ်။ ကိုယ့်ကို မကြောစေချင်ဘူး။ အဲ့တော့ လှည့်တွက်ပါ။ အဝေးကြီး သွားမတွက်နဲ့။ ဗိုလ်ချုပ်အောင်ဆန်းလိုဟာမျိုးကို သွားမတွက်ပါနဲ့။ ကိုယ်နဲ့ ကွာလွန်းတော့ မနာလိုရမှန်းမသိဘူး။ ဟုတ်တယ်။ လောကကြီးမှာ မနာလိုခြင်း၊ ဝန်တိုခြင်း၊ အားကျခြင်းတို့ဟာ သူ့စိတ်လေးနဲ့သူမဟုတ်လား။ ဟိုးထိပ်ဆုံးက လူနဲ့ အောက်ဆုံးက သူတောင်းစား။ သူတို့ချင်း ဘယ်တော့မှ မနာလိုမဖြစ်ဘူး။ အောက်ဆုံးက သူတောင်းစားဟာ ရှင်ဘုရင်တစ်ပါးကို၊ နိုင်ငံခေါင်းဆောင်ကြီးတစ်ယောက်ကို ဘယ်တော့မှ မနာလိုမဖြစ်ဘူး။ သူတို့ သူတောင်းစားအချင်းချင်းကျတော့ ဟိုကောင် ပိုရတယ် ဆိုပြီး မနာလိုဖြစ်တယ်။ အဲဒီတော့ ပထမဆုံးစပြီး တွက်ကြည့်ဖို့က အဲဒီလို အောင်မြင်ချင်တဲ့စိတ်ပေါက်လို့ရှိရင် မင်းပတ်ဝန်းကျင် မင်းအဆင့်လှေကားထစ်မှာ နည်းနည်းဖြင့်တဲ့၊ သြဇာရ အရေးပါအရာရောက်တဲ့သူကိုရှာကြည့်။ သူဟာ တဖြည်းဖြည်း သြဇာပိုကြီးလာသလား။ ငါဟာ သူလို သြဇာကြီးလာနိုင်သလား၊ မင်း တွက်ကြည့်။ သြဇာမကြီးနိုင်တော့ဘူးဆိုတာသိရင် မင်း စိတ်ထဲမှာ နည်းနည်း မခံချင်ဖြစ်လာတတ်တယ်။
ငါဟာ ညံ့နေပြီဆိုတာ သိလိုက်ပါ။ ဘာကြောင့်ဆိုတော့ ကိုယ့်ကိုယ်ကို ညံ့နေပြီဆိုတာသိရင်ကောင်းတယ် မသိရင်မကောင်းဘူး။

အောင်သင်း - အမွေ (စာ - ၁၈ / ၁၉ )
တကယ်တိုးတက်ရမယ်ဆိုတဲ့ ဥစ္စာ၊ အခြားသူကိုပြောလို့ရှိရင် နည်းနည်းခပ်ပေါ့ပေါ့ ဖြစ်သေးတယ်။ ငါကိုယ်တိုင်ပြောတာ။ ငါ တော်တော်နိမ့်ကျတဲ့ ဘဝကြီးက တက်လာရတာ။ တက္ကသိုလ်ဆိုတာ အိပ်မ်ကတောင် မမြင်ခဲ့ဘူး။ စိတ်ထဲမှမပြောနဲ့၊ အိပ်မက်တောင် မက်လို့မရနိုင်တဲ့ ဘဝ။ ဒါပေမဲ့ နောင်တစ်နေ့ကျတော့ တက္ကသိုလ်မှာ ဆရာဖြစ်ခဲ့ရတယ်။ အကောင်းစား။ ဆရာတောင်မှ ပေါ့တီးပေါ့ဆ ဆရာမျိုး မဟုတ်ဘူးနော်။ နောက် အခု ဒီစင်ပေါမှာ ဒီမှာ စကားပြောနေတဲ့ အဆင့်ကို ရောက်လာခဲ့သေးတယ်။ ထားပါ။ အဲဒါတွေကို ပြောနေရင် အတ္ထုပ္ပတ္တိတော်ကြီးဖြစ်သွားလိမ့်မယ်။ အဲဒီတော့ သတ္တိသိပ်ကောင်းဖို့လိုတယ်။ မာသလား။ ပျော့သလား။ လောကကြီးမှာ မာတဲ့လူအတွက် နေရာရှိတယ်။ ပျော့တဲ့လူအတွက် နေရာမရှိဘူး။ သံချွန်ကို သစ်သားပေါ်မှာ ဒိုင်းခနဲ ရိုက်လိုက်တာ၊ သံချွန်ဝင်သွားတာက သစ်သားကပျော့လို့၊ သံချွန်အတွက် နေရာဖယ်ပေးလိုက်ရတာ။ အဲဒီသံချွန်ကို ကျောက်တုံးပေါ်မှာ ရိုက်ထည့်လိုက်ရင် ဒိုင်းခနဲ ကွေးသွားတာပေါ့။ ကျောက်တုံးက ဖယ်မပေးဘူး။ ဆောရီး၊ I'm sorry ပဲ။ ဒါ့ကြောင့် မင်းပျော့သလား၊မာသလား။ ပျော့ရင်နေရာဖယ်ပေးလိုက်ပါ။ မာရင် နေရာယူပါ။ အဲဒီတော့ မင်းကိုယ်မင်း သတ္တိမွေးပါ။ သတ္တိဆိုလိုက်တဲ့ကိစ္စဟာ ကျင့်ယူလို့ရတယ်။ ဒါပေမဲ့လို့ နှစ်မျိုးရှိတယ်။ ကာယသတ္တိနဲ့ စိတ္တသတ္တိ (သို့မဟုတ်) (moral courage)စာရိတ္တသတ္တိ နှစ်ခုရှိတယ်။ ကာယသတ္တိအကျင့်က လွယ်တယ်။ စိတ္တသတ္တိ (စာရိတ္တသတ္တိ)က ကျင့်တာခက်တယ်။ ကာယသတ္တိကျတော့ ရန်မဖြစ်ဝံ့တဲ့ ကလေးကို ဂျူဒိုတို့၊ ကရာတေးတို့ တော်အောင်သင်ပေးလိုက်လို့ ဂျူဒိုခါးပတ်နက် ဖြစ်လို့ရှိရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ယုံကြည်လာတယ်။ စာရိတ္တသတ္တိမှာ အဲဒီလိုယုံကြည်မှုက ဘယ်ကမှရသလဲဆိုတော့ ခုနက ပြောခဲ့တဲ့ စာဖတ်ခြင်း၊ တိုးတက်ချင်တဲ့စိတ်မျိုး ပေါ်တဲ့အတွက် စာဖတ်ခြင်း၊ ပညာရှိတို့၏ စကားကို နားထောင်ခြင်း၊ အဲဒီလိုလုပ်ပြီးတော့မှ ကိုယ့်စိတ်ကို ကိုယ်မွေးယူ၊ မွေးယူ၊ အဆင့်မြင့်သထက်မြင့်အောင်မွေးယူပါ။ အဲဒါမှ သူက မြင့်လာတာ။ စိတ်ကလဲနော် ကြွက်သားရှတယ်၊ လူမှ ကြွက်သားရှိတယ်မထင်နဲ့။ စိတ်လည်းကြွက်သားရှိတယ်။ စိတ်ရဲ့ကြွက်သားက မြင်ရတာမျိုးမဟုတ်ဘူး။ လူရဲ့ကြွက်သားကကျတော့ အလေးက အောက်ကိုဆွဲချတယ်၊ ကိုယ်က ဆွဲမတယ်။ နောက်တော့ လက်မောင်တွေဘာတွေကြီးလာတယ်။ အဲဒီလိုပဲ၊ စိတ်ရဲ့ သတ္တိကျတော့ အခက်အခဲတွေတွေ့ရင် အဲဒါကိုရင်ဆိုင်၊ ပြန်စစ်ကြည့်။

#အောင်သင်း - အမွေ (စာ - ၂၀)
ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို ခိုင်းရတယ်နော်။ ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို မခိုင်းရင် ကြီးလာရင် သူများခိုင်းတာ ခံရတတ်တယ်။မောင်ရင်တို့ ငယ်ငယ်မှာ ခိုင်းပါ။ ကိုယ့်ကိုယ်ကို အဲဒီခိုင်းတဲ့ဥစ္စာရယ်၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်အမိန့်ကို နားထောင်တာ သတ္တိ၊ လူတွေဟာ ကိုယ့်အမိန့်ကို ကိုယ်နားထောင်တယ် မထင်နဲ့နော်။ သူများခိုင်းတဲ့အမိန့်ကိုသာ ကျိုးနွံတာ။ ကိုယ့်ကိုယ်ကို ကိုယ့်အမိန့်ကို ကိုယ်ကျိုးနွံတဲ့လူ  တော်တော်နည်းတယ်။ သူများခိုင်းတာသာ "ဟုတ်ကဲ့" ဘာညာဆိုတာပြောတာ ဟုတ်လား။ သူများခိုင်းမှ။ ကိုယ့်ဘာသာကိုယ်ကျတော့ မနက်ခုနစ်နာရီ၊ ငါးနာရီ အိပ်ရာထရမယ် ဆိုလို့ရှိရင် မနက်ငါးနာရီ နှိုးစက်က နှိုးတော့ ကိုယ်က မထချင်။ နေပါစေ၊ ရပါတယ်။ အဲဒီနှိုးစက် ပိတ်လိုက်ရော၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် မကျိုးနွံလို့။ ကိုယ့်ကိုကိုယ် မကျိုးနွံရင် သူများကို ကျိုးနွံအောင် ဘယ်တော့မှ မခိုင်းနိုင်ဘူး။ မိမိကိုယ်ကိုမိမိ မအောင်သမျှ ကာလပတ်လုံး ဘောကကြီးကို မအောင်နိုင်ဘူးဆိုတ။ ပုံသေယုံပါ။ ဒါကြောင့် ပထမဦးဆုံး ကိုယ့်ကိုကိုယ် ကျိုးနွံတဲ့သတ္တိ၊ ကိုယ့်ကိုယ်ကို အားကိုးတဲ့သတ္တိ၊ စိန်ခေါ်ခြင်းကို လက်ခံဝံ့တဲ့သတ္တိ၊ ရန်ဖြစ်လို့ စိန်ခေါ်တာ မဟုတ်ဘူးနော်။ အခက်အခဲ မေးခွန်းပုစ္ဆာ၊ စာပေ၊ ကိုယ်လုပ်နေတဲ့ သင်ခန်းစာတွေရဲ့ စိန်ခေါ်ခြင်းကို လက်ခံဝံ့တဲ့သတ္တိ၊ တစ်ဆိတ်ကလေးရှိ ဆရာကို အားကိုးတဲ့ဟာမျိုးမလုပ်ဘဲနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်အားကိုးရပ်ချင်တဲ့သတ္တိ။ အဲဒီသတ္တိမျိုး ဖြစ်အောင်မွေးပါ။ အဲဒီလို မွေးလာခဲ့လိုက်ရင် ခုနကတုန်းက အဓိဋ္ဌာန်ပါ ထပ်ပြီး ခိုင်လာလိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၃၁/၃၃ )
-- လူငယ်တွေ ဥစ္စာရယ် ပညာရယ် ဘာရှာမလဲဆိုတာ၊ ဒီနေ့လူငယ်တွေရဲ့ ပြဿနာက အဲဒါ သိပ်အရေးကြီးနေတယ်။ ကျောင်းနေတော့ ဘာလုပ်ရမလဲ၊ ဟုတ်လား။
-- အကုန်လုံး ဒီသင်ခန်းစာကို ဟိုတစ်ခါလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဟိုပွဲတွေမှာလည်း ပြောခဲ့ပါတယ်။ ဒီ သူ့ကျွန်ဖြစ်တဲ့ကိစ္စကို။ ဘာကြောင့်ဖြစ်တာလဲ။ သုံးကြိမ် အင်္ဂလိပ်နဲ့ စစ်တိုက်တာ သုံးကြိမ်စလုံးရှုံးတယ်။ ဘာဖြစ်လို့ရှုံးလဲ။ ပညာမတတ်လို့ရှုံးတာ။ ဒါပဲ။ ဗန္ဓုလလောက် မျိုးချစ်စိတ် ရှိဦးမလား။ ဗန္ဓုလလောက် ဘယ်သူ သတ္တိကောင်းဦးမလဲ။ ဟိုက "ထုန်း" ဆိုတော့ သေရော။ ကိုယ်ကမှ ပြန်မ "ထုန်း" နိုင်ဘဲ။ ခံခဲ့ရတာပေါ့။ အဲဒါ ကျွန်တော်ပြောချင်တာက ဒီ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေက သင်ခန်းစာယူရမယ်။
-- ရှေ့ကို ပညာနည်းတယ်နော်၊ စစ်မတိုက်ဘဲနဲ့ကို ထပ်ကျွန်ဖြစ်ဦးမယ်။ စစ်တိုက်ဖို့ မလိုတော့ဘူး။ ခုခေတ်က စစ်မတိုက်ဘဲနဲ့ နယ်ချဲ့တဲ့ခေတ်။ ဟုတ်လား။ ရှေးတုန်းက စစ်တွေဘာတွေတိုက်တယ်။ အခုကတော့ စစ်တိုက်တဲ့ဥစ္စာမှာ နယ်ချဲ့တဲ့ဥစ္စာမှာ ဘာမှ လက်နက်တွေ ဘာတွေနဲ့ လုပ်မနေတော့ဘူး။ လက်နက်နဲ့ နယ်ချဲ့တဲ့ ဥစ္စာက ခြေထောက်ညောင်တယ်။ ပခုံးအောင့်တယ်။ ကျယ်ဆန်ကုန်တယ်။ ပြီးတော့ ဖက်ဆစ်နယ်ချဲ့နဲ့ နာမည်ပျက်သေးတယ်။
-- ကျွန်တော် ဒါကြောင့်မို့ ခုဖတ်နေတဲ့စာတွေ၊ ကျွန်တော်ဖတ်နေတာတော်တောကြာပြီ။ ကျွန်တော် တစ်နေ့နေ့မှာ ရေးရဦးမှာပဲ။ ဗမာလူမျိုးတွေ အသုံးမကျတဲ့အကြောင်းကို ရေးထားတဲ့စာတွေကို ကျွန်တော် အကုန်ရှာဖတ်နေတယ်။ ဟုတ်တယ်။ တစ်ခါတလေကျ ကျွန်တော် အဲဒီလိုဖတ်ရတာ၊ အဲဒီလိုဖတ်ရမှ ကိုယ်မကောင်းမှန်သိ၊ ကိုယ်ညံ့မှန်းသိရတယ်။ နို့မဟုတ်ရင် ကိုယ့်ဘာသာကိုယ် တို့မြန်မာ သာကီမျိုးဟာမို့ ဘာညာနဲ့ ဇွတ်လုပ်ချင်လုပ်နေတာ။ အဲဒီတော့ ပြောချင်တာက ကျွန်တော်တို့ ကျွန်ဖြစ်တဲ့ဥစ္စာက ပညာမတတ်လို့ ကျွန်ဖြစ်ခဲ့တယ်။ ဒါကိုတော့ သိထားရမယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ လူလိမ္မာတို့မည်သည်မှာ တစ်ပါးသူရဲ့ အမှာကနေ သင်ခန်းစာကိုရတယ်။ လူမိုက်တို့မည်သည်မှာ ကိုယ်တိုင်မှားမှ သင်ခန်းစာရတယ်။ ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင်မှားပါလျက်နှင့်ပင် သင်ခန်းစာကို မရကြကုန်တဲ့။ ကျုပ်တို့က အဲဒီနောက်ဆုံး အချက်မှာ ပါနေတယ်။
-- ဒါကြောင့် ကျွန်တော်တို့ဟာ မိုက်ပြီးပြီ။ အဲတော့ လူငယ်တွေကို မမိုက်နဲ့၊ မင်းတို့သိ။ ရှေ့ဆက်ပြီးလုပ်ကြ၊ ပညာ သိပ်အရေးကြီးတယ်။ အဲတော့ ပညာဟာ ခုချိန်မှာ အရေးမကြီးသေးဘူးနော်။ မင်းတို့ကို ကြိုတင်ပြောလိုက်မယ်။ နောက် ဆယ့်ငါးနှစ်မှာ မြန်မာပြည်မှာ ပညာတတ်တဲ့ကောင်တွေက ဦးဆောင်လိမ့်မယ်။ ရှေ့ကိုရောက်လာလိမ့်မယ်။ ယုံကြည်ပါ။ အဲဒါကို ဘာကြောင့်လဲဆိုတော့ ပညာတတ်တဲ့ကောင်တွေဟာ ဘယ်တော့မှ နောက်ကမနေဘူး မှတ်ထား။ ရှေ့ကရောက်လာလိမ့်မယ်။ အဲဒီအပြင် ပညာတတ်တဲ့လူတွေ လိုလာမယ်။ အခု ပညာတတ်တဲ့လူတွေ တဖြည်းဖြည်းနော်၊ တိုင်းပြည်တိုးတက်လာတာနှင့်အမျှ သူတို့ကို ရှေ့ကတင်ရမှာပဲ။ အဲဒီ သူတို့က ရှေ့ကဦးဆောင်ရမှာပဲ။ ဒါကြောင့် နောက်ဆယ့်ငါးနှစ်ရှိရင် ပညာသမားတွေ ရှေ့တန်းရောက်လာလိမ့်မယ်။ ဒါကြောင့် ခုကတည်းက ကြိုးစားပမ်းစားသင်ပါ။ မင်းတို့အရွယ်မှာ ပညာကို အစွမ်းကုန် ရှာစမ်းပါ။

Credit; ဆရာအောင်သင်း (အမွေ)

Saturday, August 13, 2016

BUILDING THE BRIDGE (တံတားထိုးခြင်း)



#တံတားထိုးခြင်း
လမ်းမထီးထီး
ခရီးရှည်လျား၊ ခရီသွားလည်း
ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက်
ညနေဘက်တွင်၊ ကျယ်နက်မတ်စောက်
ဒီရေချောင်းသို့ ရောက်သတည်း။

ချောင်းပြင်ကျယ်စေ၊ စိတ်ဝယ်မတွန့်
မရွံ့မကြောက်၊ ဆည်းဆာအောက်ဝယ်
ကူးမြောက် သူ ကျော်၊ ဖြတ်စွမ်း၏။

ဟိုမှာကမ်းဘက်၊ ရောက်ပြီးလျက်မှ
နှစ်ဘက်ကမ်းပါး၊ ချောင်းကိုလွှား၍
တံတားထိုးပြန်လေတော့၏။

ခရီးသွားဖော်၊ တစ်ဦးသော်လျှင်
ထုတ်ဖော်ဤသို့ မေးမြန်း၏။

"အို အဘိုးအို
နေလည်းညိုပြီ၊
ချောင်းကိုလွန်မြောက်၊ သည်ကမ်းရောက်လျက်
နောက်သို့တစ်ဖန်၊ သင်မပြန်ဘဲ
အားသန်ကြိုးစား၊ ဤတံတားကို
သင်ကား ဘယ့်ကြောင့်ဆောက်သနည်း။"

"အို အဆွေ
သည်နေ့ဆိုလျှင်၊ ဆံပင်နုနယ်
လူငယ်တစ်ယောက်၊ ငါ့နောက်လိုက်လျက်
ခရီးထွက်ပြီ၊
ချောင်းနက်မတ်စောက်၊ ငါမကြောက်လည်း
နောက်ကလိုက်လာ၊ သူ့ခမျာမှ
သူတရာ ဘေးဆိုး၊ ဖြစ်အံ့စိုး၍
ကြိုးပမ်းငါလျှင် ဆောက်သတည်း။"
(ဝင်လ် ဒရွမ်း ဂူးလ်)

Credit; ဆရာအောင်သင်း (အမွေစာအုပ်မှ)

Wednesday, August 10, 2016

လေ့လာမိသမျှ ပြန်လည်ဝေမျှခြင်း - ၃

လေ့လာမိသမျှ ပြန်လည်ဝေမျှခြင်း - ၃ (Credit; ကိုယ်တော်ချော)

အခု shortcut တွေကို Internet Explorer, Firefox and Opera တို့မှာ အသုံပြုလို့ရပါတယ်။ shortcut တွေဟာ အသုံးပြုရလွယ်ကူတဲ့ အတွက် အသုံးပြုတဲ့သူတွေ အတွက်အဆင်ပြေစေနိုင်ပါတယ်။

Keystroke : Ctrl + T
Function : Open new tab
Works in : IE,FF and Opera
Keystroke : Ctrl + W
Function : Close currently selected tab
Works in : IE,FF and Opera
Keystroke for only one tab open : Ctrl + W
Function : Close browser
Works in : IE,FF
Keystroke : F5
Function : Refresh/ Reload webpage
Works in : IE,FF and Opera
Keystroke : F6
Function : Go to address (URL) bar
Works in : IE, FF
Keystroke : / (forward slash)
Function : Quick find text in current webpage
Works in : FF and Opera
Keystroke : Home
Function : Go to top of current webpage
Works in : IE, FF and Opera
Keystroke : End
Function : Go to bottom of current webpage
Works in : IE, FF and Opera
Keystroke : Ctrl + (number of tab)
Function : Go to specific tab by order of load (Ctrl +1, Ctrl +2, etc.)
Works in : IE, FF
Mouse : Double-click in blank area of tab bar
Function : Open new blank tab
Works in : IE, FF and Opera
Mouse+ Keystoke : Alt + Scroll
Function : Scroll by line
Works in : FF
Mouse + Keystoke : Shift + Scroll (up or down)
Function : Go back/ forward the webpage
Works in : IE, FF and Opera
အထူးသဖြင့် IE and FF မှာအသုံးပြုနိုင်တဲ့ shortcut တွေကိုများပါတယ်။ FFအသုံးပြုတာဟာ IE IEမှာ လုပ်ဆောင်ပေးနိုင် shortcut တွေပါ အသုံးပြုနိုင်တာ တွေ့ရပါမယ်။ Opera ကလည်း ကောင်းမွန်တဲ့ browser တစ်ခုပါပဲ။ ဒါပေမယ့် IE and FF မှာ F6 key ကိုနှိပ်ရင် “ go to address” ကိုရောက်ရှိမှာဖြစ်ပေမယ့် Opera ကတော့ ဒီ key သုံးလို့မရပါဘူး။ Opera မှာ “go to adress” ကိုသွားဖို့ F6 အစား Ctrl+L ကို တွဲနှိပ်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။



Credit; ကိုယ်တော်ချော

Monday, August 8, 2016

လေ့လာမိသမျှ ပြန်လည်ဝေမျှခြင်း - ၂



လိုချင်သော Serials တွေကို အတိအကျ ရယူခြင်း... Credit; ကိုယ်တော်ချော
________________________________________
Software တွေရဲ့ Serials Code တွေကို အတိအကျ ရှာလို့ရပါတယ်.

အရင် ဆုံး Google Search ကို အရင်ဖွင့်ပြီး....
Search ဆိုတဲ့နေရာမှာ...
"Product Name" 94FBR ဟုတ်ရိုက်ထည့်ပြီး Search ကို နှိပ်ပြီး ရှာနိုင်ပါတယ်ခင်ဗျာ...
product Name ဆိုတဲ့နေရာမှာ ကိုယ်ရှာချင်တဲ့ software နာမည်..
ဥပမာ. "Photoshop 7" 94FBR
"Nero Burning Rom 6" 94FBR
ဆိုပြီး ရှာနိုင်ပါတယ်ခင်ဗျာ.......

Credit; ကိုယ်တော်ချော

လေ့လာမိသမျှ ပြန်လည်ဝေမျှခြင်း - ၁



temp: files တွေကို အလိုအလျောက် delete လုပ်နည်းလေးပါ။
Credit; ကိုယ်တော်ချော

ကျွန်တော် စလေ့လာချိန်က save လုပ်ထားခဲ့တာလေး ပြန်လည်ဝေမျှခြင်းပါ။

notepad ကိုဖွင့်ပြီး အောက်ကစာကိုကူး၍ ထည့်ပါ

rd %temp% /s/q
md %temp%

notepad ကို save လုပ်သည့်အခါတွင် (.bat) ကိုရွေးပေးပါ။
Eg, temp delete.bad

ထို file လေးကို Local disk (C) ထဲရှိ Documents and Setting\Administrator\Start Menu\Programs\Startup သို့သိမ်းပေးပါ။

recent တို့ prefetch တို့ကိုလည်း ဖျက်လို့ရတယ်ဗျ။

recent ဖျက်ရန်-
rd C:\DOCUME~1\ADMINI~1\Recent /s/q
md C:\DOCUME~1\ADMINI~1\Recent

 prefetch ဖျက်ရန်-
rd C:\WINDOWS\Prefetch /s/q
md C:\WINDOWS\Prefetch

Credit; ကိုယ်တော်ချော