Electron Communication နှင့်ပတ်သက်၍ အခြေခံအချို့ကိုကျွန်တော်လေ့လာမိသလောက် ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။ EC နှင့်ပတ်သက်၍ ဖုန်း၊ ကွန်ပျူတာတို့တွင်အသုံးပြုရသော Software များစွာလဲ ထွက်ရှိနေပြီဖြစ်ရာ လေ့လာ စမ်းသပ်လိုသူများအတွက် အတော်ပင်အချိန်ကုန်သက်သာသည့်အပြင် လွယ်ကူပါသည်။ တတ်နိုင်သမျှ free software download link များအား အခါအားလျော်စွာ ထည့်သွင်းဖော်ပြပေးပါမည်။ အနည်းငယ်အထောက်အကူ ဖြစ်စေမည်ဆိုလျှင်ပင် ဝေမျှရကျိုးနပ်ပါသည်။
အနက် (black) | 0 | 0 | - | - |
အညို (Brown) | 1 | 1 | 0 | - |
အနီ (red) | 2 | 2 | 00 | - |
လိမ္မော် (orange) | 3 | 3 | 000 | - |
အဝါ (yellow) | 4 | 4 | 0000 | - |
အစိမ်း (green) | 5 | 5 | 00000 | - |
အပြာ (blue) | 6 | 6 | 000000 | - |
ခရမ်း (violet) | 7 | 7 | 0000000 | - |
မီးခိုး (gray) | 8 | 8 | 00000000 | - |
အဖြူ (white) | 9 | 9 | 000000000 | - |
ရွှေ (gold) | - | - | - | +/-5% |
ငွေ (sliver) | - | - | - | +/-10% |
ဘာမှမရှိ (non) | - | - | - | +/-15% |
Four Band Resistor တစ်လုံးကို ကြည့်လိုက်သည့်အခါ တစ်ဖက်တွင်ရွှေရောင် (သို့) ငွေရောင်ပါရှိသည်ကိုတွေ့ရမည်။ ထိုရွှေ (သို့) ငွေ ရောင်ပါသည့်ဘက်သည် နောက်ဆုံး color ဖြစ်ပါသည်။ တနည်းအားဖြင့် fourth color ဖြစ်ပါသည်။ ရွှေ (သို့) ငွေ ကို ညာဘက်တွင်ထား၍ ဘယ်ဘက်မှညာဘက်သို့ အရောင်များကို ရေတွက်ပါသည်။
ဥပမာ - 1
first | second | third | fourth | |
အနီ | အဝါ | အနက် | ရွှေ | |
2 | 4 | - | +/-5 | = 24 Ohms ဖြစ်ပါသည်။ |

ဥပမာ - 2
first | second | third | fourth | |
အဝါ | အနီ | လိမ္မော် | ရွှေ | |
4 | 2 | 000 | +/-5 | = 42000 Ohms (or) 42 Kilohms ဖြစ်ပါသည်။ |

ဒီနေရာမှာ +/-5% ဆိုတာက အတိုး/အလျော့ 5% ခံနိုင်ရည်ရှိတယ် ဆိုတဲ့သဘောကိုပြောတာပါ။ first color / second color ဟုပြောဆိုသော်လည်း အမှန်တကယ်အသုံးများသောအခေါ် နှင့် Electronic Assistant Software ရှိ Resistor Code Calculator တွင်မူ First color ကို Band 1, Second color ကို Band 2, Third color ကို Multiplier Band, Fouth color ကို Tolerance Band ဟု သတ်မှတ်ထားပါသည်။ ၎င်း software သည် အသုံးပြုရလွယ်ကူသည့်အပြင် Resistance, Capacitance, Inductance, Power, Frequency & Other ဟူ၍ ကဏ္ဍစုံလင်စွာပါရှိသည့်အတွက် အလွန်ပင်အသုံးတည့်သော software ဖြစ်ပါသည်။ software down load link ကိုပါထည့်ပေးထားပါသည်။
Resistor Color သည် အများဆုံးတွေ့ရသည့် color မှာ ၄ ရောင်သာများသည်။ ၅ ရောင် / ၆ ရောင်တို့ကိုလဲ တွေ့ရသည်။ ထို ၅/၆ ရောင်တို့တန်ဖိုးကို ဖတ်နိုင်ရန် အသုံးဝင်သည့် Software ကိုလဲဖော်ပြပေးလိုက်ပါသည်။ ထို software အမည်သည် Resistor Calculator ဖြစ်သည်။ ကဏ္ဍ ၂ မျိုးတည်းသာပါဝင်သည်။ Resistors နှင့် Calculate LED Resistors တို့ဖြစ်ကြသည်။ Resistors ကဏ္ဍတွင် Resistance တန်ဖိုးတို့ကိုဖတ်နိုင်ပြီး Calculate LED Resistors ကဏ္ဍတွင် ကိုယ်အသုံးပြုမည့် LED အရေအတွက်၊ series, parallel နှင့် အသုံးပြုမည့် Volt တို့ကိုထည့်သွင်းကာ Resistor ဘယ်လောက်တန်ဖိုးထည့်ရမည်ကိုအလွယ်တကူ ရှာနိုင်သည်။ အားသာချက်အားနည်းချက်တို့ကို မိမိတို့ကိုယ်တိုင်သာ လေ့လာကြည့်ပါရန်တိုက်တွန်းအပ်ပါသည်။
Resistor Calculator screen short ပုံအချို့နှင့်တကွ Software Download link ကိုပါထည့်ပေးထားပါသည်။ down ၍ ရှာဖွေအသုံးပြုကြည့်ပါ။




ဒီနေရာမှာ Computer Software အသုံးပြုပြီး Circuit ဖန်တီးမှုကိုလဲ ပြုလုပ်နိုင်ပါတယ်။ Solve Elec- software ကိုဖော်ပြလိုက်ပါတယ်။ အတော်အသင့်တည်ဆောက်စမ်းသပ်လို့ရတဲ့အတွက် ဖော်ပြလိုက်ပါတယ်။ ယခုဖော်ပြသည့် software သည် freeware ဖြစ်သည့်အတွက် လည်းကောင်း အခြေခံအဆင့်အသုံးပြုလွယ်ကူသည့်အတွက် ဖော်ပြခြင်းဖြစ်ပါသည်။ ပြည့်ဝစွာအသုံးပြုမရသည်များလည်းရှိကောင်းရှိပါမည်။
Solve Elec- screen short ပုံအချို့ကို ဖော်ပြပေးလိုက်ပါသည်။



Software ရှာဖွေတွေ့ရှိပြီး အနည်းငယ်သာ စမ်းသပ်အသုံးပြုကြည့်ရပါသည်။ ဝါသနာရှင်များအနေဖြင့် software down ရန်ထည့်ပေးလိုက်ပါသည်။
ကျန်းမာချမ်းသာကြပါစေ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
အကိုရေ ကျွန်တော် ဒေါင်းတာ ဒေါင်းမရပါဗျ။ ကျေးဇူးတင်ပါတယ် အခုလိုမြန်မာလိုရေးပေးတာ အဆင်ပြေတယ်စလေ့လာသူအတွက်
ReplyDelete