Sunday, August 14, 2016

ဆရာအောင်သင်း - အမွေ


အောင်သင်း - အမွေ (စာ - ၁၂ / ၁၃ )
ကောင်းပြီ တိုးတက်ချင်စိတ်ပေါ်လာအောင် ဘာလုပ်ရသလဲဆိုတာကို ပြောမယ်။ တိုးတက်ချင်တဲ့စိတ် ပေါ်လာချင်လို့ရှိရင် အရေးကြီးပြီနော်၊ တိုးတက်ချင်တဲ့စိတ် တကယ်ပေါ်လာချင်လို့ရှိရင် မင်းပတ်ဝန်းကျင်မှာ မင်း ဘယ်လောက်ထိအောင် အရေးပါသလဲ၊ မင်းပတ်ဝန်းကျင်မှာ မင်း အရေးမပါလို့ရှိရင် မင်းပတ်ဝန်းကျင်မှာ အရေးပါနေတဲ့လူတွေ ဘယ်သူတွေ ရှိတယ်ဆိုတာ အဲဒါတွေ ပြန်ကြည့်ပါ။ အဲဒီလို ငါက တစ်သက်လုံး ဖြစ်နိုင်ပါ့မလားဆိုတာ ဆန်းစစ်ကြည့်ပါ။ မဖြစ်နိုင်တော့ဘူးဆိုတာသိရင်၊ အဲဒီဥစ္စာ ငါမလုပ်နိုင်တော့ဘူးဆိုတာသိရင် မင်း စိတ်တစ်မျိုးဖြစ်လာလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ နည်းနည်းလေး မခံချင်တဲ့စိတ်လေးတွေရှိတယ်။ ကိုယ့်ကို မကြောစေချင်ဘူး။ အဲ့တော့ လှည့်တွက်ပါ။ အဝေးကြီး သွားမတွက်နဲ့။ ဗိုလ်ချုပ်အောင်ဆန်းလိုဟာမျိုးကို သွားမတွက်ပါနဲ့။ ကိုယ်နဲ့ ကွာလွန်းတော့ မနာလိုရမှန်းမသိဘူး။ ဟုတ်တယ်။ လောကကြီးမှာ မနာလိုခြင်း၊ ဝန်တိုခြင်း၊ အားကျခြင်းတို့ဟာ သူ့စိတ်လေးနဲ့သူမဟုတ်လား။ ဟိုးထိပ်ဆုံးက လူနဲ့ အောက်ဆုံးက သူတောင်းစား။ သူတို့ချင်း ဘယ်တော့မှ မနာလိုမဖြစ်ဘူး။ အောက်ဆုံးက သူတောင်းစားဟာ ရှင်ဘုရင်တစ်ပါးကို၊ နိုင်ငံခေါင်းဆောင်ကြီးတစ်ယောက်ကို ဘယ်တော့မှ မနာလိုမဖြစ်ဘူး။ သူတို့ သူတောင်းစားအချင်းချင်းကျတော့ ဟိုကောင် ပိုရတယ် ဆိုပြီး မနာလိုဖြစ်တယ်။ အဲဒီတော့ ပထမဆုံးစပြီး တွက်ကြည့်ဖို့က အဲဒီလို အောင်မြင်ချင်တဲ့စိတ်ပေါက်လို့ရှိရင် မင်းပတ်ဝန်းကျင် မင်းအဆင့်လှေကားထစ်မှာ နည်းနည်းဖြင့်တဲ့၊ သြဇာရ အရေးပါအရာရောက်တဲ့သူကိုရှာကြည့်။ သူဟာ တဖြည်းဖြည်း သြဇာပိုကြီးလာသလား။ ငါဟာ သူလို သြဇာကြီးလာနိုင်သလား၊ မင်း တွက်ကြည့်။ သြဇာမကြီးနိုင်တော့ဘူးဆိုတာသိရင် မင်း စိတ်ထဲမှာ နည်းနည်း မခံချင်ဖြစ်လာတတ်တယ်။
ငါဟာ ညံ့နေပြီဆိုတာ သိလိုက်ပါ။ ဘာကြောင့်ဆိုတော့ ကိုယ့်ကိုယ်ကို ညံ့နေပြီဆိုတာသိရင်ကောင်းတယ် မသိရင်မကောင်းဘူး။

အောင်သင်း - အမွေ (စာ - ၁၈ / ၁၉ )
တကယ်တိုးတက်ရမယ်ဆိုတဲ့ ဥစ္စာ၊ အခြားသူကိုပြောလို့ရှိရင် နည်းနည်းခပ်ပေါ့ပေါ့ ဖြစ်သေးတယ်။ ငါကိုယ်တိုင်ပြောတာ။ ငါ တော်တော်နိမ့်ကျတဲ့ ဘဝကြီးက တက်လာရတာ။ တက္ကသိုလ်ဆိုတာ အိပ်မ်ကတောင် မမြင်ခဲ့ဘူး။ စိတ်ထဲမှမပြောနဲ့၊ အိပ်မက်တောင် မက်လို့မရနိုင်တဲ့ ဘဝ။ ဒါပေမဲ့ နောင်တစ်နေ့ကျတော့ တက္ကသိုလ်မှာ ဆရာဖြစ်ခဲ့ရတယ်။ အကောင်းစား။ ဆရာတောင်မှ ပေါ့တီးပေါ့ဆ ဆရာမျိုး မဟုတ်ဘူးနော်။ နောက် အခု ဒီစင်ပေါမှာ ဒီမှာ စကားပြောနေတဲ့ အဆင့်ကို ရောက်လာခဲ့သေးတယ်။ ထားပါ။ အဲဒါတွေကို ပြောနေရင် အတ္ထုပ္ပတ္တိတော်ကြီးဖြစ်သွားလိမ့်မယ်။ အဲဒီတော့ သတ္တိသိပ်ကောင်းဖို့လိုတယ်။ မာသလား။ ပျော့သလား။ လောကကြီးမှာ မာတဲ့လူအတွက် နေရာရှိတယ်။ ပျော့တဲ့လူအတွက် နေရာမရှိဘူး။ သံချွန်ကို သစ်သားပေါ်မှာ ဒိုင်းခနဲ ရိုက်လိုက်တာ၊ သံချွန်ဝင်သွားတာက သစ်သားကပျော့လို့၊ သံချွန်အတွက် နေရာဖယ်ပေးလိုက်ရတာ။ အဲဒီသံချွန်ကို ကျောက်တုံးပေါ်မှာ ရိုက်ထည့်လိုက်ရင် ဒိုင်းခနဲ ကွေးသွားတာပေါ့။ ကျောက်တုံးက ဖယ်မပေးဘူး။ ဆောရီး၊ I'm sorry ပဲ။ ဒါ့ကြောင့် မင်းပျော့သလား၊မာသလား။ ပျော့ရင်နေရာဖယ်ပေးလိုက်ပါ။ မာရင် နေရာယူပါ။ အဲဒီတော့ မင်းကိုယ်မင်း သတ္တိမွေးပါ။ သတ္တိဆိုလိုက်တဲ့ကိစ္စဟာ ကျင့်ယူလို့ရတယ်။ ဒါပေမဲ့လို့ နှစ်မျိုးရှိတယ်။ ကာယသတ္တိနဲ့ စိတ္တသတ္တိ (သို့မဟုတ်) (moral courage)စာရိတ္တသတ္တိ နှစ်ခုရှိတယ်။ ကာယသတ္တိအကျင့်က လွယ်တယ်။ စိတ္တသတ္တိ (စာရိတ္တသတ္တိ)က ကျင့်တာခက်တယ်။ ကာယသတ္တိကျတော့ ရန်မဖြစ်ဝံ့တဲ့ ကလေးကို ဂျူဒိုတို့၊ ကရာတေးတို့ တော်အောင်သင်ပေးလိုက်လို့ ဂျူဒိုခါးပတ်နက် ဖြစ်လို့ရှိရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ ယုံကြည်လာတယ်။ စာရိတ္တသတ္တိမှာ အဲဒီလိုယုံကြည်မှုက ဘယ်ကမှရသလဲဆိုတော့ ခုနက ပြောခဲ့တဲ့ စာဖတ်ခြင်း၊ တိုးတက်ချင်တဲ့စိတ်မျိုး ပေါ်တဲ့အတွက် စာဖတ်ခြင်း၊ ပညာရှိတို့၏ စကားကို နားထောင်ခြင်း၊ အဲဒီလိုလုပ်ပြီးတော့မှ ကိုယ့်စိတ်ကို ကိုယ်မွေးယူ၊ မွေးယူ၊ အဆင့်မြင့်သထက်မြင့်အောင်မွေးယူပါ။ အဲဒါမှ သူက မြင့်လာတာ။ စိတ်ကလဲနော် ကြွက်သားရှတယ်၊ လူမှ ကြွက်သားရှိတယ်မထင်နဲ့။ စိတ်လည်းကြွက်သားရှိတယ်။ စိတ်ရဲ့ကြွက်သားက မြင်ရတာမျိုးမဟုတ်ဘူး။ လူရဲ့ကြွက်သားကကျတော့ အလေးက အောက်ကိုဆွဲချတယ်၊ ကိုယ်က ဆွဲမတယ်။ နောက်တော့ လက်မောင်တွေဘာတွေကြီးလာတယ်။ အဲဒီလိုပဲ၊ စိတ်ရဲ့ သတ္တိကျတော့ အခက်အခဲတွေတွေ့ရင် အဲဒါကိုရင်ဆိုင်၊ ပြန်စစ်ကြည့်။

#အောင်သင်း - အမွေ (စာ - ၂၀)
ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို ခိုင်းရတယ်နော်။ ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို မခိုင်းရင် ကြီးလာရင် သူများခိုင်းတာ ခံရတတ်တယ်။မောင်ရင်တို့ ငယ်ငယ်မှာ ခိုင်းပါ။ ကိုယ့်ကိုယ်ကို အဲဒီခိုင်းတဲ့ဥစ္စာရယ်၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်အမိန့်ကို နားထောင်တာ သတ္တိ၊ လူတွေဟာ ကိုယ့်အမိန့်ကို ကိုယ်နားထောင်တယ် မထင်နဲ့နော်။ သူများခိုင်းတဲ့အမိန့်ကိုသာ ကျိုးနွံတာ။ ကိုယ့်ကိုယ်ကို ကိုယ့်အမိန့်ကို ကိုယ်ကျိုးနွံတဲ့လူ  တော်တော်နည်းတယ်။ သူများခိုင်းတာသာ "ဟုတ်ကဲ့" ဘာညာဆိုတာပြောတာ ဟုတ်လား။ သူများခိုင်းမှ။ ကိုယ့်ဘာသာကိုယ်ကျတော့ မနက်ခုနစ်နာရီ၊ ငါးနာရီ အိပ်ရာထရမယ် ဆိုလို့ရှိရင် မနက်ငါးနာရီ နှိုးစက်က နှိုးတော့ ကိုယ်က မထချင်။ နေပါစေ၊ ရပါတယ်။ အဲဒီနှိုးစက် ပိတ်လိုက်ရော၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် မကျိုးနွံလို့။ ကိုယ့်ကိုကိုယ် မကျိုးနွံရင် သူများကို ကျိုးနွံအောင် ဘယ်တော့မှ မခိုင်းနိုင်ဘူး။ မိမိကိုယ်ကိုမိမိ မအောင်သမျှ ကာလပတ်လုံး ဘောကကြီးကို မအောင်နိုင်ဘူးဆိုတ။ ပုံသေယုံပါ။ ဒါကြောင့် ပထမဦးဆုံး ကိုယ့်ကိုကိုယ် ကျိုးနွံတဲ့သတ္တိ၊ ကိုယ့်ကိုယ်ကို အားကိုးတဲ့သတ္တိ၊ စိန်ခေါ်ခြင်းကို လက်ခံဝံ့တဲ့သတ္တိ၊ ရန်ဖြစ်လို့ စိန်ခေါ်တာ မဟုတ်ဘူးနော်။ အခက်အခဲ မေးခွန်းပုစ္ဆာ၊ စာပေ၊ ကိုယ်လုပ်နေတဲ့ သင်ခန်းစာတွေရဲ့ စိန်ခေါ်ခြင်းကို လက်ခံဝံ့တဲ့သတ္တိ၊ တစ်ဆိတ်ကလေးရှိ ဆရာကို အားကိုးတဲ့ဟာမျိုးမလုပ်ဘဲနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်အားကိုးရပ်ချင်တဲ့သတ္တိ။ အဲဒီသတ္တိမျိုး ဖြစ်အောင်မွေးပါ။ အဲဒီလို မွေးလာခဲ့လိုက်ရင် ခုနကတုန်းက အဓိဋ္ဌာန်ပါ ထပ်ပြီး ခိုင်လာလိမ့်မယ်။

#အောင်သင်း - အမွေ (စာ - ၃၁/၃၃ )
-- လူငယ်တွေ ဥစ္စာရယ် ပညာရယ် ဘာရှာမလဲဆိုတာ၊ ဒီနေ့လူငယ်တွေရဲ့ ပြဿနာက အဲဒါ သိပ်အရေးကြီးနေတယ်။ ကျောင်းနေတော့ ဘာလုပ်ရမလဲ၊ ဟုတ်လား။
-- အကုန်လုံး ဒီသင်ခန်းစာကို ဟိုတစ်ခါလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဟိုပွဲတွေမှာလည်း ပြောခဲ့ပါတယ်။ ဒီ သူ့ကျွန်ဖြစ်တဲ့ကိစ္စကို။ ဘာကြောင့်ဖြစ်တာလဲ။ သုံးကြိမ် အင်္ဂလိပ်နဲ့ စစ်တိုက်တာ သုံးကြိမ်စလုံးရှုံးတယ်။ ဘာဖြစ်လို့ရှုံးလဲ။ ပညာမတတ်လို့ရှုံးတာ။ ဒါပဲ။ ဗန္ဓုလလောက် မျိုးချစ်စိတ် ရှိဦးမလား။ ဗန္ဓုလလောက် ဘယ်သူ သတ္တိကောင်းဦးမလဲ။ ဟိုက "ထုန်း" ဆိုတော့ သေရော။ ကိုယ်ကမှ ပြန်မ "ထုန်း" နိုင်ဘဲ။ ခံခဲ့ရတာပေါ့။ အဲဒါ ကျွန်တော်ပြောချင်တာက ဒီ ဒါတွေကို ကျွန်တော်တို့ လူငယ်တွေက သင်ခန်းစာယူရမယ်။
-- ရှေ့ကို ပညာနည်းတယ်နော်၊ စစ်မတိုက်ဘဲနဲ့ကို ထပ်ကျွန်ဖြစ်ဦးမယ်။ စစ်တိုက်ဖို့ မလိုတော့ဘူး။ ခုခေတ်က စစ်မတိုက်ဘဲနဲ့ နယ်ချဲ့တဲ့ခေတ်။ ဟုတ်လား။ ရှေးတုန်းက စစ်တွေဘာတွေတိုက်တယ်။ အခုကတော့ စစ်တိုက်တဲ့ဥစ္စာမှာ နယ်ချဲ့တဲ့ဥစ္စာမှာ ဘာမှ လက်နက်တွေ ဘာတွေနဲ့ လုပ်မနေတော့ဘူး။ လက်နက်နဲ့ နယ်ချဲ့တဲ့ ဥစ္စာက ခြေထောက်ညောင်တယ်။ ပခုံးအောင့်တယ်။ ကျယ်ဆန်ကုန်တယ်။ ပြီးတော့ ဖက်ဆစ်နယ်ချဲ့နဲ့ နာမည်ပျက်သေးတယ်။
-- ကျွန်တော် ဒါကြောင့်မို့ ခုဖတ်နေတဲ့စာတွေ၊ ကျွန်တော်ဖတ်နေတာတော်တောကြာပြီ။ ကျွန်တော် တစ်နေ့နေ့မှာ ရေးရဦးမှာပဲ။ ဗမာလူမျိုးတွေ အသုံးမကျတဲ့အကြောင်းကို ရေးထားတဲ့စာတွေကို ကျွန်တော် အကုန်ရှာဖတ်နေတယ်။ ဟုတ်တယ်။ တစ်ခါတလေကျ ကျွန်တော် အဲဒီလိုဖတ်ရတာ၊ အဲဒီလိုဖတ်ရမှ ကိုယ်မကောင်းမှန်သိ၊ ကိုယ်ညံ့မှန်းသိရတယ်။ နို့မဟုတ်ရင် ကိုယ့်ဘာသာကိုယ် တို့မြန်မာ သာကီမျိုးဟာမို့ ဘာညာနဲ့ ဇွတ်လုပ်ချင်လုပ်နေတာ။ အဲဒီတော့ ပြောချင်တာက ကျွန်တော်တို့ ကျွန်ဖြစ်တဲ့ဥစ္စာက ပညာမတတ်လို့ ကျွန်ဖြစ်ခဲ့တယ်။ ဒါကိုတော့ သိထားရမယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ လူလိမ္မာတို့မည်သည်မှာ တစ်ပါးသူရဲ့ အမှာကနေ သင်ခန်းစာကိုရတယ်။ လူမိုက်တို့မည်သည်မှာ ကိုယ်တိုင်မှားမှ သင်ခန်းစာရတယ်။ ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင်မှားပါလျက်နှင့်ပင် သင်ခန်းစာကို မရကြကုန်တဲ့။ ကျုပ်တို့က အဲဒီနောက်ဆုံး အချက်မှာ ပါနေတယ်။
-- ဒါကြောင့် ကျွန်တော်တို့ဟာ မိုက်ပြီးပြီ။ အဲတော့ လူငယ်တွေကို မမိုက်နဲ့၊ မင်းတို့သိ။ ရှေ့ဆက်ပြီးလုပ်ကြ၊ ပညာ သိပ်အရေးကြီးတယ်။ အဲတော့ ပညာဟာ ခုချိန်မှာ အရေးမကြီးသေးဘူးနော်။ မင်းတို့ကို ကြိုတင်ပြောလိုက်မယ်။ နောက် ဆယ့်ငါးနှစ်မှာ မြန်မာပြည်မှာ ပညာတတ်တဲ့ကောင်တွေက ဦးဆောင်လိမ့်မယ်။ ရှေ့ကိုရောက်လာလိမ့်မယ်။ ယုံကြည်ပါ။ အဲဒါကို ဘာကြောင့်လဲဆိုတော့ ပညာတတ်တဲ့ကောင်တွေဟာ ဘယ်တော့မှ နောက်ကမနေဘူး မှတ်ထား။ ရှေ့ကရောက်လာလိမ့်မယ်။ အဲဒီအပြင် ပညာတတ်တဲ့လူတွေ လိုလာမယ်။ အခု ပညာတတ်တဲ့လူတွေ တဖြည်းဖြည်းနော်၊ တိုင်းပြည်တိုးတက်လာတာနှင့်အမျှ သူတို့ကို ရှေ့ကတင်ရမှာပဲ။ အဲဒီ သူတို့က ရှေ့ကဦးဆောင်ရမှာပဲ။ ဒါကြောင့် နောက်ဆယ့်ငါးနှစ်ရှိရင် ပညာသမားတွေ ရှေ့တန်းရောက်လာလိမ့်မယ်။ ဒါကြောင့် ခုကတည်းက ကြိုးစားပမ်းစားသင်ပါ။ မင်းတို့အရွယ်မှာ ပညာကို အစွမ်းကုန် ရှာစမ်းပါ။

Credit; ဆရာအောင်သင်း (အမွေ)

Saturday, August 13, 2016

BUILDING THE BRIDGE (တံတားထိုးခြင်း)



#တံတားထိုးခြင်း
လမ်းမထီးထီး
ခရီးရှည်လျား၊ ခရီသွားလည်း
ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက်
ညနေဘက်တွင်၊ ကျယ်နက်မတ်စောက်
ဒီရေချောင်းသို့ ရောက်သတည်း။

ချောင်းပြင်ကျယ်စေ၊ စိတ်ဝယ်မတွန့်
မရွံ့မကြောက်၊ ဆည်းဆာအောက်ဝယ်
ကူးမြောက် သူ ကျော်၊ ဖြတ်စွမ်း၏။

ဟိုမှာကမ်းဘက်၊ ရောက်ပြီးလျက်မှ
နှစ်ဘက်ကမ်းပါး၊ ချောင်းကိုလွှား၍
တံတားထိုးပြန်လေတော့၏။

ခရီးသွားဖော်၊ တစ်ဦးသော်လျှင်
ထုတ်ဖော်ဤသို့ မေးမြန်း၏။

"အို အဘိုးအို
နေလည်းညိုပြီ၊
ချောင်းကိုလွန်မြောက်၊ သည်ကမ်းရောက်လျက်
နောက်သို့တစ်ဖန်၊ သင်မပြန်ဘဲ
အားသန်ကြိုးစား၊ ဤတံတားကို
သင်ကား ဘယ့်ကြောင့်ဆောက်သနည်း။"

"အို အဆွေ
သည်နေ့ဆိုလျှင်၊ ဆံပင်နုနယ်
လူငယ်တစ်ယောက်၊ ငါ့နောက်လိုက်လျက်
ခရီးထွက်ပြီ၊
ချောင်းနက်မတ်စောက်၊ ငါမကြောက်လည်း
နောက်ကလိုက်လာ၊ သူ့ခမျာမှ
သူတရာ ဘေးဆိုး၊ ဖြစ်အံ့စိုး၍
ကြိုးပမ်းငါလျှင် ဆောက်သတည်း။"
(ဝင်လ် ဒရွမ်း ဂူးလ်)

Credit; ဆရာအောင်သင်း (အမွေစာအုပ်မှ)

Wednesday, August 10, 2016

လေ့လာမိသမျှ ပြန်လည်ဝေမျှခြင်း - ၃

လေ့လာမိသမျှ ပြန်လည်ဝေမျှခြင်း - ၃ (Credit; ကိုယ်တော်ချော)

အခု shortcut တွေကို Internet Explorer, Firefox and Opera တို့မှာ အသုံပြုလို့ရပါတယ်။ shortcut တွေဟာ အသုံးပြုရလွယ်ကူတဲ့ အတွက် အသုံးပြုတဲ့သူတွေ အတွက်အဆင်ပြေစေနိုင်ပါတယ်။

Keystroke : Ctrl + T
Function : Open new tab
Works in : IE,FF and Opera
Keystroke : Ctrl + W
Function : Close currently selected tab
Works in : IE,FF and Opera
Keystroke for only one tab open : Ctrl + W
Function : Close browser
Works in : IE,FF
Keystroke : F5
Function : Refresh/ Reload webpage
Works in : IE,FF and Opera
Keystroke : F6
Function : Go to address (URL) bar
Works in : IE, FF
Keystroke : / (forward slash)
Function : Quick find text in current webpage
Works in : FF and Opera
Keystroke : Home
Function : Go to top of current webpage
Works in : IE, FF and Opera
Keystroke : End
Function : Go to bottom of current webpage
Works in : IE, FF and Opera
Keystroke : Ctrl + (number of tab)
Function : Go to specific tab by order of load (Ctrl +1, Ctrl +2, etc.)
Works in : IE, FF
Mouse : Double-click in blank area of tab bar
Function : Open new blank tab
Works in : IE, FF and Opera
Mouse+ Keystoke : Alt + Scroll
Function : Scroll by line
Works in : FF
Mouse + Keystoke : Shift + Scroll (up or down)
Function : Go back/ forward the webpage
Works in : IE, FF and Opera
အထူးသဖြင့် IE and FF မှာအသုံးပြုနိုင်တဲ့ shortcut တွေကိုများပါတယ်။ FFအသုံးပြုတာဟာ IE IEမှာ လုပ်ဆောင်ပေးနိုင် shortcut တွေပါ အသုံးပြုနိုင်တာ တွေ့ရပါမယ်။ Opera ကလည်း ကောင်းမွန်တဲ့ browser တစ်ခုပါပဲ။ ဒါပေမယ့် IE and FF မှာ F6 key ကိုနှိပ်ရင် “ go to address” ကိုရောက်ရှိမှာဖြစ်ပေမယ့် Opera ကတော့ ဒီ key သုံးလို့မရပါဘူး။ Opera မှာ “go to adress” ကိုသွားဖို့ F6 အစား Ctrl+L ကို တွဲနှိပ်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။



Credit; ကိုယ်တော်ချော

Monday, August 8, 2016

လေ့လာမိသမျှ ပြန်လည်ဝေမျှခြင်း - ၂



လိုချင်သော Serials တွေကို အတိအကျ ရယူခြင်း... Credit; ကိုယ်တော်ချော
________________________________________
Software တွေရဲ့ Serials Code တွေကို အတိအကျ ရှာလို့ရပါတယ်.

အရင် ဆုံး Google Search ကို အရင်ဖွင့်ပြီး....
Search ဆိုတဲ့နေရာမှာ...
"Product Name" 94FBR ဟုတ်ရိုက်ထည့်ပြီး Search ကို နှိပ်ပြီး ရှာနိုင်ပါတယ်ခင်ဗျာ...
product Name ဆိုတဲ့နေရာမှာ ကိုယ်ရှာချင်တဲ့ software နာမည်..
ဥပမာ. "Photoshop 7" 94FBR
"Nero Burning Rom 6" 94FBR
ဆိုပြီး ရှာနိုင်ပါတယ်ခင်ဗျာ.......

Credit; ကိုယ်တော်ချော

လေ့လာမိသမျှ ပြန်လည်ဝေမျှခြင်း - ၁



temp: files တွေကို အလိုအလျောက် delete လုပ်နည်းလေးပါ။
Credit; ကိုယ်တော်ချော

ကျွန်တော် စလေ့လာချိန်က save လုပ်ထားခဲ့တာလေး ပြန်လည်ဝေမျှခြင်းပါ။

notepad ကိုဖွင့်ပြီး အောက်ကစာကိုကူး၍ ထည့်ပါ

rd %temp% /s/q
md %temp%

notepad ကို save လုပ်သည့်အခါတွင် (.bat) ကိုရွေးပေးပါ။
Eg, temp delete.bad

ထို file လေးကို Local disk (C) ထဲရှိ Documents and Setting\Administrator\Start Menu\Programs\Startup သို့သိမ်းပေးပါ။

recent တို့ prefetch တို့ကိုလည်း ဖျက်လို့ရတယ်ဗျ။

recent ဖျက်ရန်-
rd C:\DOCUME~1\ADMINI~1\Recent /s/q
md C:\DOCUME~1\ADMINI~1\Recent

 prefetch ဖျက်ရန်-
rd C:\WINDOWS\Prefetch /s/q
md C:\WINDOWS\Prefetch

Credit; ကိုယ်တော်ချော

နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၂


နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၂

- You wish! = မင်းပြောသလိုဖြစ်ပါစေ
- No lie? = လိမ်တာမဟုတ်ဘူးနော်
- Mind that! = အဲဒါကို သတိရပါ
- Enjoying yourself? = မင်းပျော်နေလားဟင်
- All time! = အချိန်တိုင်းပါပဲ
- Hurry on! = သွက်သွက်လုပ်ပါ
- Hold, please! = ခနလေးနေပါဦး
- This taken? = ဒီခုံ လူရှိလား
- You decide! = မင်းပဲဆုံးဖြတ်လိုက်
- Stop worrying! = မစိုးရိမ်နဲ့တော့
- Any difference? = ဘာကွာလို့လဲ
- Fairly act! = သရုပ်ဆောင်ကောင်းတယ်
- Most pleased! = ကျေနပ်သွားပြီ
- Behind you! = နောက်မှာအန္တရာယ်
- Noisy talk! = ဆူညံနေတာပဲ
- Do justice! = မှန်မှန်ကန်ကန်လုပ်
- Your hear? = ငါပြောတာကြားလား
- Perhaps not! = ဖြစ်ချင်မှဖြစ်မှာပါ
- Hope not! = မဖြစ်ပါစေနဲ့ဗျာ
- Who then? = ဒီလိုဆိုရင် ဘယ်သူလဲ
- Aim high! = ရည်ရွယ်ချက်မြင့်မြင့်ထား
- No fair! = မတရားဘူးကွာ
- Sure do! = သေချာတာပေါ့
- Never before! = အရင်က ဒီလို တစ်ခါမှ မကြုံဖူးဘူး
- Well done! = ခင်ဗျားပြောတာသိပ်ကောင်းတာပဲ
- Nightly-night!= ဂွတ်ဒ်နိုက်ပါနော်
- Butt out! = ဝင်မရှုပ်စမ်းနဲ့
- Just thinking! = ငါစဉ်းစားနေပါတယ်
- Never better! = မဆိုးပါဘူး
- Don't yan! = စကားမများနဲ့
- First class! = သိပ်ကောင်းတာပဲ
- Beautiful dreams! = အိပ်မက်ကောင်းကောင်းမက်ပါစေ
- Sure thing! = စိတ်ချစမ်းပါ
- Any thing? = ဘာကိစ္စရှိလို့လဲ
- So what? = အဲဒီတော့ ဘာဖြစ်လဲ
- Look here = ဒီမှာကြည့်ပါဦး/ဒီမယ်ငါပြောမယ်
- Listen here = နားထောင်ပါဦး
- Just beyond = ဟိုဘက်လေးမှာ
- Just here = ဒီနားမှာပဲ
- Just things = စုံနေတာပဲ
- Just friendly = ခင်ခင်မင်မင်ပေါ့/ မိတ်ဖြစ်ဆွေဖြစ်ပေါ့
- Just relaxed = အပန်းဖြေရုံပါပဲ
- Just now = ခုလေးတင်ပဲ
- Just easy = အလွယ်လေးပါ
- Just usually = ခါတိုင်းလိုပေါ့/ထုံးစံအတိုင်းပါပဲ
- Just arrived/Just got = ငါလိုချင်တာဒါပဲ
- Just so = ဒီလိုဖြစ်ရမယ်လေ
- I say = ဟေ့လူ
- I see = ဟုတ်ပြီ/သဘောပေါက်ပြီ
- I do = သဘောတူပါတယ်
- I quit = ကျွန်ုပ် နုတ်ထွက်တယ်/ငါမလုပ်တော့ဘူး
- Earliest memories = ငယ်ငယ်တုန်းက သတိရစရာတွေပေါ့
- Well dressed = ဝတ်ထားတာကြော့နေတာပဲ
- Something wrong = တစ်ခုခုမှားနေပြီ
- How much? = ဘယ်လောက်ကျသလဲ
- Any time = ဘယ်အချိန်မဆို
- May be = ဟုတ်ချင်ဟုတ်မယ်
- Without fail = မပျက်မကွက်
- So far = ခုချိန်ထိ
- Keep away/Keep out = အနားမကပ်နဲ့ ဝေးဝေးရှောင်
- Take care = သတိထား
- It depends = အခြေအနေအရပဲ
- Make ready = အသင့်ပြင်ပါ
- You insist = မင်းကတော့ဇွတ်ပဲ
- Seem secretive = အုံ့ပုန်းကျနေတာပဲ
- Be friend = သူငယ်ချင်းဖြစ်ချင်လို့ပါ
- Easy now = ဖြည်းဖြည်းပဲ / စိတ်အေးအေးထား
- That's great = သိပ်ကောင်းတာပေါ့ကွယ
- Really say = တကယ်ပြောတာ
- Brace up = အားတင်းထားနော်
- Touch wood = တိုက်တိုက်ဆိုင်ဆိုင် စကားဆုံမိလျှင် ဆုတောင်းခြင်း
- Guess what?  = ဘာလဲဆိုတာ မှန်းကြည့်ပါလား
- Forget it = မေ့လိုက်ပါတော့
- Your treat? = မင်းကျွေးမှာလား
- Any prides = မာန်တက်နေတာလား
- Be franked = ပွင့်ပွင့်လင်းလင်းပေါ့
- Here goes! = စပြီဟေ့
- Hello again! = ပြန်တွေ့ကြပြန်ပြီ
- Speak up! = ကျယ်ကျယ်ပြော
- Good job! = တယ်ဟုတ်ပါလား
- Nice place! = နေချင်စရာလေး
- Absolutely stunning = အံ့မခန်းပဲဟေ့
- Respective job! = လူရိုသေ ရှင်ရိုသေ အလုပ်လေးပဲ
- Oh quite! = ငါသဘောတူတယ်
- Any more? = နည်းနည်းယူပါဦးလား
-  No more = တော်ပါပြီဗျာ
- Need assistance = အကူညီလိုလို့လား
- Anything's worng? = ဘာဖြစ်လို့လဲ
- So difference = တစ်ခြားစီ
- You eavesdrop = မင်းကချောင်းနားထောင်နေတာကိုး
- Bad trait = အကျင့်ကိုမကောင်းဘူး
- Craning you = မျှော်လိုက်ရတာ
- Fully-engaged = လုံးဝကို မအားတာ
- Uneasy act-polite = လောကွတ်လုပ်ဖို့က မလွယ်ဘူးလေ
- I'm cardial = ငါဒီလောက်ပျူငှါတာ
- Quite off-hand! = တယ်အလိုက်မသိတာပဲ
- Welcome back! = ပြန်ရောက်လာတာ ကြိုဆိုပါတယ်။
- That's enough = တော်ပါပြီ
- Ever devoted = သိပ်ချစ်ကြတာပဲ
- Getting hurt = အထိနာတယ်
- Getting dressed = အဝတ်ဝတ်နေတယ်
- What's wrong? = ဘာများမှားသွားလဲ
- Here comes = လာပါပြီ
- Fairly sensible = အမြော်အမြင် တော်တော်ရှိတယ်
- Look here! = ငါပြောမယ်
- Don't sweet-talk = မြှောက်ပင့်မပြောပါနဲ့

Credit; Saya Maung Maung wunn

နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၁



နားလည်ရခက်သော အင်္ဂလိပ်စကားလုံးများ - ၁

- About when? = ဘယ်တော့လောက်လဲ
- All set? = အားလုံးအဆင်သင့်ဖြစ်ပြီလား
- Any clues? = ဘာသဲလွန်စများရှိလဲ
- Any discount? = ဈေးလျှော့ဦးမလား
- Any seats? = ခုံလွတ်ရှိသေးလား
- Anything else? = ဘာလိုသေးလဲ
- Anything new? = ဘာထူးသေးလဲ
- Anything wrong? = ဘာဖြစ်တာလဲ
- Apparently so = အဲဒီလိုထင်တာပဲ
- Back off! = သွားစမ်းပါ
- Bad news! = စိတ်မကောင်းပါဘူး(ဆိုးလိုက်တဲ့သတင်း)
- Be patient! = စိတ်ရှည်ရှည်ထားစမ်းပါ
- Be reasonable! = နည်းလမ်းတကျ စဉ်းစားကြည့်
- Beautiful job! = ကောင်းလိုက်တဲ့လက်ရာ
- Big deal! = ဒါလေးများ
- Bless you! = ဆုတောင်းပေးပါတယ်ကွာ
- Bye now! = သွားပြီဗျို့
- Can't complain! = ဘာမှပြောစရာမရှိဘူး
- Certainly not! = ဘယ်ဟုတ်ပါ့မလဲ
- Chill out! = မကြောက်နဲ့
- Could be! = ဖြစ်နိုင်ပါတယ်
- Damned fool! = သောက်ရူး
- Drop dead! = သွား ... သေလိုက်
- Enjoy yourself! = ပျော်ရွှင်ပါစေ
- Fat chance! = မဖြစ်နိုင်တာပဲ
- Female troubles! = မိန်းမတွေက သိပ်ပစိပစပ်များတာ
- For shame! = ရှက်စရာကောင်းလိုက်တာ
- Get lost! = ထွက်သွားစမ်း
- Go on! / Keep on! / Carry on! / Go ahead! = ဆက်လုပ် ဆက်ပြော
- Good job! = တယ်ဟုတ်ပါလား
- Got that? = နားလည်ရဲ့လား
- Guess what? = မှန်းကြည့်စမ်း
- Hands off! = မထိနဲ့ (လက်ရှောင်)
- Hard times! = အတော်စိတ်ရှုပ်ဖို့ကောင်းတာပဲ
- Hot air! = မဟုတ်တရုတ်တွေ
- How come? = ဘယ်လိုဖြစ်ရတာတုန်း
- How maddening! = စိတ်ညစ်အောင် တော်တော်လုပ်တာပဲ
- It stinks! = နံစော်နေတာပဲ
- It's handy! = အသုံးတည့်ပါတယ်
- Looking good! = ကြည့်လို့ကောင်းတယ်
- Lucky you! = မင်း .. တော်တော်ကံကောင်းတာပဲ
- My treat! = ငါဧည့်ခံတာပါ/ ကျွန်တော် ကျွန်မ ကျွေးမယ်
- Not likely! = မဖြစ်နိုင်ဘူး/ဝေးပါသေးရဲ့
- Not yet! = မပြီးသေးဘူး
- Over here! = ဒီမှာဟေ့
- Watch out! = သတိထား
- You guys! = ကိုယ့်လူတို့
- Why bother? = ဘာလို့ဒုက္ခရှာနေတာလဲ
- Think positively! = အကောင်းဖက်ကတွေးစမ်းပါ
- Search me! = ပန်းပေးတယ်/ကျွန်ုပ်မသိပါ
- You see? = သိလား
- Have fun! = ပျော်ကြ .. ပျော်ကြ / ပျော်သလိုနေကြပါ
- Enjoyable! Delighted! = ကြိုက်တယ်
- Honest work! = သမ္မာအာဇီဝအလုပ်ပဲ
- Right away! = အခုချက်ချင်း
- Come on! = လာလေကွာ
- Shut up! = ပါးစပ်ပိတ်
- Thumbs up! = အောင်ပြီဟေ့
- Hold sit! = ရပ်လိုက်/ခဏနေဦး
- Hold still! = မလှုပ်နဲ့ ငြိမ်ငြိမ်နေ
- God forbid! = ဖွ လွဲစေဖယ်စေ
- Poorly paid! = လခ မစွံဘူး
- Need anything? = ဘာလိုချင်ပါသလဲ
- That's weired! = ကိုးရို့ကားယားကြီး
- It can! = အဲဒါဖြစ်နိုင်တယ်
- Mutual reliance! = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့
- Pardon me! = တဆိတ်လောက်
- Need to talk! = ပြောစရာရှိလို့
- So talk! = အဲလိုဆိုပြောလေ
- Chat! What? = ဘာပြောမှာလဲ ပြောလေ
- Stop that! = တော်ပါ မပြောပါနဲ့တော့
- Well enough! = အခြေအနေ ကောင်းပါတယ်
- What happen? = ဘာဖြစ်နေလဲ
- Any hardship? = ဘာခြားနားနေလို့လဲ 
- How's everything? = အစစအရာရာ အဆင်ပြေရဲ့လား
- Take that! = ကဲကွာ
- Look alive! = မြန်မြန်လုပ်
- Show time! = လှုပ်ရှားလိုက်ကြစို့
- Le go! - လွှတ်စမ်း/ လွှတ်လိုက်ပါ
- Go .. go! = လုပ်ထားကွ
- Nature calls! = အိပ်သာသွားလိုက်ဦးမယ်
- Duty calls! = ကိစ္စလေးပေါ်လာလို့ သွားလိုက်ဦးမယ်
- Near miss! = ထပ်လွဲသွားတယ်ကွာ
- far out! = မိုက်တယ်ကွာ
- Thank God! = တော်ပါသေးရဲ့
- Holy cow! / Good Heavens! = အမလေး
- My ..my! = အမလေး .. လေး
- Who cares? = ဘာဂရုစိုက်စရာရှိလဲ
- Who supervise? = ဘယ်သူ ကမကထလုပ်တာလဲ
- Better talk! = ပြောသင့်တာပေါ့ကွာ
- Doing okay? = အိုကေလား
- Been okay! = အိုကေပါတယ်
- And you? = ခင်ဗျားကော ဘယ်လိုလဲ
- Have courage! = တရားနဲ့ဖြေပါဗျာ
- Which country? = ဘယ်နိုင်ငံကလဲ
- Have it! = စားပါဦး
- What thing? = ဘာတွေလဲ
- Dutch treat! = ကိုယ်စားတာကိုယ်ရှင်း
- Where to? = ဘယ်လဲ
- Just here! = ဒီနားလေးတင်
- Phone calling! = ဖုန်းလာနေတယ်
- Keep trying! = ဆက်ကြိုးစားပါ
- What about? = ဘာတွေပြောနေတာလဲ
- Just gossip! = အတင်းပြောနေကြတာပါ
- No doubt! = အဲဒါတော့ သံသယ မရှိနဲ့
- Lovely voice! = ကောင်းလိုက်တဲ့အသံ
- Can't wait = မစောင့်နိုင်ပါဘူး
- Dear me! = အဲလိုဒုက္ခပါပဲ
- So soon! = မကြာတော့ပါဘူး
- Really splendid! = တကယ်သနားတယ်
- Just relax! = စိတ်အေးအေးထားပါကွာ

Cridit; Sayar Maung Maung Wunn