Thursday, May 29, 2014

Electronic နှင့်ပတ်သက်သော အခြေခံ

FULFIL TECHNIQUE
Electronic နှင့်ပတ်သက်၍ ကျွန်တော်လေ့လာမိသလောက် ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။ ရွှင်လန်းချမ်းမြေ့ပါစေ။

Electron Communication နှင့်ပတ်သက်၍ အခြေခံအချို့ကိုကျွန်တော်လေ့လာမိသလောက် ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။ EC နှင့်ပတ်သက်၍ ဖုန်း၊ ကွန်ပျူတာတို့တွင်အသုံးပြုရသော Software များစွာလဲ ထွက်ရှိနေပြီဖြစ်ရာ လေ့လာ စမ်းသပ်လိုသူများအတွက် အတော်ပင်အချိန်ကုန်သက်သာသည့်အပြင် လွယ်ကူပါသည်။ တတ်နိုင်သမျှ free software download link များအား အခါအားလျော်စွာ ထည့်သွင်းဖော်ပြပေးပါမည်။ အနည်းငယ်အထောက်အကူ ဖြစ်စေမည်ဆိုလျှင်ပင် ဝေမျှရကျိုးနပ်ပါသည်။

ပထမဦးစွာ Resistor Color Code နှင့်ပတ်သက်၍ တန်ဖိုးတွက်ချက်ပုံကို ဇယားဖြင့်ဖော်ပြလိုက်ပါသည်။

color
first color
second color
third color
fourth color
အနက် (black) 0 0 - -
အညို (Brown) 1 1 0 -
အနီ (red) 2 2 00 -
လိမ္မော် (orange) 3 3 000 -
အဝါ (yellow) 4 4 0000 -
အစိမ်း (green) 5 5 00000 -
အပြာ (blue) 6 6 000000 -
ခရမ်း (violet) 7 7 0000000 -
မီးခိုး (gray) 8 8 00000000 -
အဖြူ (white) 9 9 000000000 -
ရွှေ (gold) - - - +/-5%
ငွေ (sliver) - - - +/-10%
ဘာမှမရှိ (non) - - - +/-15%

Four Band Resistor တစ်လုံးကို ကြည့်လိုက်သည့်အခါ တစ်ဖက်တွင်ရွှေရောင် (သို့) ငွေရောင်ပါရှိသည်ကိုတွေ့ရမည်။ ထိုရွှေ (သို့) ငွေ ရောင်ပါသည့်ဘက်သည် နောက်ဆုံး color ဖြစ်ပါသည်။ တနည်းအားဖြင့် fourth color ဖြစ်ပါသည်။ ရွှေ (သို့) ငွေ ကို ညာဘက်တွင်ထား၍ ဘယ်ဘက်မှညာဘက်သို့ အရောင်များကို ရေတွက်ပါသည်။
ဥပမာ - 1
first second third fourth
အနီ အဝါ အနက် ရွှေ
2 4 - +/-5 = 24 Ohms ဖြစ်ပါသည်။

fig 1_1 ပုံတွင်ကြည့်ပါ


ဥပမာ - 2
first second third fourth
အဝါ အနီ လိမ္မော် ရွှေ
4 2 000 +/-5 = 42000 Ohms (or) 42 Kilohms ဖြစ်ပါသည်။

fig 1_2 ပုံတွင်ကြည့်ပါ


ဒီနေရာမှာ +/-5% ဆိုတာက အတိုး/အလျော့ 5% ခံနိုင်ရည်ရှိတယ် ဆိုတဲ့သဘောကိုပြောတာပါ။ first color / second color ဟုပြောဆိုသော်လည်း အမှန်တကယ်အသုံးများသောအခေါ် နှင့် Electronic Assistant Software ရှိ Resistor Code Calculator တွင်မူ First color ကို Band 1, Second color ကို Band 2, Third color ကို Multiplier Band, Fouth color ကို Tolerance Band ဟု သတ်မှတ်ထားပါသည်။ ၎င်း software သည် အသုံးပြုရလွယ်ကူသည့်အပြင် Resistance, Capacitance, Inductance, Power, Frequency & Other ဟူ၍ ကဏ္ဍစုံလင်စွာပါရှိသည့်အတွက် အလွန်ပင်အသုံးတည့်သော software ဖြစ်ပါသည်။ software down load link ကိုပါထည့်ပေးထားပါသည်။

Resistor Color သည် အများဆုံးတွေ့ရသည့် color မှာ ၄ ရောင်သာများသည်။ ၅ ရောင် / ၆ ရောင်တို့ကိုလဲ တွေ့ရသည်။ ထို ၅/၆ ရောင်တို့တန်ဖိုးကို ဖတ်နိုင်ရန် အသုံးဝင်သည့် Software ကိုလဲဖော်ပြပေးလိုက်ပါသည်။ ထို software အမည်သည် Resistor Calculator ဖြစ်သည်။ ကဏ္ဍ ၂ မျိုးတည်းသာပါဝင်သည်။ Resistors နှင့် Calculate LED Resistors တို့ဖြစ်ကြသည်။ Resistors ကဏ္ဍတွင် Resistance တန်ဖိုးတို့ကိုဖတ်နိုင်ပြီး Calculate LED Resistors ကဏ္ဍတွင် ကိုယ်အသုံးပြုမည့် LED အရေအတွက်၊ series, parallel နှင့် အသုံးပြုမည့် Volt တို့ကိုထည့်သွင်းကာ Resistor ဘယ်လောက်တန်ဖိုးထည့်ရမည်ကိုအလွယ်တကူ ရှာနိုင်သည်။ အားသာချက်အားနည်းချက်တို့ကို မိမိတို့ကိုယ်တိုင်သာ လေ့လာကြည့်ပါရန်တိုက်တွန်းအပ်ပါသည်။
Resistor Calculator screen short ပုံအချို့နှင့်တကွ Software Download link ကိုပါထည့်ပေးထားပါသည်။ down ၍ ရှာဖွေအသုံးပြုကြည့်ပါ။
Software ကိုအလွယ်တကူ Download လုပ်နိုင်ပါစေခင်ဗျား ------ :

ဒီနေရာမှာ Computer Software အသုံးပြုပြီး Circuit ဖန်တီးမှုကိုလဲ ပြုလုပ်နိုင်ပါတယ်။ Solve Elec- software ကိုဖော်ပြလိုက်ပါတယ်။ အတော်အသင့်တည်ဆောက်စမ်းသပ်လို့ရတဲ့အတွက် ဖော်ပြလိုက်ပါတယ်။ ယခုဖော်ပြသည့် software သည် freeware ဖြစ်သည့်အတွက် လည်းကောင်း အခြေခံအဆင့်အသုံးပြုလွယ်ကူသည့်အတွက် ဖော်ပြခြင်းဖြစ်ပါသည်။ ပြည့်ဝစွာအသုံးပြုမရသည်များလည်းရှိကောင်းရှိပါမည်။
Solve Elec- screen short ပုံအချို့ကို ဖော်ပြပေးလိုက်ပါသည်။

Software ရှာဖွေတွေ့ရှိပြီး အနည်းငယ်သာ စမ်းသပ်အသုံးပြုကြည့်ရပါသည်။ ဝါသနာရှင်များအနေဖြင့် software down ရန်ထည့်ပေးလိုက်ပါသည်။

ကျန်းမာချမ်းသာကြပါစေ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

Thursday, February 13, 2014

Monday, February 3, 2014

အနောက်တိုင်းနှင့်အရှေ့တိုင်းစကားပုံဆိုရိုးများ(အပိုင်း-၂)

Credit: ဆရာနေလင်း (နေ့စဉ်သုံးအင်္ဂလိပ်စကားပြော)
                                  အနောက်တိုင်းနှင့်အရှေ့တိုင်း စကားပုံဆိုရိုးများ
21. A swam is out of place among crows and a wise man among fools.
- ငန်းသည် ကျီးများအခယ်၌ နေရန်မသင့်တော်သကဲ့သို့ လူလိမ္မာသည်လည်း လူမိုက်တို့အလယ်၌ နေရန်မသင့်တော်ချေ။
22. A spoon does not perceive the taste of the soup.
- ဇွန်းသည် ဟင်း၏အရသာကို မခံစားနိုင်ချေ။ (ပညာမဲ့သူသည် ပညာရှိနှင့်အတူ ကာလကြာမြင့်စွာ နေစေကာမူ ပညာရှိတို့၏ အသိတရားကို မမြင်နိုင်ချေ။)
23. All that glitters is not gold.
- တောက်ပတိုင်း ရွှေမဟုတ်။
24. All are not man that are in the coat.
- လူတိုင်း အင်္ကျီဝတ်ကြသော်လည်း အင်္ကျီဝတ်ကြသူတိုင်း အသိဥာဏ်၊ လူမှုကျင့်ဝတ်ရှိကြသည်မဟုတ်ပါ။ (ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တိုင်း လူမဟုတ်။)
25. After three days without reading, talks become flavourless.
- သုံးရက်လောက် စာမဖတ်လျှင် စာတွေဟာ ကြည်နူးစရာမရှိ။ (အလိမ္မာ စာမှာရှိ)
26. All have to sleep in the earth.
- အားလုံးသောလူတို့သည် မြေကြီးထဲ၌ အိပ်စက်ရမည်သာ။ (သေသောအခါ လူတန်းစားမရွေး မြေကြီးထဲတွင်မြှုပ်နှံခြင်း ခံရပေမည်။)
27. A friend appears in hard time not at a big dinner.
- မိတ်ဆွေဟူသည် ခမ်းနားသော ညစာစားပွဲ၌ ပေါ်မလာ၊ အခက်အခဲတွေ့နေသောအချိန်များ၌သာ ပေါ်လာတတ်သည်။
28. A false friend is worse than bitter enemy.
- မိတ်ဆွေတု မိတ်ဆွေယောင်သည် မုန်းတီးနေသောရန်ဘက်ထက် ပိုဆို၏။
29. A naked man sits making a jacket for a dog.
- အဝတ်မရှိသော လူတစ်ယောက်သည် ခွေးတကောင်အတွက် အင်္ကျီချုပ်နေ၏။ (မိမိ၌ အကျင့်သီလ ဥာဏ်ပညာမရှိပဲလျက် သူတပါးအား အကျင့်သီလ ဥာဏ်ပညာ သင်ကြားပေး၍ မဖြစ်နိုင်)
30. Apply no ointment to the wound of an oppressor.
- မိမိအား နှိပ်ကွက်သူ၏အနာကို ဆေးထည့်မပေးပါနှင့်။ ( ကျားနာကို ဆေးမထည့်နှင့် )
31. A rose by any other name would smell sweet.
- နှင်းဆီပန်းကို အခြားမည်သည့်နာမည်နှင့်ခေါ်စေကာမူ သူ့နဂိုရနံ့အတိုင်း မွှေးကြိုင်နေမည်သာ။ (ပတ္တမြားမှန်လျှင် နွံနစ်သောလည်း မညစ်ပါ။)
32. A light heart lives long.
- သောကကင်းသောနှလုံး ကြာရှည်စွာနေရ၏။ (ပျော်ပျော်နေသေခဲ)
33. At the end of rainbow there is a pot of gold.
- မိုးသက်တံ့၏အဆုံးတွင် ရွှေအိုးတလုံးရှိသည်။ (အလုပ်တခုကို မိမိရည်မှန်းချက်ပြီးမြောက်သည်အထိ အစမှအဆုံး လုပ်သွားပါက အောင်မြင်မှုကို ရရှိမည်ဟုဆိုလိုသည်)
34. After a storm is a calm.
- လေမုန်တိုင်းကျပြီးလျှင် ရာသီဥတုငြိမ်သက်သည်။ (အဆိုးနှင့်တွေ့ပြီးလျှင် အကောင်းနှင့်တွေ့ရမည်သာ)
35. A close mouth catches no flies.
- ပိတ်ထားသောပါးစပ်ဖြင့် ယင်ကိုဖမ်းကိုက်၍မရ။ (မိမိလိုချင်သောအရာကို ကြိုးစားလုပ်ကိုင်မှသာလျှင် ရနိုင်ပေမည်။)
36. A man is known by his company.
- လူတယောက်၏ အကြောင်းကို သူ့အပေါင်းသင်းမိတ်ဆွေများအား ကြည့်၍ သိနိုင်၏။ (လူသတင်း လူချင်းဆောင်)
37. A small leak will sink a ship.
- အက်ကွဲရာတခုကြောင့် သင်္ဘောတစင်းလုံး မြုပ်သွားနိုင်သည်။ (အန္တရာယ်သည် ကြီးသည်၊ ငယ်သည်မဟူ ဒုက္ခပေးတတ်သည်။)
38. A small spark will made a great fire.
- မီးပွားငယ်တခုကြောင့် မီးတောက်ကြီး ဟုန်းဟုန်းလောင်စေနိုင်သည်။ (အမှိုက်ကစ ပြဿာဒ်မီးလောင်)
39. A drop of milk will not make butter.
- နို့တစက်ဖြင့် ထောပတ်မလုပ်နိုင်။ (နှမ်းတလုံးဖြင့် ဆီမဖြစ်နိုင်)
40. All his geese are swams.
- သူ့ဘဲငန်းအားလုံးသည် တောငန်းချည်းပဲ။ (ကိုယ်ထင် ခုတင်ရွှေနန်း)
41. A good beginning is half battle.
- ဖြောင့်ဖြူးသော လုပ်ငန်းအစပိုင်းသည် တိုက်ပွဲတဝက်အောင်မြင်ပြီးဖြစ်သည်။ (အစကောင်းမှ အနှောင်းသေချာ)
42. Absence makes the heart grows fonder.
- တာရှည်ကွဲကွာနေခြင်းဖြင့် စိတ်ထဲတွင်ပိုမိုစွဲလန်းစေသည်။(ဝေးတသက်သက်)
43. A full purse never lacks friends.
- ပြည့်နေသောအိတ်သည် ဘယ်ခါမျှ မိတ်ဆွေမပြတ်။ (ငွေရှိလျှင် မိတ်ဆွေပေါသည်။)
44. A miss is as good as a mile.
- အမှားတချက်သည် တမိုင်လောက်ခရီးရောက်၏။ (အနည်းငယ်မှားယွင်းသွားခြင်းကား ပြန်ပြင်ရသည့်အခါ အပြင်ရခက်သည်။)
45. A good name is better than riches.
- နာမည်ကောင်းတခုသည် ဥစ္စာပစ္စည်းထက် တန်ဖိုးရှိသည်။ (ဆင်သေလျှင် အစွယ်ကျန်ရမည်၊ လူသေလျှင်နာမည်ကျန်ရမည်)
46. A useful trade is a mine of gold.
- အသုံးကျသောအတတ်ပညာတခုသည် ရွှေတွင်းတတွင်းပင်ဖြစ်၏။
47. Courage is safer than cowardice.
- ရဲစွမ်းသတ္တိသည် ကြောက်စိတ်ထက် ပို၍လုံခြုံ၏။
48. Courtesy costs nothing.
- ယဉ်ကျေးသိမ်မွေ့ခြင်းဖြင့် ကုန်ကျမှုမရှိ။ (လူပိလို့မသေ)
49. Choose your wife by your ears.
- ဇနီးလောင်းကို နားဖြင့်ရွေးပါ။(မျက်စိထက် သူတပါးပြောစကားကို နားထောင်ပြီး ရွေးချယ်ခြင်းက အမှန်နှင့်နီးစပ်နိုင်သည်။)
50. Do not live poor to die rich.
- ချမ်းသာစွာသေဆုံးရန်အတွက် ဆင်းရဲစွာမနေပါနှင့်။ (မစားရက်လောက်တက်)
51. Do as I say, not as I do.
- ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နှင့်။
52. Do what is right, come what may.
- အမှန်အတိုင်းသာလုပ်ပါ၊ ဖြစ်ချင်တာဖြစ်ပါစေ။
53. Don't play second fiddle.
- ဒုတိယခေါင်းဆောင် မလုပ်ပါနှင့်။ (သူများနောက်လိုက် မလုပ်ပါနှင့်)
54. Do not cry for the moon.
- လမင်းကိုတမ်းတ၍ မငိုပါနှင့်။ (မမှီတဲ့ပန်း တုံးခု၍မလှမ်းနှင့်)
55. Do as you would be done.
- သင်ကိုယ်တိုင်ပြုမူခြင်းခံရသလို သူများအပေါ်ပြုမူပါ။ (ကိုယ်ချင်းစာပါ)
56. Don't die till death done.
- သေခြင်းတရားမလာမီ မသေပါနှင့်။
57. Even tender creepers, when unite are strong.
- နွယ်မြက်ပင်ဖြစ်သော်လည်း စုပေါင်းသောအခါ ခိုင်မာသည်။ (ကောက်ရိုးကြိုးကို နွားသိုးမဖြတ်နိုင်)
58. Envy never enriches any man.
- မနာလိုခြင်းသည် မည်သူကိုမျှ ချမ်းသာစေနိုင်မည်မဟုတ်။ (သူတပါးမနာလို ကိုယ်အကျိုးမရှိ)
59. Experience must be bought.
- အတွေ့အကြုံကိုရချင်ယင် တန်ရာတန်ကြေးပေးရမည်။
60. Experience is the teacher.
- အတွေ့အကြုံသည် အကောင်းဆုံးဆရာဖြစ်သည်။
61. Even weariest river winds somewhere into the sea.
-မောမောပန်းပန်း စီးလာရသောမြစ်သည်ပင်လျှင် တနေရာတွင် ပင်လယ်ထဲသို့ စီးဝင်ရလေ၏။
62. Every man has his price.
- လူတိုင်းသည် သူနှင့်သင့်လျော်သော တန်ဖိုးရှိ၏။
63. Every man must carry his own cross.
- ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ့်လမ်းကိုယ်သွား။
64. Everybody is wise after the events.
- လူတိုင်းသည် လက်တွေ့ခံရပြီးနောက်မှ လိမ္မာကြသည်။
65. Every little helps.
- သေးငယ်စေကာမူ စွမ်းဆောင်နိုင်၏။ (ငယ်သည်ကြီးသည်မဟူ၊ သူ့စွမ်းသူ့အင် သူ့နေရာနှင့်သူ အသုံးဝင်သည်)
66. Fine feathers make fine bird.
-အတောင်လှမှ ငှက်လှသည်။(တောင်းမှာအကွပ်၊ လူမှာအဝတ်)
                                                              Credit: ဆရာနေလင်း (နေ့စဉ်သုံးအင်္ဂလိပ်စကားပြော)

အနောက်တိုင်းနှင့်အရှေ့တိုင်းစကားပုံဆိုရိုးများ(အပိုင်း-၁)

Credit: ဆရာနေလင်း (နေ့စဉ်သုံးအင်္ဂလိပ်စကားပြော)
                           အနောက်တိုင်းနှင့်အရှေ့တိုင်း စကားပုံဆိုရိုးများ
1. A learned man can be appreciated only by another learned man.
ပညာရှိတစ်ဦးကို အခြား ပညာရှိတစ်ဦးကသာ အကဲခတ်နိုင်၏။ (ရွှေအကြောင်းဖယောင်းသိ)
2. A burnt child dreads fire.
မီးလောင်ခံရဖူးတဲ့ကလေး နောက်တစ်ခါ မီးလောင်ခံရမှာကို ကြောက်တယ်။(တခါသေဘူး ပျဉ်ဖိုးနားလည်)
3. A frog, never having seen the ocean, considers its well a great sea.
သမုဒ္ဒရာ မမြင်ဘူးသော ဖားသူငယ်သည် မိမိတွင်း၌ရှိသောရေကို ကြီးမားသောပင်လယ်ဟု ထင်၏။ (မမြင်ဘူး မူးမြစ်ထင်)
4. A bird in hand is worth two in the bush.
- လက်ထဲမှာရှိသောငှက်သည် ချုံထဲမှာရှိသောငှက်နှစ်ကောင်ထက် အဖိုးတန်တယ်။ (ရှိသည်က မရှိသည်ထက်ကောင်း)
5. A fool and his money are soon parted.
- လူမိုက်နှင့်ငွေအတူမနေ။
6. As the tree is , so is the fruit.
- သစ်ပင်အလိုက် အသီးသီး၏။(ငှက်ပျောပင်စိုက် မိ-လိုက် ဖ-ပါ)
7. All fish that comes to his net.
- ငါးအားလုံးကတော့ သူ့ပိုက်ထဲ ဝင်သွားတာပဲ။ (မရ ဒသကချိုင်)
8. A mouth that prays a hand that slays.
- ဘုရားရှိခိုးသော ပါးစပ်၊ သတ်သောလက်။ (ပါးစပ်က ဘုရား၊ လက်က ကားယား)
9. A gold-smith will pilfer the gold dust even of his mother.
- ရွှေပန်းတိမ်သည် သူ့မိခင်၏ရွှေမှုန့်များကိုပင် သိမ်းယူပေလိမ့်မည်။ (ပန်းတိမ်လူရိုး၊ အမေ့ရွှေတမတ်ခိုး)
10. A poor man in embroidery looks funny.
- အဝတ်အစားတောက်ပစွာ ဝတ်ဆင်ထားသော ဆင်းရဲသားသည် ရယ်စရာဖြစ်နေ၏။ (မိမိအဆင့်အတန်းနှင့် ညီမျှစွာနေပါ)
11. Among the blind the one-eyed man is king.
- မျက်မမြင်တွေကြား မျက်စိတဖက်မြင်သူသည် အကြီးအကဲဖြစ်တယ်။ (အနှစ်မရှိတဲ့တော ကြက်ဆူပင်မင်းမူ)
12. A rolling stone gathers no moss.
- လိမ့်ပါများတဲ့ကျောက်တုံးသည် ရေညှိမတက်ပါ။
13. A stitch in time saves nine.
- အချိန်မီ တခါချုပ်ခြင်းသည် အကြိမ်(၉)ခါချုပ်ခြင်းထက်ကောင်းတယ်။ (ပျက်အစဉ် ပြင်ခဏ)
14. As you make your bed so you must lie on it.
- သင်ခင်းထားသော အိပ်ရာပေါ်တွင် သင်လဲလျောင်းရပေလိမ့်မည်။ (မည်သူမပြု မိမိမှု)
15. At seizing a mouse a cat is as blod as a lion but is himself a mouse when pitted with a tiger.
- ကြွက်ကိုခုတ်ရာမှာ ကြောင်သည် ခြင်္သေ့မင်းကဲ့သို့ရဲရင့်သော်လည်း ကျားနှင့်တွေ့သောအခါ သူကိုယ်တိုင် ကြွက်ဖြစ်ရလေသည်။ (ကာလဝိပါတ် နောက်ပိုးတက်)
16. A harsh of word is more painful than a blow.
- ရုန့်ရင်းသော စကားတခွန်းသည် လက်သီးတချက်ထိုးခြင်းထက် နာကျင်စေသည်။ (နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ)
17. A man's deed is the touchstone of his greatness or littleness.
- လူတစ်ယောက်၏အပြုအမူသည် ထိုသူ၏ မြင့်မြတ်ခြင်း၊ သို့မဟုတ် ယုတ်ညံ့ခြင်းကိုပြသော မှတ်ကျောက်ပင်ဖြစ်၏။
18. A wise man changes his mind sometimes a  fool never.
- ပညာရှိသည် မိုက်ရူးရဲမလုပ်။
19. As vessels of earthen ware are tried by their rings, so also is a man tried by the word of his mouth.
- မြေအိုးကောင်းမကောင်းကို ကိုင်းအားစမ်းသပ်ခြင်းဖြင့် သိနိုင်သကဲ့သို့ လူတယောက်ကောင်းမကောင်း ပညာရှိမရှိကိုလည်း သူပြောသောစကားဖြင့် အကဲခတ်သိရှိနိုင်၏။
20. An old bird is not be caught with chaff.
- ငှက်အိုကို ဖွဲကြမ်းဖြင့် မဖမ်းရ။ (စားနေကျ ကြောင်ပါး)
                                                            Credit: ဆရာနေလင်း (နေ့စဉ်သုံးအင်္ဂလိပ်စကားပြော)

Friday, January 31, 2014

PUNCTUATION (Part-3)

မူရင်းရေးသားသောဆရာအား အမည်မသိ၍ အမည်နှင့်တကွ Credit မပေးနိုင်ခြင်းကို အနူးအညွှတ်တောင်းပန်ပါသည်။ ဆရာ့အား CREDIT ပေးပါသည်ခင်ဗျား။
(e)    1.    speaker said/called to/told listener,"        ."  (OR)
        2.    "     ," speaker said to listener./said speaker to listener.

  1.   the doctor said to them you are lucky parents
  2.   ill tell your parentrs if i see you smoking again she said to him
  3.   the girl said to the policeman ive lost my way
  4.   ill be back in yongon by next week said su su to thandar
  5.   ill tell your parents if i see you smoking again thida said to ko myo
  6.   mg mg said to thuzar computers are very reliable
  7.   you must not say such impolite words said ma ma to ni ni
  8.   thuta said to nanda i will meet you at the station
  9.   yamin told thinzar lets go to the library
10.    the teacher told his students you must hand in your assignments next week

(f)    1. "              ," speaker said/said speaker, "        ." (OR)
        2. ''             ," speaker said to listener, "              .''

  1.   you she said are an inquisitive littel boy
  2.   yes maam i said you sure woulk
  3.   hell get them back she said you wait and see
  4.   ah replied the astrologer the climbing up was easy
  5.   you need better clothes she said because you go to school
  6.   if you dont want them i said give them to me
  7.   yes she said youre right
  8.   remember he said to them the four of you may be proficient each in your own subject
  9.   ghee he said to himself comes from cows milk
10.    earrings she said are a form of vanity we cant afford

PANCTUATION (Part - 2)



မူရင်းရေးသားသောဆရာအား အမည်မသိ၍ အမည်နှင့်တကွ Credit မပေးနိုင်ခြင်းကို အနူးအညွှတ်တောင်းပန်ပါသည်။ ဆရာ့အား CREDIT ပေးပါသည်ခင်ဗျား။
(c)    1.    speaker said, " Listener, ...................... ." (OR)
        2.    speaker said, " ........................, listener."

1.    he said mother your time to dream
2.    she cried out helen helen
3.    i said ok helen if this is what you want theres a word for it
4.    he said father i promise to work harder
5.    dad murmured jenny theyre beautiful
6.    yu yu said tu tu you are late class today
7.    marlar said thwe thwe i went shopping with my friend this morning and i met your              sister

(d)    1.    "listener,    ," speaker said./said speaker. (OR)
        2.    "    , listener," speaker said./ said speaker.

1.    jenny theyre beautiful murmured father
2.    mother its your time to dream i said
3.    ma ma i love you he whispered
4.    ok helen if this is what you want theres a word for it she said
5.    jenny theyre beautiful dad murmured
6.    miss sullivan your eyes look very tired she said
7.    nobody wears a pocket watch these days pa pa he explained
8.    you cant help me may lay replied mi mi

မေးခွန်းတို (၅) မှတ် - တောင်သူကြီး (ဖိုးသူတော်ဦးမင်း၊ ကုန်းဘောင်ခေတ်)

                                         တက္ကသိုလ်ဝင်တန်း မြန်မာစာ 
                         တောင်သူကြီး (ဖိုးသူတော်ဦးမင်း၊ ကုန်းဘောင်ခေတ်)
၁။ ဘကြီးတော်လက်ထက်၌ ဦးမင်းအမည်ခံစာဆိုဘယ်နှစ်ဦးပေါ်ပေါက်သနည်း။
- ဘကြီးတော်လက်ထက်၌ ဦးမင်းအမည်ခံစာဆို (၂) ဦးပေါ်ပေါက်သည်။
၂။ ဖိုးသူတော်ဦးမင်းအပြင် ဘယ်ဦးမင်းရှိသနည်း။
- ဖိုးသူတော်ဦးမင်းအပြင် လူဦးမင်းအမည်ခံ စာဆိုရှိသေးသည်။
၃။ ဖိုးသူတော်ဦးမင်း၏ ဇာတိကိုဖော်ပြပါ။
- ဖိုးသူတော်ဦးမင်း၏ ဇာတိမှာ မိတ္ထီလာမြို့အနီး ရေဝေရွာဇာတိဖြစ်သည်။
၎။ ဖိုးသူတော်ဦးမင်း ဒုံးချင်းနှင့်ပတ်သက်၍ မည်သို့ဆိုသနည်း။
- ဒုံးချင်းအရာတွင် ငါ့ကိုမယှဉ်ကြနှင့် ငါလူလွန်ပေလဟဲ့ ဟုဆိုသည်။
၅။ ဖိုးသူတော်ဦးမင်းသည် ဘကြီးတော်လက်ထက်၌မည်သည့်ရွာကို စားရသနည်း။
- ဖိုးသူတော်ဦးမင်းသည် ဘကြီးတော်လက်ထက်၌ ဆမွန်ကြီးခေါ် စာမှန်းကြီးရွာကိုစားရသည်။
၆။ ဒုံးဆိုသည်မှာ အဘယ်နည်း။
- သစ်တုံးထန်းတုံးစသည်တို့ကို အခေါင်းထွင်း၊ ယမ်းသွတ်၍ စနက်တံတပ်ကာမီးရှို့ပစ်လွှတ်ခြင်းကို ဒုံးလွှတ်သည်ဟုဆိုသည်။
၇။ ဒုံးလွှတ်ပုံဘယ်နှစ်မျိုးရှိသနည်း။
- အဝေးလွှတ်၊ အမြင့်လွှတ်ဟူ၍နှစ်မျိုးရှိသည်။
၈။ အဝေးလွှတ်ကိုမည်သို့၊ အမြင့်လွှတ်ကိုမည်သို့ ပြုကြသနည်း။
- အဝေးလွှတ်လိုသောအခါ ဘီးတပ်၍လွှတ်ရသည်။ အမြင့်လွှတ်လိုသောအခါငြမ်းဆင်၍ မိုးသို့ရွယ်ကာလွှတ်ရသည်။
၉။ ဒုံးစီးရုပ်ဆိုသည်မှာအဘယ်နည်း။
- လွှတ်မည့်ဒုံးပေါ်၌နှစ်သက်ရာ ဇီးကွက်ရုပ်၊ တောင်သူကြီးရုပ်စသည် ထားသည်ကို ဒုံးစီးရုပ်ဟုခေါ်သည်။
၁၀။ တောင်သူကြီးဒုံးချင်းကို မည်သည့်အတွက်ရေးသနည်း။
- အင်းဝမြို့ ဘကြီးတော်ဘုရားလက်ထက် အောင်မြေလောကဘုရားတပေါင်းလပွဲတော်တွင်သီဆိုရန် ဖိုးသူတော်ဦးမင်းရေးသည်။

မေးခွန်းတို (၅) မှတ် - ဝိဇ္ဇာသိပ္ပလူ့ကိစ္စ (အင်းဝခေတ်)

                                         တက္ကသိုလ်ဝင်တန်း မြန်မာစာ
                                        ဝိဇ္ဇာသိပ္ပလူ့ကိစ္စ (အင်းဝခေတ်)
၁။ ဝိဇ္ဇာသိပ္ပလူ့ကိစ္စကို မည်သူရေးသော မည်သည့်စာမှ ထုတ်နုတ်သနည်း။
-ဝိဇ္ဇာသိပ္ပလူ့ကိစ္စကို ရှင်မဟာရဋ္ဌသာရရေးသော ကိုးခန်းပျို့မှ ထုတ်နုတ်သည်။
၂။ ရှင်မဟာရဋ္ဌသာရ၏ ငယ်မည်ကိုဖော်ပြပါ။
- ငယ်မည်မှာ မောင်မောက်ဖြစ်သည်။
၃။ ရှင်မဟာရဋ္ဌသာရသည် ဘူရိဒတ်လင်္ကကို မည်သည့်အရွယ်မှာရေးသနည်း။
- ရှင်မဟာရဋ္ဌသာရသည် ဘူရိဒတ်လင်္ကကို အသက် ၁၆ နှစ်တွင်ရေးပါသည်။
၎။ မည်သူသည်း အင်းဝခေတ်ပျို့ ကဗျာလောကကို ဦးဆောင်ခဲ့သနည်း။
- ရှင်မဟာရဋ္ဌသာရသည် အင်းဝခေတ်ပျို့ ကဗျာလောကကို ဦးဆောင်ခဲ့သည်။
၅။ ရှင်မဟာရဋ္ဌသာရ၏ ပျို့များကို ဖော်ပြပါ။
- ရှင်မဟာရဋ္ဌသာရ၏ ပျို့များမှာ ဇာတ်ပေါင်းပျို့၊ ကိုးခန်းပျို့၊ ဂမ္ဘီသာရပျို့၊ သံဝရပျို့တို့ဖြစ်သည်။
၆။ ရှင်မဟာရဋ္ဌသာရ၏ နောက်ဆုံးပျို့ကိုဖော်ပြပါ။
- ရှင်မဟာရဋ္ဌသာရ၏ နောက်ဆုံးပျို့မှာ သံဝရပျို့ဖြစ်သည်။
၇။ ရှင်မဟာရဋ္ဌသာရ၏ မော်ကွန်းတစ်စောင်ကိုဖော်ပြပါ။
- ရှင်မဟာရဋ္ဌသာရ၏  မော်ကွန်းတစ်စောင်မှာ ပုံတောင်နိုင်မော်ကွန်း (သို့) တံတားဦးတည်မော်ကွန်းဖြစ်သည်။
၈။ ရှင်မဟာရဋ္ဌသာရသည် မည်သည့်တောလားကိုရေးသနည်း။
- ရှင်မဟာရဋ္ဌသာရသည် ရွှေစက်တော်သွားတောလားကိုရေးသည်။
၉။ ရှင်မဟာရဋ္ဌသာရသည် မည်သည့်အရွယ်၌ပျံတော်မူသနည်း။
- ရှင်မဟာရဋ္ဌသာရသည် သက်တော် ၆၂ နှစ်အရွယ်တွင် ပျံလွန်တော်မူသည်။
၁၀။ ကိုးခန်းပျို့သည် မည်သည့်ဇာတ်လာပျို့ဖြစ်သနည်း။
- ကိုးခန်းပျို့သည် ဟတ္ထိပါလာဇာတ်ကိုဖွဲ့သောပျို့ဖြစ်သည်။
၁၁။ အဘယ့်ကြောင့် စတုဓမ္မသာရပျို့ခေါ်သနည်း။
-ညီနောင်လေးပါးဟောကြားအပ်သော တရားအဆီအနှစ်နှင့် ပြည့်စုံသောကြောင့် စတုဓမ္မသာရပျို့ခေါ်သည်။
၁၂။ အဘယ့်ကြောင့်ကိုးခန်းပျို့ခေါ်သနည်း။
- အခန်းကိုးခန်းပါသောကြောင့် ကိုးခန်းပျို့ခေါ်သည်။

မေးခွန်းတို (၅) မှတ် - မြင်စိုင်းရွှေပြည် (ပင်းယခေတ်)

                                             တက္ကသိုလ်ဝင်တန်း မြန်မာစာ  
                                            မြင်စိုင်းရွှေပြည် (ပင်းယခေတ်)
၃။ (က) မေးခွန်းတို (၅-မှတ်)
၁။ မြင်စိုင်းရွှေပြည် သည် မည်သည့်ကဗျာမျိုးနည်း။
   မြင်စိုင်းရွှေပြည် ကဗျာသည် ကာချင်းကဗျာဖြစ်သည်။
၂။ မြင်စိုင်းရွှေပြည်ကို မည်သူရေးသနည်း။
   မြင်စိုင်းရွှေပြည်ကဗျာကို မြင်စိုင်းငါးစီးရှင်ကျော်စွာရေးသည်။
၃။ မည်သည့်မင်းလက်ထက်​၌ ပုဂံပြည်ပြိုကွဲသနည်း။
   နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်းလက်ထက်၌ ပုဂံပြည်ပြိုကွဲသည်။
၎။ ပုဂံပြည်ပြိုကွဲပြီးနောက် မည်သည့်ပြည်ငယ်များပေါ်ပေါက်သနည်း။
   မြင်စိုင်း၊ စကိုင်း၊ ပင်းယ ဟူသောပြည်ငယ်များပေါ်ပေါက်လာသည်။
၅။ ယင်းပြည်ငယ်များ၌ မည်သူတို့မင်းပြုကြသနည်း။
   ရှမ်းညီနောင်သုံးဦးတို့ အသီးသီးမင်းပြုကြသည်။
၆။ အဘယ့်ကြောင့်ငါးစီးရှင်ကျော်စွာ ခေါ်သနည်း။
   ဆင်ဖြူငါးစီးရသောကြောင့် ငါးစီးရှင်ကျော်စွာခေါ်သည်။
၇။ ပြာသိုလတွင်မည်သည့်ပွဲ ကျင်းပသနည်း။
   ပြာသိုလတွင် မြင်းခင်းသဘင်ပွဲကျင်းပသည်။
၈။ သီဟသူသည် ပင်းယကို မည်သည့်နှစ်မှာတည်သနည်း။
   သီဟသူသည် ပင်းယကို သက္ကရာဇ် ၆၇၄ တွင် တည်သည်။

Thursday, January 30, 2014

မေးခွန်း (၁) သဒ္ဒါ

                                          တက္ကသိုလ်ဝင်တန်းမြန်မာစာ
                                       မေးခွန်း (၁) သဒ္ဒါ
(က) အုတ်ခွက်စာ၊ ကျောက်စာ၊ မင်စာ၊ စဥ့်ကွင်းစာ၊ ပုံနှိပ်စာ၊ ပေစာ၊ ပုရပိုက်စာ၊ စကားသံဖြစ်အင်္ဂါ၊ ပယတ်၊ ဌာန်၊ ကရိုဏ်း၊ ခရာထောင့်၊ ခရာဝန်း၊ နာမ်၊ နာမ်စား၊ နာမ်၊ နာမ်စား၊ နာမဝိသေသန၊ ကြိယာ။
(ဂ) အလင်္ကာမေးခွန်း
ဝင်္ကဝုတ္တိအလင်္ကာ
ကဗျာ။ မြေနှင့်ရန်ဖက်၊ ဆောင်းစက်ရိပ်ခို၊ ယုဂန်ပိုင်၊ ထိမ်ကွန်းငယ်ခို၊ ဂုဏ်နံ့ကင်း၊ ပုံဖာမှောက်ဆင်၊ နှလုံးမခြား၊ သုံးဖော်ဆွေ၊ ခန္ဓာစဲ။
စကားပြေ။ ကံကွက်ကျား၊ မုန်းပင်စိုက်ပျိုး၊ မျက်မုန်းကျိုး၊ ဓားလွယ်ခုတ်၊ လူစားတဲ့ဓား၊ ထမင်းစားရေသောက်၊ ဝါကျလက်သမား၊ ရင်ဘတ်စည်တီး၊ ပါးပြောင်၊ နေမင်းကြီး၏ရှေ့တော်ပြေး၊ ဗာရာမင်းလည်ဆွဲ။
ရေသည်ပြဇာတ်။ ကံမျက်စိလည်၊ အစိမ်းဖမ်း၊ ဘီလူးတွေ့၊ အူကိုလေပင့်၊ မဂ်ငြမ်းထူ၊ သံသာကမ်းရပ်၊ မေခင့်လည်ဆွဲ၊ ပဆစ်အိမ်၊ ဆန်အိုတာ၊ ညလူ၊ ရွက်အုပ်သီးပူ၊ မင်းတံဆိပ်ခတ်၊ ဂျင်ပဲ့ချင်းပေါက်၊ ဖွတ်မင်းနောင်၊ ချိုးကပ်လို့စွဲ၊ ဇမ္ဗူလုံ့းထီး။
ဥပမာအလင်္ကာ
ကဗျာ
။ နတ်စည်းစိမ်သို့၊ မိုးလုံးသို့၊ ကိန္နရီကသည့်နှယ်၊ ရွှေစင်သွန်းသို့၊ ဆင်ကန်းတိုးသို့၊ ခံတွင်းမဲ့သို့၊ ကျွဲခတ်သည့်ဟန်။
စကားပြေ။ ပွဲသဘင်ကဲ့သို့၊ ရင်နှစ်သားကဲ့သို့၊ ရန်ဖက်ချင်းကဲ့သို့၊ ငှက်ပျံသလို၊ ကျူငွေတုံးအလား၊ ငှက်ဆိုးသံကဲ့သို့၊ ရွှေကွန်ရက်နှင့်တူ၊ ရွှေလည်ရွဲကဲ့သို့၊ ရွှေတောင်ကြီးပြိုသကဲ့သို့၊ ငွေတောင်ကြီးအဟန်။
ရေသည်ပြဇာတ်။ ထီးလိုအုပ်၊ အရပ်မှုဆော်သလို၊ မီးနှင့်အတူ၊ ဆေးမပြတ်သည့်နှယ်၊ ရွှေချသလို၊ ကြက်မခွပ်သလို၊ အသက်အသွင်၊ ရွှေချသလို။
မြည်သံစွဲအလင်္ကာ
မိုးခတ်အုန်း၊ ရွှေဘုတ်ကယ်အီ၊ လှိုင်းဘောင်ဘင်ဝေ၊ ဗြောတဗြုန်းဗြုန်း၊ ဒေါင်းကအိုးဝေ၊ ဗုန်းဗုန်းမြေသို့ကျ၊ တကျွီကျွီ၊ ဝုန်းခနဲ၊ ချလွမ်၊ ဝါးခနဲ၊ တအုန်းအုန်း၊ နောင်နောင်။
အတိသယဝုတ္တိအလင်္ကာ
ခက်ရင်းစွယ်စုံစိန်တောင်ကြီး၊ သွေးချောင်းကျလျက်၊ ဆံထုံးတော်ကြီးတမာသီး၊ ပြာတောင်ကြီးပေါက်၊ ရင်ကွဲလုမျှ၊ ဖြုတ်မျက်လုံးလောက်၊ တောင်နှယ်ပုံ၊ မြူဆံလောက်သေး၊ သွေးလန့်လို့ခုန်။